သားရွှေဦး (ကစ္ဆပ)
မောင်တောမြို့နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် လုံခြုံရေး တာဝန်ယူနေသည့် ရဲတပ်ဖွဲ့များ
တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေမဲ့ ဆူပူအကြမ်းဖက်မှုများကို ကာကွယ်ရန် ရခိုင်ပြည်နယ်တွင် ရဲအရာရှိ ၅၁၃ ဦး၊ အခြားအဆင့် ၃၇၆၇ ဦးတို့ဖြင့် လုံခြုံရေး ဆောင်ရွက်ထားကြောင်း သိရသည်။
တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေမဲ့ ဆူပူအကြမ်းဖက်မှုများကို ကာကွယ်ရန် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ကွပ်ကဲမှုအောက်ရှိ နယ်မြေခံ ရဲအရာရှိ ၃၃၉ ဦး၊ အခြားအဆင့် ၂၁၈၄ ဦးနှင့် ရဲတပ်ဖွဲ့ ၄၊ ၆၊ ၁၃ ကွက်ကဲမှုအောက် ရဲတပ်ရင်းလေးခုမှ ရဲအရာရှိ ၁၇၄ ဦး၊ အခြားအဆင့် ၁၅၈၃ တို့ဖြင့် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ သံတွဲ၊ ကျောက်ဖြူ စသည့်မြို့များတွင် လုံခြုံရေးဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ကျင်းပဆဲ ရခိုင်အမျိုးသား ညီလာခံတွင် ပြောကြားသည်။
ယင်းအပြင် မောင်တောနှင့် ဘူးသီးတောင်မြို့တို့တွင် နယ်ခြားဒေသ အုပ်ချုပ်မှု အာဏာသက်ရောက်မှု ရှိစေရန် ရည်ရွယ်ချက်ဖြင့် နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်ရန် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနက ယခုနှစ် မတ် ၈ ရက်တွင် ဖွဲ့စည်းပေးခဲ့ပြီး ယင်းနယ်ခြားစောင့်တပ်ဖွဲ့အောက်တွင် နယ်ခြားစောင့်ရဲတပ်ရင်း လေးခုကို တိုးချဲ့ဖွဲ့စည်းထားကြောင်းလည်း သိရသည်။
ဘင်္ဂါလီလူဦးရေ ရာခိုင်နှုန်း ၈၀ အထက်တွင်ရှိသည့် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် လူဦးရေ အချိုးအစားနှင့် ကိုက်ညီသည့် လုံခြုံရေးလိုအပ်ချက် ရှိနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်တိုင် ဘင်္ဂါလီများ တိုက်ခိုက်ခံနေရမှုမှာ ရခိုင်တိုင်းရင်းသား ဒေသခံများကို မိမိတို့ဒေသမှ အပြီးအပိုင် စွန့်ခွာစေသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်စေကြောင်း ဘူးသီးတောင်မြို့ခံ ဦးထွန်းအောင်သိန်းက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသည့် ရခိုင်နယ်စပ်တွင် ပြည်သူ့စစ် ဖွဲ့စည်းပေးရန်အတွက် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ရခိုင်လူထု ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ရန်ကုန်တွင် တွေ့ဆုံခဲ့ကြရာတွင်လည်း ရခိုင်လူထု ကိုယ်စားလှယ်များက တောင်းဆိုခဲ့သည်။
- See more at: http://news-eleven.com/
Home
ရခိုင်သတင်း
သတင်း
တရားဥပဒေ စိုးမိုးရေးနှင့် ဥပဒေမဲ့ ဆူပူအကြမ်းဖက်မှုများကို ကာကွယ်ရန် ရခိုင်ပြည်နယ်တွင် ရဲအရာရှိ ၅၀၀ ကျော်နှင့် အခြားအဆင့် ၃၇၀၀ ကျော် လုံခြုံရေး ဆောင်ရွက်ထား
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။