မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲများ ရှုံးနိမ့်နေကြောင်း နိုဗယ်ဆုရှင်များ သတိပေး

 
ဧပြီ ၂၉ ရက်က အာဖဂန်အရှေ့ပိုင်း ကိုနာပြည်နယ်တွင် ဘိန်းခင်းများကို ဖျက်ဆီးနေသော အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး (Photo:AFP)

ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲများသည် ဆိုးရွားစွာ ရှုံးနိမ့်နေပြီး ကမ္ဘာ့ခေါင်းဆောင်များသည် ၎င်းတို့၏ ချဉ်းကပ်မှုကို ပြန်လည်စဉ်းစားသင့်ကြောင်း ဘောဂဗေဒဆိုင်ရာ နိုဗယ်ဆုရှင် ငါးဦး၊ ဗြိတိန်ဒုတိယ၀န်ကြီးချုပ်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းတစ်ဦးတို့ ပါဝင်သော အဖွဲ့တစ်ဖွဲ့က မေ ၆ ရက်တွင် သတိပေးခဲ့သည်။

London School of  Economics(LSE) က မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲများ အဆုံးသတ်ခြင်း အမည်ရ ပညာရပ်ဆိုင်ရာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး အာဖဂန်၊ လက်တင်အမေရိကနှင့် အခြားဒေသများတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို ထောက်ပြပြီး ချဉ်းကပ်မှု နည်းလမ်းသစ် လိုအပ်နေကြောင်း သတိပေးခဲ့သည်။

စစ်ရေးနှင့် လုံခြုံရေး ဦးစားပေးသော မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲမဟာဗျူဟာသည် ကြီးမားသော အနုတ်သဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်စေပြီး သာမန်ပြည်သူများနှင့် အိုးအိမ်စည်းစိမ်များကို ထိခိုက်ပျက်စီးစေခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မူးယစ်ဆေးဝါးကို ဥပဒေဖြင့် တရားဝင်ဖြစ်စေရန် စမ်းသပ်ခြင်း၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို အဓိကထားခြင်း၊ တရားမ၀င် မူးယစ်ဆေးဝါး ကုန်သွယ်မှု၏ သက်ရောက်မှုကို လျှော့ချခြင်း စသည်တို့သည် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာတွင် အဓိကကျသော နည်းလမ်းများဖြစ်ကြောင်း ယင်းအစီရင်ခံစာက ဖော်ပြခဲ့သည်။

အဆိုပါ အစီရင်ခံစာကို အမေရိကန်သမ္မတဟောင်း ရော်နယ်ရီဂင်လက်ထက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သော ဂျော့ရှု၊ ဗြိတိန်ဒုတိယ၀န်ကြီးချုပ် နစ်ကလက်၊ နေတိုးနှင့် ဥရောပသမဂ္ဂ ပြည်ပရေးရာ အကြီးအကဲဟောင်း ဂျာဗီရာဆိုလာနာတို့က လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် ၁၉၇၂ ခုနှစ်တွင် ဘောဂဗေဒဆိုင်ရာ နိုဗယ်ဆုရရှိခဲ့သည့် ကင်နက်အဲရိုး၊ ၂၀၁၀ ပြည့်နှစ်တွင် ဘောဂဗေဒဆိုင်ရာ နိုဗယ်ဆုရရှိခဲ့သော ခရစ်စတိုဖာပစ်ဆာရိုက်၊ ၂၀၀၅ ခုနှစ် ဘောဂဗေဒဆိုင်ရာနိုဗယ်ဆုရှင် သောမက်ရှီလင်း၊ ၂၀၀၂ ခုနှစ် ဘောဂဗေဒဆိုင်ရာ နိုဗယ်ဆုရှင် ဗာနော်စမစ်နှင့် ၂၀၀၉ ခုနှစ် ဘောဂဗေဒဆိုင်ရာ နိုဗယ်ဆုရှင် အိုလီဗာဝီလျံဆန်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

Ref:AFP
- See more at: http://news-eleven.com
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။