သန်းခေါင်စာရင်းကောက်ယူမှု နှင့် ပတ်သက်၍ RNDP ပါတီ၏ သဘောထားထုတ်ပြန်ချက်

သန်းခေါင်စာရင်းကောက်ယူမှု နှင့် ပတ်သက်၍ RNDP ပါတီ၏ သဘောထားထုတ်ပြန်ချက်
------------------------------------------------------------
သဘောထား ထုတ်ပြန်ချက်အမှတ် (၂/၂၀၁၄)

နေ့စွဲ - ၀၄ မတ်လ ၂၀၁၄

လာမည့် ဧပြီလ မြန်မာတစ်နိုင်ငံလုံး လူဦးရေသန်းခေါင်စာရင်း ကောက်ယူရာ၌ အခြေခံအားနည်းချက်များ ရှိနေသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အချာအာဏာကို ကြီးစွာ ထိခိုက်စေနိုင်သည့် သန်းခေါင်စာရင်း ကောက်ယူသည့်စနစ် ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။
လူ့အခွင့်အရေးဦးစားပေး သန်းခေါင်စာရင်းကောက်ရန် နိုင်ငံတကာထောက်ပံ့ငွေကို လက်ခံပြီး ခိုးဝင်ဘင်္ဂါလီများအား လူဦးရေစာရင်းကောက်ယူခြင်းမှာ နိုင်ငံတကာနှင့် ပြေလည်ရေးကို ဦးစားပေးသော အစီအစဉ်သာဖြစ်သဖြင့် ဒို့တာဝန် အရေးသုံးပါးကို မျက်ကွယ်ပြုရာရောက်ပါသည်။

အတိတ်ကာလမှ နိုင်ငံတကာနှင့် ပြေလည်ရေး နိုင်ငံဘဏ္ဍာငွေ မသုံးစွဲရရေးကို ဦးစားပေး၍ ပေါ့ပေါ့တန်တန် ဖြေရှင်းခဲ့မှုများကြောင့် တရားမ၀င် လူဦးရေဖောင်းပွမှုဒဏ်နှင့် လူမျိုးအတုအမည် ဖန်တီးမှု ဆိုးကျိုးကို ၂၀၁၂-ခုနှစ်တွင် ရခိုင်လူမျိုးများ ခါးစည်း၍ ခံခဲ့ပြီးဖြစ်သည်။

ထို သန်းခေါင်စာရင်းကောက်ယူခြင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ လူဦးရေ စာရင်းဇယား အတိအကျ ရရှိရေးကိုသာ ရည်ရွယ်သည် ဟု ဆိုစေကာမူ “အခြား” ဆိုသည့် ဇယားကွက်လပ်၌ လူ့အခွင့်အရေးအရ မိမိကြိုက်နှစ်သက်ရာ ထည့်သွင်းနိုင်သည် ဟု ဆိုခြင်းနှင့် ပတ်သက်၍ နောက်နောင် မလိုလားအပ်သည့် ပဋိပက္ခများ ပေါ်ပေါက်လာနိုင်သည့်အတွက် သန်းခေါင်စာရင်းကောက်ယူခြင်းအပေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ သဘောထားကို အောက်ပါအတိုင်း ထုတ်ပြန်သည်။

၁။ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီများအား သန်းခေါင်စာရင်းကောက်ယူရာတွင် “အခြား” ဆိုသည့် ကွက်လပ်ဇယား နေရာ၌ “ဘင်္ဂါလီ” ဟုသာ ထည့်သွင်းရမည် (သို့မဟုတ်) ကုဒ်နံပါတ်တစ်ခုခုကို တိတိကျကျ သတ်မှတ်ပေးရမည် ဖြစ်သည်။ “ရိုဟင်ဂျာ” ဆိုသော လူမျိုးလိမ်နာမည်ကို (လုံးဝ) သုံးခွင့်မပြုရန် တောင်းဆိုသည်။

၂။ ရခိုင်ပြည်နယ် (၁၀) မြို့နယ်အတွင်းရှိ ဘင်္ဂါလီများအားစာရင်းကောက်ယူရန် ဘင်္ဂါလီလူမျိုး စာရင်းကောက် စာရင်းစစ် (၁၃၀၂) ဦးကို လက်သိပ်ထိုး တာဝန်ပေးထားသည် ဟု သိရှိရသည်။ ထိုကဲ့သို့ နိုင်ငံသားဖြစ်မှု/မဖြစ်မှု မသေချာသူများက ကောက်ယူပြုစုပေးသည့် ဘင်္ဂါလီ လူဦးရေစာရင်းကို RNDP ပါတီက လုံးဝ အသိအမှတ်ပြုလိမ့်မည် မဟုတ်။

၃။ ခိုးဝင်ဘင်္ဂါလီများနှင့် ပတ်သက်၍ နိုင်ငံတော်က လုပ်ဆောင်ရမည့် တာဝန်မှာ၊ ရခိုင်ပြည်သူများ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးက တောင်းဆို ထားကြသည့် အတိုင်း၊ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဖြစ်ခွင့်ဥပဒေ နှင့် စစ်ဆေးပြီး နိုင်ငံသားဖြစ်ခွင့်မရှိသူများကို တိတိကျကျ အရေးယူရန် ဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်အရေးယူရန် အလေးအနက် တိုက်တွန်းသည်။

၎။ ဤကဲ့သို့ လက်မခံနိုင်သည့် နည်းစနစ်များဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို RNDP ပါတီက ကန့်ကွက်သည်။ လိုအပ်သည်များကို အချိန်မီ ပြန်လည်ဖြည့်စွက် ပြင်ဆင်ပေးရန် RNDP ပါတီက အလေးအနက် တောင်းဆိုသည်။

ဗဟိုအလုပ်အမှုဆောင် ကော်မီတီ
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ

Coral Arakan News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။