ဖဆပလ နှင့် ရက္ခိုင်ပြည် အကြောင်း တစေ့တစောင်း
ခိုင်အောင်ထွန်း (ရက္ခိုင် ပြည်)
ကျွန်ပ်တို့  ဤ ကမ္ဘာပေါ်တွင် လူသားအားလုံး၏ အခွင့်အရေး များကို တန်ဖိုးထား လေးစားတက်ရန်မှာ မည်မျှ အရေးကြီးကြောင်းထင် ဟပ်နေလျှက်ရှိပါသည်၊၊ ရက္ခိုင်ပြည်သည် လည်း လွတ်လပ်စွာ အခြေအနေ အမျိုးမျိုးကို တင်ပြထုတ်ဖော် ရေးသားခွင့် မရှိသည်မှာ နှစ်ပေါင်းရာ နှင့်ချီ ကျော်လာခဲ့ပြီ ဖြစ်ပါသည်၊၊ ထို့ ကြောင့် ရက္ခိုင် ပြည် ၏ အဖြစ်မှန်များကို ရက္ခိုင် ပြည်သူ နှင့် အာရှ တခွင် ၊ကမ္ဘာပြည် သူများလည်း အာရုံစူးစိုက်မူ မရှိနိုင်အောင် နည်းအမျိုးမျိုး ဖြင့် သမိုင်းကို လိမ်ရန်၊ ညဏ်နီ ညဏ်နက် ထုတ်နေသည်မှာ ဗမာ့ အာဏာရှင် အဆက်အဆက် နှင့် ၎င်းတို့ ၏ အလိုတူ များပင်ဖြစ်ပေသည်၊၊ 
ရက္ခိုင် ပြည်သည် အရှေ့တောင်အာရှမှ သီးခြားလွတ်လပ်သော နိုင်ငံတနိုင်ငံ ဖြစ်သည်ကို ရက္ခိုင် ပြည်သူ၊ မြန်မာ(ဗမာ)ပြည်သူ နှင့် အာရှတခွင်တွင် မဲမှိန်ပြီး လူသိနည်းပါးလှပါသည်၊၊ ဤသို့ ဖြစ်ရခြင်းသည် ၊ အတ္တ၀ါဒီ မျိုးပျောက် စီမံကိန်းသမား မဟာဗမာ တို့ အုပ်ချူပ်မူ ယန္တရား အောက်မှာ ကျရောက်သွားခြင်းကြောင့်ဖြစ်သည် ကို ကမ္တာနှင့် အာရှ သမိုင်း သုတေသီ များက လက်ခံလျှက် ရှိကြပါသည်၊၊ ရက္ခိုင် ပြည်သည် အရှေ့တောင် အာရှတွင် (၁၆)ရာစု နှင့်(၁၇) ရာစု တွင် နိုင်ငံရေး စီးပွားရေး ဘက်တွင် အလွန်မှ ထင်ရှားခဲ့သော နိုင်ငံတနိုင်ငံ ဖြစ်ပေသည်၊၊ ရက္ခိုင် ဘုရင့် နိုင်တော်သည် (၁၇၈၄)မှာ ဗမာတို့ က မတရားသိမ်းပိုက်လိုက်ပြီး (၁၈၂၄) ထိ ဗမာကိုလိုနီ အဖြစ်ခံရပြီး ၊ အင်္ဂလိပ် လက်အောက်တွင် (၁၈၂၄-၁၉၄၂) ထိ ၊ဂျပန်လက်အောက်တွင် (၁၉၄၅-၁၉၄၈)ထိ ရက္ခိုင် ပြည်သူလူထု သည် အမျိုးသားလွတ်မြောက်ရေး အတွက် အသက်ပေါင်းမြောက် များစွာ စတေးခံပေးဆပ် ခဲ့ပြီး ဒုက္ခပေါင်းမြောက်မြားစွာဖြင့် အမျိုးသား လွတ်မြောက်ရန် အတွက် တော်လှန်တိုက်ပွဲ ၀င်ခဲ့ကြပေသည်၊၊ သို့ သော် မိမိတို့ လူမျိုးတို့ ၏ စည်းလုံးမူ နည်းပါးခြင်းက တကြောင်း အင်္ဂလိပ် လက်ထက် တခဏ အတွင်း၌ ရာထူးမက်မော၍ မိမိလူမျိုးအတွက် အခွင့်အရေးများကို မကြိုးစားခဲ့ခြင်းက တကြောင်းဟု ကောက်ချ ချနိုင်ပေသည်၊၊ ဤ အမှားများကြောင့် ရက္ခိုင် ပြည်သူတို့ သည် ယနေ့တိုင်ပင် ကိုလိုန်ီ ကျွန်ဘ၀ဖြင့် အရုပ်ဆိုး အကျဉ်းတန်စွာ တည်ရှိနေလျှက် ရှိပေသည်၊၊ 
ရက္ခိုင် တော်လှန်ရေး ခေါင်းဆောင်များသည် (၁၉၄၅-၄၇) ခုများ အတွင်းက ရက္ခိုင် ပြည် အညှင်းဆဲခံ လူထုကြီး များအတွက် အမျိုးသားလွတ်မြောက် ရေးကို မိမိတို့ ၏ အသက် စည်းဇိမ်ကို ပမာ မထားတိုက်ပွဲ ၀င်လာခဲ့သည်၊၊ (၁၉၄၄) ခုနှစ်ကပင် ဖက် ဆစ်ဂျပန်အား ညီညွတ်စည်းရုံးနေသော ရက္ခိုင် ပြည် သူများက တော်လှန် မောင်းထုတ်နိုင်ခဲ့သည်၊၊ သို့ သော် (၁၉၄၅)ခုနှစ် ဇန္န၀ါရီလ ပထမပတ်တွင် ရက္ခိုင် ပြည်၏ မြို့ တော် စစ်တွေမြို့ ကို ဗြိတိသျှတို့ အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်၊၊ 
ရက္ခိုင် ခေါင်းဆောင်များသည် ဖက်ဆစ်ဂျပန်ကို တိုက်ခိုက် ကတည်းက ဖဆပလ အစိုးရ ခေါင်းဆောင် ဗိုလ်ချူပ်အောင်ဆန်း နှင့် တွေ့ ရန်အတွက် ရန်ကုန် ကို ရောက်၇ှိခဲ့ပါသည်၊၊ (၁၉၄၄) ခုနှစ် ဒီဇင်ဘာလ မှ စပြီး လက်နက်စွဲကိုင် တော်လှန်ခဲ့စဉ်က ရက္ခိုင် အမျိုးသားတွေ ဖက်ဆစ်ဂျပန်ကို ထချ ကြပြီဟု ပြည်သူလူထုတရပ်လုံးက အုတ်အုတ်သောင်းသောင်း သြဘာပေးခံကြရပါသည်၊။ ထိုအချိန်အတွင်း ရက္ခိုင် ပြည်တွင်း သွေးများချောင်းစီးနေရပြီး၊၊ ရက္ခိုင် ပြည်အတွင်း သေကြေ ပျက်စီးနေသည်ကို မြင်တွေ့ နေရစဉ် ဗမာဝါဒီ သခင်သန်းထွန်က ရက္ခိုင် ပြည်သူ ခေါင်းဆောင်များကို သူလျှို စွပ်စွဲခဲ့သည်၊၊ ၎င်း စွပ်စွဲခြင်းသည် အပြုသဘော မဆောင်သော ကောက်ကျစ်ခြင်း လုပ်ရပ်သာ ဖြစ်သည်၊၊ ဤကဲ့သို့  ပြောဆို ခြင်းကို ဘုံပေါက်သာကျော်သည် နိုင်ငံေ၇း အဘိဓမ္မာ နိင်ငံရေး သဘော တရားများ ကိုပေးလျှင် ပြောလျှင် တုတ်တုတ်မျှ မလူပ်ဘဲ စွဲမြဲစွာ နားစိုက် နာယူတတ်သော အလေ့အထ ၇ှိသူ ဖြစ်သည်၊၊ သို့ သော် နိုင်ငံရေး အဘိဓမ္မာ နိင်ငံရေး သဘောတရား ရေးရာတွင် မှားသည်ဟုယူ ဆလျှင်လည်းခေါင်းငုံမခံတက် ပြန်ပြောတတ်သော အကျင့်၇ှိသဖြင့် ဂျပန် သူလျှိုဟု စွပ်စွဲချက် သခင် သန်းထွန်း၏ နိုင်ငံရေးကောက်ချက် ကို ဆန့် ကျင်လို သဖြင့် ဆိတ်ငြိမ်စွာ မနေနိုင်တော့ဘဲ ဗြိတိသျှကို တပြည်လုံး အတိုင်းတာဖြင့် တိုက်ဖျက်ခြင်းကို သာ လိုလားကြောင်း သူတလူ ငါက မင်းတိုက်ခိုက်ခြင်း မျိုးမဖြစ်ရအောင် ထိမ်းသိမ်းထားကြောင်းတို့ ကို ဘုံပေါက်သာကျော် က သခင်သန်းထွန်းအား ရှင်းလင်းပြောပြခဲ့သည်၊၊ သို့ သော် သခင်သန်းထွန်းက လက်နက်ကိုင်တိုက်ရန် မလို တော့ကြောင်းကို ထပ်၇ှင်းပြကာ အကောက်ကြံ၍ ဗြိတိသျှ စစ်တပ်ထံ အကြွင်းမဲ့ လက်နက် အပ်ေ၇းကို ကြောဖိ ၊ရင်ဖိ ထပ်လောင်း တိုက်တွန်းသည်၊၊ ဘုံပေါက်သာကျော် က ဤသို့ ထပ်ပြောပြန်သည်၊၊ ကြိုးမိန့် ၊ထပ်ကွမ်း ခံနေရသူများ ထောင်ကျ ခံနေရသူများ လွတ်လျင် ဂျပန်ငွေစ က္ကူများ တရားမ၀င်ဖြစ်သွား၍ ပေးစရာ ငွေမရှိသော လယ်သမားများ အားငွေညစ်ယူခြင်း ၊ရွာများကို မီးရိုးခြင်းနှင့် လုယက် မုဒိမ်းကျင့်ခြင်းများ ကိုတားဆီးလျှင် ရက္ခိုင် ပြည် အားလက်နက် ကိုင် တော်လှန်ရန်မှ တပါး အခြားမရှိပါဟု ပြန်ပြောခဲ့သည်၊၊ သခင်သန်းထွန်းက ဗြိတိသျှ မဟာမိတ်များနှင့် ဖြေရှင်းယူမည် ဟု မစဉ်းစားဘဲ ခပ် လွယ်လွယ် ခပ်လုံးလုံး အဖြေ ပေးခဲ့သည် ဟု သိရသည်၊၊ 
ထို့ အပြင် ခင်ဗျားတို့ လက်နက်တွေ ဘယ်မှာ ထားသလဲဟု လေ သံခပ်မာမာ နှင့်မေးခဲ့သည် ဟုသိရပြန်သည်၊၊ ဗြိတိသျှနယ်ချဲ့ တို့ ကို တော်လှန်တိုက်ထုတ်နေသော မဟာမိတ် များ အချင်းချင်း ထိုသို့ ပြောကြားခြင်းသည် ၊ရက္ခိုင် အမျိုးသား များ အပေါ်မှာ မရိုးသားမူကို ဗူးပေါ်သကဲ့သို့ ထိမ်းမရ သိမ်းမရ အောင် ထပ် ဟပ် ပေါ်လွင်ခဲ့ပေသည်၊၊ လက်နက်တွေ ဘယ်မှာ ၀ှက်ထားသလဲဟု မေးမြန်ခဲ့ပြန်သေးသည်၊၊ ဘုံပေါက်သာကျော်ကလည်း မြေကြီး ထဲမှာ ၀ှက်ထားသည် ဟု ပြန်ပြောခဲ့လေသည်၊၊ ဤသို့ ဆိုလျှင် လက်နက်များဆွေးကုန် မည်ဟု သခင်သန်းထွန်းက လက်နက်များကို ပြန်အပ်ခိုင်းသည်၊၊ ဘုံပေါက်သာကျော် ကလည်း ပါးနပ်စွာဖြင့် ကျနော်တို့  တပတ်မှာ တခါလောက် သန့်ရှင်းထားပါသည် မဆွေးရပါ ဟု ပြန်ပြောခဲ့ပါသည်၊၊ လွတ်လပ်ရေး ရပြီးလျင် ဤသေနတ်များကို မည်သို့ လုပ်မည်နည်းဟု မေးမြန်ပြန်သည်၊၊ သခင်သန်းထွန်း၏ စကားသည် အနှောင့်အဘွား မလွတ် ရက္ခိုင်ပြည် လွတ်လပ်ရေးကို ပြန်လည် တိုက်ခိုက်ရန် ကြောက်ရွံ့ သူရဲဘောကြောင် သံသယ ရှိသည်ကို ပြောဆိုလာသဖြင့် ဘုံပေါက်သာကျော် သည် သူ့ စကားကို မနှစ်မြို့သောကြောင့် သူ့ အိမ်မှ ချက်ချင်း ထွက်လာခဲ့သည်။ ထို့ ကြောင့် ဘုံပေါက်သာကျော်သည် သခင်သန်းထွန်းကို ထို အချိန်မှ စ၍ မတွေ့ ချင်အောင် ရင်ထဲတွင် ကျန်ရစ်ခဲ့လေသည်၊၊ 
ဖဆပလ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်မြ တို့ သည် ရက္ခိုင် ပြည်သို့ ရောက်ရှိလာ၍ ဘုံပေါက် သာကျော်၊ ဆရာတော် ဦးစန္တာ တို့ နှင့် လည်းတွေ့ ဆုံခဲ့သည်၊၊မြေအောက်တော်လှန်ေ၇း တပ်ဖွဲ့ များဖွဲ့ စည်းခြင်း ၊အာဏာနီ နယ်များ ထူထောင်လျှက်၇ှိခြင်း စသည်ဖြင့် ပြုလုပ်ခဲ့သည်၊၊ နောက် ဆ၇ာတော်နှင့် တကွ တောခို ၀ရမ်းပြေးနေကြသော နိုင်ငံေ၇းသမားများ လွတ်လပ်ေ၇း ကိစ္စကိုလည်း ဆွေးနွေးကြသည်၊၊ အမျိုးသားတော်လှန်ရေးကို အနုနည်းလမ်းဖြင့် ဖြစ်စေ၊ အကြမ်းနည်းလမ်းဖြင့်ဖြစ်စေ သင့်လျှော်သလို တော်လှန်သွား၇န် လည်းဆုံးဖြတ်ခဲ့ကြသည်၊၊ ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း နှင့်အဖွဲ့ သည် (၁၉၄၆)ခုနှစ် မတ်လ (၁) ရက်နေ့ တွင် စစ်တွေ မြို့ နှင့် (၆) မိုင်ခန့် ဝေးသော ကြက်ကိုင်းတန်တွင် အမျိုးသားလွတ်လပ်ရေး နိုင်ငံေ၇း တရားပွဲကို ကျင်းပသည်၊၊ ပြည်သူလူထု နှစ်သောင်းကျော် တက်ရောက်ခဲ့သည်၊၊ ဦးပညာသီဟ သဘာပတိ အဖြစ်ဆောင်ရွက် သည်၊၊ အသျှင်မှ ဗြိတိသျှ တို့ ၏ ညှင်းဆဲမူများကို ပြတ်ပြတ်သားသားဖြင့် အဖွင့်အမှာ စကားမြွတ်ကြားခဲ့လေသည် ၊။ ဗိုလ်ချူပ်အောင်ဆန်းနှင့် သခင်မြတို့ ကလည်း နိုင်ငံတကာ ရေးရာနှင့် အမျိုးသားလွတ်မြောက်ရေး တို့ ကို ဟောပြောခဲ့ပါသည်၊၊ ဗိုလ်ချူပ်အောင်ဆန်း တို့ သည်လည်း အမျိုးသားလွတ်မြောက်ရေးကို ရတဲ့နည်းဖြင့် လွတ်လပ်ေ၇း ကို ရသလို အရ ယူမည်ကို ဗိုလ်ချူပ်အောင်ဆန်း တို့ အားတက်ဖွယ်ရာ ပြောသွားခဲ့ကြသည်၊၊ အထူးသဖြင့် ဗြိတိသျှ ဘုရင်ခံ ဒေါမန်စမတ် အတိုင်းပင်ခံအစိုးရ အဖွဲ့ တွင် ခေါင်းဆောင် နေသော (ဆာပေါါ်ထွန်း နှင့်ဆာထွန်းအောင်ကျော်) တို့ မှာ ရက္ခိုင်အမျိုးသားများ ဖြစ်နေကြသည်၊၊ ထို့ ကြောင့် အမျိုးသားလွတ်မြောက်ရေး တွင်တိုင်းရင်းသား လူမျိုးပေါင်းစုံ ညီညွတ်ရေးကို အခြေခံထားပြီး ပြောကြားရာမှာ လွတ်လပ်ရေးရ လျှင် တိုင်းရင်းသား လူမျိုးတမျိုး က အခြားလူမျိုးကို ခြယ်လှယ်သွေးစုတ်ခြင်း မရှိဘဲ ဗမာတကျပ် ရက္ခိုင် တကျပ် ဖြစ်စေရမည်ကို အသေးစိတ် ဟောပြော၍ ရဲ့ ဝံ့ ပြတ်သားစွာ ကတိပေးခဲ့သည်၊၊ သို့ သော် ဗမာ အုပ်ချူပ်သူ လူတန်းစား အဆင့်ဆင့်သ ည်ကား စကားလုံး အကောင်းဆုံးများ များကိုေ၇ွးထုတ်၍ လူမျိုး တိုင်းကို ချွေးသိပ် စေပြီး လက်တွေ့ မှာတော့ သူတို့ ၏ စကားများသည် ယနေ့တိုင်ကတိ ပျက်နေသည် ကိုသာ ပေါ်လွင်ထင်ရှားစေခဲ့ပေသည်၊၊ 
ကြာအင်းတောင်ရွာကို မီးရိုး လုယက် မုဒိမ်းကျင့် ခံရမူနှင့် ပတ်သက်၍ ဘုံပေါက်သာကျော် ၊ကိုကျော်စိန်လှ တို့ ရန်ကုန်ကို သွား၍ ဖဆပလ အမူဆောင်ကောင်စီဖြစ်သော အထွေထွေ အတွင်းရေးမူး ဦးဘဆွေ ပြည်ထဲရေး ၀န်ကြီး သခင်မြတို့ နှင့် သွားတွေ့ သည်၊၊ ကြာအင်းတောင်၇ွာ မီး၇ို လုယက်၊ မုဒိမ်းကျင့်မူခံရခြင်းနှင့် မီး၇ိုကြသော ဗြိတိသျှ စစ်ဘက်နှင့် မြို့ ပြဘက် အရာရှိများက ဗိုလ်ချူပ်အောင်ဆန်း တို့ ဖဆပလ မှ မီးရိုးခိုင်း၍ မီးရိုးရခြင်း ဟု သူတို့ မှ ပြောကြားသည်ကို ဘုံပေါက်သာကျော် တို့မှ ပြောကြား တင်ပြရာ ဗိုလ်ချုပ်အောင်ဆန်းက သူမဟုတ်ရပါကြောင်း ငြင်းဆန်မူပြုလုပ် ခဲ့သည်၊၊ ဆရာတော် ဦးစိန္တာ အားလက်နက် မချရဘဲ ၀ရမ်းရုပ်သိမ်းရေး ကိစ္စကိုလည်း သူတို့ နှစ်ယောက် တောင်းဆိုခဲ့သည်၊၊ 
ဆရာတော် လွတ်မြောက်ရေးအတွက် သခင်မြအိမ်တွင် သခင်မြ၊ ဦးဘဆွေ နှင့် ဦးညို ထွန်း၊ ဘုံပေါက်သာကျော် ၊ဦးမောင်စိန်လှ တို့ ည(၂)နာရီ တိတိ ဒူးတိုက် ဆွေးနွေးကြသော်လည်း တိကျသော အဖြေကို မရ ထို့ ကြောင့် ဗိုလ်ချူပ်အောင်ဆန်းကို တယ်လီဖုန်းဆက်၍ တွေ့ ဆုံရန် ချိန်းဆိုလိုက် သည်၊၊ နောက်တနေ့ မွန်းတည့်ပိုင်းတွင် သခင်မြ၊ ဦးဘဆွေ နှင့်  ဦးညို ထွန်း၊ ဦးသာထွန်း၊ ဘုံပေါက်သာကျော်၊ ဦးမောင်စိန်လှ တို့ သည် တာဝါလိမ်လမ်း၊ ဗိုလ်ချူပ်အိမ် ယခုဗိုလ်ချုပ်ပြတိုက် တည်ထားသော နေအိမ် သို့ သွားကြသည်၊၊ ဆရာတော်ကို လက်နက်မအပ်ရဘဲ ၀ရမ်းရုပ်သိမ်းရေးနှင့် အကြွင်းမဲ့ လွတ်ပေးရေး ကို အနုနည်းနှင့်ရော အကြမ်းနည်းပါ သုံးသင့်သလို သုံးပြီး အရေးယူရေးအတွက် လက်တွဲ ဆောင်၇ွက် ကြရေးတို့ ကိုလည်း ဗိုလ်ချူပ်က တင်ပြသည်၊၊ ပြီးနောက် ဗိုလ်ချူပ်က ကျနော်တို့ လက်ထက် မှာ သင်္ဘော(၂)စီးမျှခန့် လက်နက်များရှိသည် လို အပ်လျှင် ခွဲပေးမည်ဟု ဗိုလ်ချုပ်က ပြောခဲ့ပေသည်၊၊ 
ဦးစံရွှေ ဦးဆောင်သော ရက္ခိုင်ခေါင်းဆောင် များသည် ဦးစိန္တာ နှင့်အဖွဲ့ လွတ်ရန်အတွက် ဖဆပလ ခေါင်းဆောင် များ နှင့် ဆွေးနွေးတိုင်ပင် သော်လည်း ပြေလည်မူမရရှိဘဲ ရက္ခိုင် ခေါင်းဆောင် များကို သာ ဖဆပလမှ အဓိကရန်သူ အဖြစ် မြင်လာကြပါသည်၊၊ ဖဆပလ နှင့် ရက္ခိုင် ခေါင်းဆောင်များသည် အမျိုးသားထု တရပ်လုံးလွတ်မြောက်ရန် အတွက် နယ်ချဲ့ ဖက် ဆစ်ဂျပန်များကို အတူ တိုက်ပွဲဝင်လာခဲ့ကြသည်၊၊ သို့ သော်လည်း ဖဆပလအဖွဲ့ မှမရိုးသားမူ အစစ်အမှန်ဖြင့် ရက္ခိုင် ခေါင်းဆောင်များသည် ဂျပန်ကို ကူညီခဲ့သည်ဟု ဗြိတိသျှ အစိုးရထံတွင် လုပ်ကြံ၍ ပြောဆိုခဲ့သည်၊၊ ထို့ ကြောင့် ဗြိတိသျှ စစ်တပ်နှင့် ဖဆပလ အဖွဲ့ တို့သည် ရက္ခိုင်ပြည်ရှိ ရွာများကို မီးရိုးခြင်း၊၀၇မ်းထုတ်၍ ဖမ်းဆီးလာသည်၊၊ အချို့ဒေသများတွင် ယောင်္ကျား ဟူသမျှကို အတင်းအဓမ္မ ရွာပြင်များကို မောင်းထုတ်ပြီး အရွယ်ရောက် အမျိုးသမီးများကို ဖဆပလ အဖွဲ့ များနှင့် အင်္ဂလိပ်စစ်သားများသည် မုဒိမ်းကျင့်သည် အထိ ယုတ်မာခဲ့သည်၊၊ ထို့ အပြင် နိုင်ငံရေး၊စီးပွားရေး ဘက်တွင်လည်း အထူးအာရုံစိုက်ပြီး ဖိစီးလာခဲ့သည်၊၊ ရက္ခိုင် စစ်မျှက်နှာတွင် ကြည်း၊ရေလေ၊ တပ်မျိုးစုံဖြင့် နှိမ်နင်းလာခဲ့သည်၊၊ အင်္ဂလိပ် အ၀င် ဂျပန်စက္ကူ တရားမ၀င် ဖြစ်နေခိုက် လူအများအရာရာ အားလုံးကို အကြပ်အတည်းနှင့် ၇င်ဆိုင်နေရချိန်တွင် အင်္ဂလိပ်အစိုးရနှင့် ဖဆပလ ကအားနည်းချက်ကို အခွင့်ကောင်းယူကာ လယ်သမားများ အပေါ်မှာ မြေခွန်ကောက်ခြင်း၊ အမတော် ကြွေးဟောင်းကို ပြန်ဆပ်ခိုင်းခြင်း၊သီးစားခ တောင်းခြင်းကို အတင်းအဓမ္မ ပြုလုပ်လာကြသည်၊၊ ဤသို့ ဖြင့်ဖဆပလ အဖွဲ့များသည် ရက္ခိုင် ပြည်သူ နှင့် ရက္ခိုင်တော်လှန် ရေးသမားများကို နှိမ်နင်းရေးဖြစ်လာသည်မှာ ဖဆပလ သည် သူရဲဘော ကြောင်သော နိုင်ငံရေး အတွေး အခေါ်များ ၀င်လာခဲ့သည်၊၊ မဟာ ဗမာ တစောက်ကန်း အာဏာရူး စိုးမိုးလိုသည် ၊၊ရက္ခိုင်ပြည် သီးခြားလွတ်လပ်ရေး ရယူမည်ကို အလွန်မှ စိုးရိမ်ခြင်းကြောင့် ဖြစ်နိုင်ပေသည်၊၊ 
ဤသို့ ဖြင့် စစ်ကြိုခေတ်မှ စစ်အပြီးဖဆပလ နှင့် အမျိုးသားလွတ်မြောက်ရေးအတွက် ရက္ခိုင်တော်လှန်ရေး ခေါင်းဆောင် များသည် အားစိုက်ခွန် စိုက်ပါ ခဲ့သည်၊၊ သို့ သော်လည်း စစ်ပြီးခေတ်တွင် (ဖဆပလ) ၏ မရိုးသားခြင်း တော်လွန်ခြင်းကြောင့် ရက္ခိုင် အမျိုးသားများ အခွင့်အရေး များကို ဗမာများကဘသာ ပိုင်ဆိုင်သွားခဲ့ကြလေသည်၊၊ ဗမာ အုပ်ချူပ်သူတိုင်းသည် သမိုင်းအဆက်ဆက်မှာ မည်သည့် ဥပဒေကိုမှ ချိုးဖောက် မျှက်ကွယ်ပြုဖို့ ကို ၀န်လေးနိုင်မည်မဟုတ်ပါ၊၊ ထို့ ကြောင့်ပင်လုံ စာချူပ်သည်လည်း ဗမာအုပ်ချူပ်သူ မဟာဝါဒီများက ချိုးဖောက် မျက်ကွယ် ပြူလိုက်သဖြင့် ရလာဒ်သည်ကား ပြည်တွင်း စစ်နှင့် မီးဟုန်းဟုန်းတောက်လောင်နေသည်၊၊ ပြည်သူများသည် ဆင်းရဲတွင်း နက်လျှက် သောက များစွာဖြင့် ရှိနေရလေသည်၊၊
ဖဆပလ ခေတ် လွတ်လပ်ရေး ရပြီးနောက် ရက္ခိုင် ပြည် သည် ပြည်နယ် မရရှိဘဲ ဗမာ အုပ်စိုးသူများက အတင်း အဓမ္မငြင်း ထားခြင်း ခံရခဲ့သည်၊၊ ရက္ခိုင် ပြည်နယ် တောင်းဆိုမူသည် (၁၉၃၀) ခုနှစ်ကပင် ပေါ်ပေါက်ခဲ့သည်၊၊ ဗမာ(မြန်မာ) ကိုယ်စားလှယ် များနှင့် ရက္ခိုင် ကိုယ်စားလှယ်တော်များ သွားရောက်စဉ်က ရက္ခိုင် ကိုယ်စားလှယ် များသည် လန်ဒန်မျက်နှာစုံညီ အစည်းအဝေးတွင် ရက္ခိုင် ကို ဗမာ နှင့်တွဲမထား ဖို့ သီးသန့် ပြည်နယ်တခု တောင်းခံရန် အစီအစဉ် ရှိခဲ့သည်၊၊ သို့ သော်လည်း ရက္ခိုင် ခေါင်းဆောင် များ လန်ဒန်မျှက်နှာစုံညီ အစည်းအဝေးတွင် မတင် ဖြစ်ခဲ့ချေ၊၊ ရက္ခိုင် ပြည် အရေးကို ဗမာ အစိုးရက ဂရုမစိုက်သည့် အပြင် ရက္ခိုင် ပြည် ထူထောင်ေ၇း ကို ဗမာ ပြည်သူထောင်ရေး နှင့် ခွဲခြားပြီး ရက္ခိုင် ပြည်ကို မိမိ တို့ ထူထောင်မှ ကြီးပွားမည်ဟု ရက္ခိုင် ခေါင်းဆောင် များ ယူဆသည်၊၊ ထို့ ကြောင့် ရန္တပို စာချူပ်အရ၊ ရက္ခိုင် ပြည်အား လွတ်လပ် သော သီးခြားအုပ်ချူပ်ခွင့်ပေးရန်၊ ဗြိတိသျှ အစိုးရအား လေးနက်စွာ ဆောင်းဆိုခဲ့သည်၊၊ 
မြန်မာနိုင်ငံတော်လွတ်လပ်ရေး ရလာတဲ့အခါ မှာ ဦးနုက နိုင်ငံခေါင်းဆောင် ဖြစ်လာခဲ့ပါသည်၊၊ ပင်လုံညီလာခံ ကိုလည်း ဖဆပလ မှ ဦးဆောင် ကျင်းပခဲ့သည်၊၊ သို့ သော် ဦးနု အာဏာ ရလာသော အခါ အပြော တမျိုး အလုပ်တမျိုးဖြင့် ပင်လုံ၏ ရည်မှန်းချက် တွေကို ဗမာမှ လွဲ၍ အခြားအမျိုးသားများခံစားခွင့် လုံးဝမရခဲ့ပေ၊၊ ရက္ခိုင် ပြည်ကိုလည်း ဗိုလ်ချူပ်ဆောင်ဆန်း ရှိစဉ်ကပင် ဖဆပလ အစည်းအဝေးတိုင်း လိုလို တွင် ရက္ခိုင် ခေါင်းဆောင် များမှ ရက္ခိုင် ပြည်နယ်ပေးရေးအတွက် တင်ပြတောင်းဆိုကြရာ ဦးအောင်ဆန်းမှ ရက္ခိုင် ပြည်နယ် ပေးရန် အတွက် ထောက်ခံပြောဆို ခဲ့သော အထောက်အထားများကို တွေ့ ရသည်၊၊ သို့ သော် ဦးနု အာဏာရရှိလာသော အခါ ဖဆပလ ခေါင်းဆောင် ဦးအောင်ဆန်း စကားများဖြစ်သော အမျိုးသား စည်းလုံးညီညွတ်ရေး ၊တန်းတူရေး ၊သာတူညီ မျှကောင်းစားရေး စသည်များကို လုံးဝလိုက်နာခြင်း မရှိတော့ချေ၊၊ ရက္ခိုင် ပြည်နယ်ပေးရန် ကတိများကို လုံးဝ ဥဿုံ ပေါ်တင် ချိုးဖောက်ပြန်ခဲ့သည်၊၊ (၁၉၄၇) ခုနှစ် မေလတွင် ဖဆပလ အဖွဲ့ ချူပ် ၏ ပမာဏ ညီလာခံကို ဂျူပလီဟောတွင် ကျင်းပခဲ့သည်၊၊ ထိုညီလာခံတွင် ဖဆပလ မှပြုစုခဲ့သော အခြေခံဥပဒေတွင် ပြည်နယ် အမျိုးအစား သုံးမျိုးသတ်မှတ် ခဲ့သည်၊၊ ၎င်းတို့ မှာ ပြည်ထောင်စု ပြည်နယ် ၊ကိုယ်ပိုင် အုပ်ချုပ်ရေး ပြည်နယ် နှင့် လူမျိုးစုပြည်နယ် ဟူ၍ဖြစ်သည်၊၊ 
ထို့ အပြင်င ပြည်ထောင်စုဝင် ပြည်နယ် ဖြစ်ထိုက်သည့် ဂုဏ်အင်္ဂါရပ်များကိုလည်း သတ်မှတ်ပေးခဲ့သည်၊၊ ၎င်းအင်္ဂါ ရပ်များမှာ -
(၁) ပထ၀ီ အနေအထား အရ နယ်နိမိတ်ထင်၇ှားခြင်း၊
(၂) ဗမာ(မြန်မာ)စကားနှင့် မတူသော ဘာသာစကားတမျိုး တည်းရှိခြင်း၊
(၃) ယဉ်ကျေးမူ တမျိုးတည်းရှိခြင်း၊
(၄) ရာဇ၀င်အစဉ်အလာ တမျိုးတည်း၇ှိသော လူစု၇ှိခြင်း၊
(၅) စီးပွားရေး ဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေး လုံလောက်မူ တို့ ၇ှိသော လူစု၇ှိခြင်း၊
(၆) လူဦးရေ အတော် တန်ရှိခြင်း၊
(ရ) ပြည်ထောင်စု အဖွဲ့ ၏ သီးခြားဒေသတခု အဖြစ်ဖြင့် မိမိ၏ ကိုယ်ပိုင် ထင်၇ှားချက် အတိုင်း နေလိုသော ဆန္ဒရှိခြင်း တို့ ပင်ဖြစ်ပါသည်၊၊
၁၉၅၃ ခုနှစ် ဇန္န၀ါရီ လ (ရ) ရက်နေ့ မှ (၉)ရက်နေ့ ထိ ရက္ခိုင် ပြည်လုံးဆိုင်ရာ ညီလာခံကြီးကို စစ်တွေမြို့ ဝင်္ကာပါကွင်း ၌ ကျင်းပခဲ့သည်၊၊ ထို့ ကြောင့် ၌ ပြည်နယ် တောင်းဆိုမူ တရပ်ကို ပေါ်ပေါက်လာရပြန်သည်၊၊ ညီလာခံတွင် ၀တ်လုံ ဦးရွေဘော်က သဘာပတိ အဖြစ်ဆောင်ရွက် ခဲ့သည်၊၊ ရက္ခိုင် အမတ်တချို့ က ရက္ခိုင်ပြည်နယ်သည် ဖဆပလ ခေါင်းဆောင်များ သတ်မှတ်ပေးထားသော အင်္ဂါရပ် နှင့် ပြည်စုံ၍ ဖြစ်ကြောင်း တင်ပြခဲ့သည်၊၊ဖဆပလ အဖွဲ့ ခေါင်းဆောင် ဗမာဝါဒီ ဦးနုက သီးခြားပြည်နယ် ကိစ္စနှင့်ပတ်သက် ၍ စကားကို ဗလောင်းဗလဲ အရှက်ကို မျက်စိမှိတ် ဘေးကို ဖယ်ထုတ်၍ ပြောကြားသည်မှာ ကျနော်တို့ ၏ သဘောထားကို အမတ်များအား အတိအလင်း အစီရင်ခံ လိုပါသည်၊၊ ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် လူဦးရေဖက်မှာ အထူးနည်းတဲ့ အတွက် စီးပွားရေး အရ ၎င်း၊ကာကွယ်ရေး အရဖြင့် ၎င်း၊ပြည်ထောင်စုကို အစိတ်စိတ်အမြွာမြွာ ခွဲပစ်လို့ ကို မရဘူး အမှန်အတိုင်း အစီရင်ခံရလျှင် ပြည်ထောင်စုကြီးကို နောက်ထပ်ခွဲခြမ်းပေးဖို့ ကို မပြောထားနဲ့ အခုရှိရင်းစွဲဖြစ်နေတဲ့ ခွဲခြမ်းမူကို ပင် ကျနော်တို့ ရဲ့ တကိုယ်တည်း သဘောထားကို ပြောရမယ်ဆိုလျှင် ရာခိုင်နူန်းပြည့် သဘောမကျဘူး၊၊ ကျနော် သဘောကတော့ ဒီလိုခွဲခြမ်းမည် အစား ကျွန်တော် တို့ ပြည်ထောင်စုက ယနေ့ အရေးတကြီးလို အပ်နေသော အရာဟာ ခွဲခြမ်းမူ မဟုတ်ဘဲ စည်းလုံးမူပင်ဖြစ် နေလို့ ပါဘဲဟု စကားကို အမျိုးမျိုးပြောခဲ့ပြန်သေးသည်၊၊ ထို့ ကြောင့် ဖဆပလ မှ ကိုယ်တိုင်ရေး ဆွဲခဲ့သော ဖွဲ့ စည်းပုံနှင့်အညီ ရက္ခိုင်အမတ်များက တောင်းဆို ကြသော်လည်း ဖဆပလ ခေါင်းဆောင် ဦးနုကပင် လုံးဝဗြောင်ကျကျ အတင်း ချိုးဖောက်ေ၇းသည်ကို ပင် အံသြစရာ ကောင်းလောက်အောင် အဆိုး၇ွားဆုံး၌ တော်လှပေသည် ဟုပြောရပေမည်၊၊
ရက္ခိုင်အမတ်များသည် ရက္ခိုင်ပြည်နယ် ရရေး အတွက် လုံးဝဇွဲ မလျှော့ဘဲ ဖဆပလ အစည်းအဝေးတိုင်းတွင် တင်ပြတောင်းဆို ကြပေသည်၊၊ အစည်းအဝေး တခုတွင် ရမ်းဗြဲ့ အမတ်ဦးဘမြိုင် တင်သွင်း သော ဖွဲ့ စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေ (ပြင်ဆင်ချက်)မူကြမ်း နှင့် ပတ်သက်၍ ၊ဖဆပလ ၏ ဆွေတော် မျိုးတော် ဖြစ်သော အဘုရ်တော် ရှာရ် ကုလားက ပြင်းပြင်းထန်ထန် ကန့် ကွက်ခဲ့သည်၊၊ ကုလားက ပြောသည် မှာ ဖဆပလ ၏ အလိုကျ အကယ်၍ လို့ သာ အစိုးရက ရက္ခိုင်ပြည်နယ် ပေးလိုက်လျှင် လူမျိုးရေး အဓိကရုန်း ကုလား ၊ရက္ခိုင် အကြောင်းကို ရည်ညွန်း ပြောကြားလာခဲ့ပေသည်၊၊ ဦးနု ဦးဆောင်သော ဖဆပလ အဖွဲ့ သည် နယ်ချဲ့ ဗမာ များ ပီပီ ရွေးကောက်ပွဲ ပြုလုပ်လျင် သူတို့ မဲအနိုင် ရရန် အတွက် အရှေ့ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ခ်ျ နှင့်စစ်တကောင်းဒေသမှ တယူသန် မူဆလင်ကုလားများကို အာဏာရ ဖဆပလ အစိုးရသည် ရက္ခိုင်ကြောင့် ဒို့ဗမာ နန်းကျရတယ် ဟုဆိုကာ ဒေသခံ ရက္ခိုင်လူမျိုများ နှင့် အစွန်းရောက် မူဆလင်ကုလားများကို လူမျိုးရေး အဓိကရုန်း ဖြစ်စေရန် ရည်ရွယ်၍ ရက္ခိုင်ပြည်ထဲသို့ အကန့် အသတ်မရှိ တင်သွင်းခဲ့ကြသည်။ ဦးနုဦးဆောင်သော ဖဆပလသည် နယ်ချဲ့ ဗမာများ ပီပီ (Divide and Rule) ဆိုသည့် သဘောအတိုင်း တရားမ၀င် ဘင်္ဂလီကုလားတို့ နှင့် လူမျိုးရေး အဓိကရုန်းဖြစ်ရန် ဖန်တီးသည်၊၊ ဖဆပလသည် အကြောင်းအမျိုးမျိုးပြရန် ရည်ရွယ်ပြီး အာဏာကို ရေ ရှည်သည် ဆုပ်ကိုင်ရန် နည်းဗျူဟာသာ ဖြစ်ပါသည်၊၊ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂါလီကုလား တို့ သည်လူအုပ် များဖြင့် ဒေသခံ ရက္ခိုင်ပြည်သူများကို အသေသတ်ဖြတ်ခြင်း၊ အမျိုးသမီးများ ကို မုဒိမ်းကျင့် သတ်ဖြတ်ခြင်း၊ ရက္ခိုင် ခလေးငယ်များကို ဂုံနီ အိတ်ထဲတွင် ထည့်လျှက်ရေထဲ ကို ပစ်ချခြင်းနှင့် ရက္ခိုင် လူမျိုးတို့ ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင် စားသောက်လာကြသော လယ်မြေများကို လူအုပ်ဖြင့် အတင်း သိမ်းယူခြင်း စသော လုပ်ဆောင်ချက်များကို (ဖဆပလ)အားကိုးဖြင့် လက်ရဲ ဇက်ရဲ ကျူးလွန်လာခဲ့ ကြသည်၊၊ ရက္ခိုင် လူမျိုးတို့ မှာ နယ်ချဲ့ ဗမာများ အဆက်ဆက်တို့ အနိုင်ကျင့်ခြင်း၊ နယ်ချဲ့ အင်္ဂလိပ် တို့ အနိုင်ကျင့်ခြင်းကို ခံရခြင်း၊ဖက်ဆစ် ဂျပန်တို့ အနိုင်ကျင့်ခြင်းခံရြုခင်းနှင့် ဖဆပလ လက်ကိုင်တုတ် တယူသန် ဘင်္ဂါလီ ကုလားတို့ ထပ်ဆင့် အနိုင်ကျင့်မူကို ခံရပြန်သည်၊၊ ဘင်္ဂါလီ ကုလားတို့ က ရက္ခိုင် ပြည်မှ အုပ်ချူပ်မူကို မခံယူလို ဘဲမိမိတို့ ကို ရန်ကုန်မှ တိုက်ရိုက် အုပ်ချူပ်ပါရန်တောင်းဆို ခဲ့ပါသည်၊၊ တဖန် မိမိတို့ ကို သီးသန့် ခရိုင်တခု သတ်မှတ်ပေးပါရန် နှင့် လူမျိုးကိုလည်း ဘင်္ဂါလီဟု မခေါ်ဘဲ ရိုဟင်ဂျာ လူမျိုးဟု အသိအမှတ်ပြုပါရန် ဖဆပလ အစိုးရထံ တောင်းဆို ခဲ့သည်ဟုသိရပါ သည်၊၊ ထို့ အပြင်ကောက်ကျစ် စဉ်းလဲသော ဖဆပလ ၏ လုပ် ရပ်သည်ကား ကာဆင် ဆိုသူ ကုလားတယောက် ကို အာဏာရ ဖဆပလ အစိုးရကို တိုက်ခိုက် ဟန်ပြုလျှက်၊ အတုအယောင် လက်နက်ကိုင် အဖွဲ့ တဖွဲ့ ကို ဖန်တီးပေးခဲ့သည်၊၊ 
၁၉၅၇ ခုနှစ် မတ်ခ်ျလ (၇) ရက်နေ့ တွင်ကျင်းပသော ပြည်သူ့ လွတ်တော် အစည်းအဝေးတွင် ဦးလှထွန်းဖြူ( မြို့ ဟောင်း)အမတ် က ရက္ခိုင်ပြည်နယ် ရရှိရေး အတွက် ပြန်လည်၍` ဆွေးနွေး တင်ပြရာ ဗမာဝါဒီ ဦးနုက ဗမာနှင့် ရက္ခိုင် သွေးကွဲအောင် လုပ်နေသည် ဟု ထင်ယောင်ထင်မှား စိတ်ကထင်သလို ပြောပြန်သည်၊၊ ဦးနုက ပြည်နယ် ပေးခြင်းသည် နိုင်ငံအတွက် အကျိုးမရှိကြောင်း ဖောက်ပြန်မူ အမျိုးမျိုးဖြင့် ဆင်ခြေဆင်လက် ပေး၍ ပြောကြားခဲ့ပါသည်၊၊ ဤသို့ဖြင့် ဖဆပလ သာ နှစ်ခြမ်းကွဲသွားရလေသည်၊၊ ရက္ခိုံင် ပြည်နယ်ပေးရေးကို အသိအမှတ်မပြူ အာဏာကိုသာ ရှေ့ တန်းတင်ထားခဲ့သည်၊၊ ၁၉၅၈ ခုနှစ် ဧပြီလ၊ဖဆပလ တွင် နု၊တင်နှင့် ဆွေ ငြိမ်းဟူ ၍ကွဲရာမှာ ပြည်နယ် တောင်းဆို ရန် အခွင့်အေ၇း တခုဖြစ်လာခဲ့သည်၊၊ ဤအချိန်တွင် ရက္ခိုင်ပြည်နယ် ပေး၇န်အတွက် အရူးအမူးကန့် ကွက်ခဲ့သူ ၀န်ကြီးချူပ် ဦးနုသည် ပေါ်လစီတရပ် ထုတ်ပြန်ရာ ပြည်နယ်များ၏ တရားသဖြင့် ရထိုက်သော အခွင့်အရေးများကို ရစေရန် အာမခံမည်ဟု ပြောခဲ့လေသည်၊၊ အတိတ်က ရက္ခိုင်ခေါင်းဆောင် များ၏ ပြည်နယ်တောင်းဆို မူများကို ငြင်းဆန်ခဲ့သည်ကို သတိမရတော့ဘဲ အာဏာလက်လွတ်မှာကို သူရဲဘော ကြောင်၍ ၀န်ကြီးချူပ်ဆိုတဲ့ ဂုဏ်ကိုတောင် မထောက်ထားတော့ဘဲ အရှက်လုံးဝ ကင်းမဲ့ခြင်း မျက်နှာ ဖြင့် ပြည်နယ်ပေးရန် ထုတ်ပြန်ပြောရဲ ခြင်းကိုပင် ဦးနုသည် အလွန်မှ အလုပ်တမျိုးအပြောတမျိုးမှာ တော်လှသည်ဟု ဆိုချင်သည်၊၊ ဤကဲသို့ ဟိုတမျိုး ဒီတမျိုးပါးစပ်က စကားကို အမျိုးမျိုးပြောတတ်သော ဗမာအုပ်ချူပ်သူ လူတန်းစားများကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ မျက်မှောက်ကာလတွင် သတိဝိ၇ိယ ဖြင့် နားလည်ကြရပေမည်၊၊ ဖဆပလ နှစ်ခြမ်းကွဲပြီး နိုင်ငံေ၇း အခြေအနေ ရူပ်ထွေး နေစဉ်မှာပင် ဦးနုသည် နိုင်ငံတော် အာဏာကို ပါလီမာန် မှာ မအပ်ဘဲ ပါလီမာန် ကိစ္စ နှင့် ဘာမှ မဆိုင်သော စစ်သားပျက် (ဗမာစစ်ဝါဒီ) နေ၀င်းကို ထိုးအပ်ခြင်းသည် ပြည်သူလူထု မှရွေးချယ် တင်မြောက် ထားသော လွတ်တော် ကိုယ်စားလှယ်များနှင့် မြန်မာ(ဗမာ) ပြည်သူလူထု ကို အလေးထားခြင်း မရှိ၍သာ ဖြစ်သည်၊၊ ထို အချိန်တွင် ဖွဲ့ စည်းအုပ်ချူပ်ပုံ အခြေခံ ဥပဒေ၌ အာဏာကို ပါလီမာန်တါင် အပ်ရန် ရေးဆွဲထားခြင်း မရှိသော်လည်း ဒီမိုကရေစီ အမှန်တကယ် မြတ်နိုး တန်ဖိုးထားတတ်သူများ ဖြစ်ခဲ့လျှုင် ပါလီမာန် အတွင်း၌ သာ ဆွေးနွေးတိုင်ပင်၍ ပြုလုပ်သင့်ခဲ့ ကြောင်းရေးသာဒတင်ပြလိုက်ရပါသည်၊၊ 
==============
ခိုင်အောင်ထွန်း (ရက္ခိုင်ပြည်)
ကိုးကားချက်
======
၁၊။ ဖဆပလ ခေတ် သတင်းစားများ
၂၊၊ ဘုံပေါက်သာကျော် ၏တော်လှန်ရေး ခရီးဝယ်၊၊
၃၊၊ တိုင်းရင်းသား လူမျိုးများ အေ၇းနှင့် ၁၉၄၇ ခု အခြေခံဥပဒေ၊၊
၎၊၊ တိုင်း၇င်းသား လူမျိုးများ၏ နယ်ချဲ့ ဆန့် ကျင်ရေး သမိုင်း၊၊
Share on Google Plus
About Kyauk Phru Net
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။