မလေးသွား အမျိုးသမီး ၄ ဦး အပါအ၀င် လူ ၇၂ ဦး ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီး

မလေးသွား အမျိုးသမီး ၄ ဦး အပါအ၀င် လူ ၇၂ ဦး ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီး

(နိရဉ္စရာ- ၁ မတ်လ ၂၀၁၄)
Bangladeshi-boat-people--arrested-Tenkaf
Caption: file photo.
မလေးရှားနိုင်ငံသို့ တရားမ၀င် ခိုးသွားသူ ဘင်္ဂလီ ၇၂ ဦးကို စက်လှေ တစ်စီးနှင့်အတူ ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့က ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၃၀ တွင် ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီး ၄ ဦးပါဝင်သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့မှ ဗိုလ်အဆင့်ရှိသူ  Kazi Harunor Rashid က မီဒီယာသို့ ပြောသည်။

သူတို့အား စိန်မာတင် (ရခိုင်အခေါ် အုန်းကျွန်း) မှ ၅ မိုင်အကွာ ငါးဖမ်းစက်လှေ တစ်စီးပေါ်တွင် ဖမ်းဆီးမိခြင်း ဖြစ်ပြီး စက်လှေကိုပါသိမ်းယူလိုက်သည်ဟု ဆိုသည်။
ဖမ်းဆီးရမိသူများအား တက်ကနက် ရဲစခန်းသို့ ချက်ချင်း လွှဲပြောင်း ပေးအပ်လိုက်သည်ဟု သိရသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား အများအပြားသည် သူတို့နိုင်ငံတွင် တစ်နေ့ထက် တစ်နေ့ များပြားလာသော လူဦးရေနှင့် အတူ အလုပ်လက်မဲ့နုန်းများပြားလာရာမှ ယခုလို ပွင့်လင်းရာသီတွင် စက်လှေစီးပြီး မလေးရှားကို တရားမ၀င် အလုပ် လုပ်ရန် သွားရောက်လေ့ရှိကြသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။