RNDP နှင့် ALD ခေါင်းဆောင်များ ANP အတွက် အလွှတ်သဘော ရွှေရသာမှာ တွေ့ဆုံ

RNDP နှင့် ALD ခေါင်းဆောင်များ ANP အတွက် အလွှတ်သဘော ရွှေရသာမှာ တွေ့ဆုံ

(နိရဉ္စရာ- ၂၂ ဖေဖေါ်ဝါရီလ ၂၀၁၄)

ALD-and-RNDP
ပါတီဂိုဏ်းဂနကို ဘေးဖယ်ပြီး အမျိုးသား ညီညွှတ်ရေးကို တည်ဆောက်ရန် ကြိုးစားနေကြသော နှစ်ဘက်ပါတီခေါင်းဆောင်များကို ယခင်က မှတ်တမ်းတင်ထားစဉ်။

ရခိုင် ပြည်သူများ မျှော်လင့်နေသော ရခိုင်အမျိုးသားပါတီ ( Arakan National Party)၏ ပေါင်းစည်း ရေး နောက်ဆုံးအဆင့် အခြေအနေအရပ်ရပ်ကို ALD နှင့် RNDP နှစ်ဖက်ခေါင်းဆောင်များ ရန်ကုန်မြို့ ရွှေရသာ စားသောက်ဆိုင်တွင် ယနေ့ အလွှတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

“ နေပြည်တော်က ပါတီဖွဲ့စည်းခွင့် ကျလာလို့ ရှိရင် ဟိုဘက်ပါတီက ၁၅ ယောက်၊ ဒီဘက် ပါတီက ၁၅ ယောက် စစ်တွေမှာ တွေ့ဆုံပွဲ လုပ်ဖို့ နဂိုကတည်းက သတ်မှတ်ထားပါတယ်။ ဒီအတွက် အကြိုတွေ့ဆုံပွဲပါ။ ဒါပေမယ့် ဆွေးနွေးပွဲက ဆုံးဖြတ်ချက်ချတာမျိုးမဟုတ်ဘဲ Informal ပုံစံမျိုးတွေ့ကြတာပါ” ဟု ဆွေးနွေးပွဲတွင် ပါဝင်သူ ALD ဗဟိုအလုပ်အမူဆောင် ကော်မီတီဝင် ဦမျိုးဆွေက နိရဉ္စရာသို့ ပြောကြားသည်။

စစ်တွေတွင် တွေ့ဆုံပွဲကို နေပြည်တော်မှ ပါတီ ဖွဲ့စည်းခွင့်ကျလျှင် ချက်ချင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ နေပြည်တော်မှ ပါတီဖွဲ့စည်းခွင့်မှာ ယခုလကုန်ခါနီး (သို့မဟုတ်) နောက်လဆန်းတွင် ကျလာနိုင်ကြောင်း၊ သို့အတွက် နှစ်ဘက်ပါတီမှ ကိုယ်စားလှယ်များ မတ်လ ဒုတိယပတ်တွင် စစ်တွေတွင် တွေ့ဆုံနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သူက ပြောကြားသည်။

ယခုအခါ ပါတီနှစ်ခု ပေါင်းစည်းရေးမှာ ရှောရှောရှူရှူနဲ့ အောင်မြင်တဲ့ အဆင့်သို့ ရောက်ရှိပါပြီလားဟု မေးမြန်းရာ ဦးမျိုးဆွေက ယခုလို ဆက်လက်ပြောဆိုသည်။

“ ပြောလို့ ရပါတယ်။ ပါတီ ပေါင်းစည်းရေးက ရှောရှောရှူရှူ ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။ ဒီနေ့ ဆွေးနွေးပွဲကလည်းအလွှတ်သဘော ဆွေးနွေးတာ ဖြစ်ပေမယ့် နှစ်ဘက်ခေါင်းဆောင်တွေက ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွှင်၊ ရင်းရင်းနှီးနှီး၊ ရယ်မောမောနဲ့ ဆွေးနွေး ပြောဆိုကြတာ ဖြစ်တဲ့ အတွက် ပေါင်းစည်းရေးက ရှောရှောရှူရှူ ဖြစ်တယ်လို့ ပြောလို့ရပါတယ်။”

ယနေ့ ဆွေးနွေးပွဲတွင် RNDP ဘက်မှ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် လွှတ်တော် အမတ် (၃) ဦး အပါအ၀င် ကိုယ်စားလှယ် ရှစ်ဦးနှင့် ALD ဘက်မှ ဥက္ကဌ ဦးအေးသာအောင်နှင့် အတွင်းရေးမှူး ဦးမျိုးကျော်တို့ ဦးဆောင်သော ကိုယ်စားလှယ် ရှစ်ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။

ဆွေးနွေးပွဲကို နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီခွဲထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။