ပြစ်မူကျူးလွန်သော်လည်း ဥပဒေကြောင်းအရ အရေးမယူ

(နိရဉ္စရာ- ၈ ဖေဖေါ်ဝါရီလ ၂၀၁၄)
Bengali-arrested
ဖမ်းဆီးမိသူ ဘင်္ဂလီ (၈) ဦး။
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျောက်ပြင်ရွာတွင် ရွာသားများအား တိုက်ခိုက်ရန် ဓါး၊ မျှား၊ စူးများဖြင့် ၀င်ရောက်လာသော ဘင်္ဂလီလူမျိုး ရှစ်ဦးအား ရွာသားများက ဖမ်းဆီးပြီး သက်ဆိုင်ရာသို့ လွှဲအပ်သော်လည်း တစ်စုံတစ်ရာ ဖမ်းဆီးအရေးယူခြင်း မရှိဘဲ ပြန်လွှတ်ပေးလိုက်သည်ဟု သတင်း ရရှိသည်။
ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ကျေးရွာသား တစ်ဦးက ယခုလို ပြောသည်။
၂၀၁၄ ခု၊‌ဖေ‌ဖော်‌၀ါရီလ (၃) ရက်‌နေ့က  ‌ပေါက်‌‌တောမြို့နယ်‌၊ အ‌နောက်‌ရဲ ဘင်္ဂလီ ဒုက္ခသည်​စခန်းမှ ဘင်္ဂလီ (၂) ဦးသည် ‌ပေါက်‌‌တောမြို့နယ်‌၊‌ကျောက်‌ပြင်‌‌ကျေးရွာ‌နေ ဦးသိန်း‌စော‌မောင်‌(ရခိုင်‌)နှင့်‌ ဦး‌မောင်‌ဖြူ(ရခိုင်‌)တို့၏  ဥယာဉ်ခင်းထဲမှ သရက်‌ပင်‌၊ မညှင်းပင်‌များအား လာ‌ရောက်‌ခုတ်‌လှဲကြသည်‌ဟု ဆိုသည်။
ယခင်ကလည်း ကျောက်ပြင်ရွာသားများပိုင် ဥယျာဉ်ခြံထဲမှ သစ်ပင်ကြီးမြောက်များစွာကို အနောက်ရဲ မွတ်ဆလင် ဒုက္ခသည်စခန်းမှ ဘင်္ဂလီ ဒုက္ခသည်များက လာရောက်ခုတ်လှဲပစ်ခဲ့ကြသဖြင့် ဆုံးရှုံးနစ်နာမူများစွာ ရှိခဲ့ကြရသည်ဟု ဆိုသည်။
သို့အတွက် ဖမ်းဆီးရမိသူ ဘင်္ဂလီ (၂) ဦးအား နောက်ထပ် ယခုကဲ့သို့ မပြုလုပ်ရန် ဆိုဆုံးမပြီး ပြန်လည် လွှတ်ပေးလိုက်သည်ဟု ရွာသားက ပြောသည်။
ယင်းနောက်ပိုင်း ဖေ‌ဖော်‌၀ါရီ (၄) ရက်‌တွင် နောက်ထပ် တစ်ကြိမ် အ‌နောက်‌ရဲ ဒုက္ခသည် စခန်းမှ ဘင်္ဂလီ (၂၀)ခန့်‌သည် ဓါး၊ မျှား၊ ဂျင်ဂလိ လက်‌နက်‌များဖြင့်‌ ကျောက်‌ပြင်‌‌ကျေးရွာသို့ ထပ်‌မံကျူး‌ကျော်‌ ၀င်ရောက် လာသဖြင့်  ကျောက်‌ပြင်‌ရွာသားများ ၀ိုင်းဝန်းဖမ်းဆီးရာ သူတို့အထဲမှ ၈ ဦးကို ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။
သူတို့အား ဖမ်းဆီး ထိန်းသိမ်းထားစဉ် နောက်ထပ် ဘင်္ဂလီ ဒုက္ခသည် (၁၀၀)ခန့်‌ ‌မှ ကျောက်ပြင်ရွာ တောင်‌‌ပေါ်သို့ ရောက်လာပြီး ယင်းနေရာမှ ရွာသားများအား ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်ရာ  ‌ကျောက်‌ပြင်‌ရွာမှ ရွာသားများမှ ‌ပေါက်‌‌တောမြို့နယ်‌ရဲစခန်းသို့ အကြောင်းကြား ဆက်‌သွယ်‌ တိုင်ကြားခဲ့သည်ဟု ဆိုသည်။
ယင်းနောက်ပိုင်း အနောက်ရဲရွာတွင် တပ်စွဲထားသောစစ်တပ်မှ လိုက်လာကြောင်း၊ ပေါက်တောရဲစခန်းမှလည်း ဖမ်းဆီးထားသူများအား လွဲပြောင်းရယူရန် လိုက်ပါလာကြောင်း၊ ပေါက်တောရဲမှ မရောက်မီ ရခိုင် ပြည်နယ် အစိုးမှ သူတို့ ဖမ်းဆီးခြင်း မပြုလုပ်ဘဲ ပြန်လည် လွှတ်ပေးရန် ညွှန်ကြားလာကြောင်း၊ သို့အတွက် သူတို့အား ဥပဒေကြောင်းအရ အရေးယူနိုင်ခြင်း မရှိဘဲ ပြန်လည် လွှတ်ပေးလိုက်ရကြောင်း သူက ပြောသည်။
ယခုကဲ့သို့ ဥပဒေကြောင်းအရ အရေးယူနိုင်ခြင်းမရှိဘဲ သူတို့အား ပြည်နယ် အစိုးရ၏ ညွှန်ကြားချက်ဖြင့် ပြန်လည် လွှတ်ပေးလိုက်ရကြောင်းကို ပေါက်တောရဲစခန်းမှ အရာရှိ တစ်ဦးကလည်း အတည်ပြု ပြောဆိုသည်။
အခင်းဖြစ်ပွားစဉ် ကျောက်ပြင်ရွာသို့ ရောက်ရှိနေသူ ပြားသူကြွယ်ကျေးရွာမှ ဦးစိန်‌‌ကျော်‌‌အေးမှလည်း ပြစ်မူ ကျူးလွန်သူများ ဖြစ်ပါလျှက် ရဲက ဥပဒေကြောင်းရ အရေးမယူနိုင်ဘဲ ပြန်လည် လွှတ်ပေးလိုက်သည့် အပေါ် သူ့အနေဖြင့် နားမလည်အောင် ဖြစ်ရသည်ဟုဆိုသည်။
ဒေသခံများ အဆိုရ ဖမ်းဆီးခံရသူ ဘင်္ဂလီ ၈ ဦးကို အနောက်ရဲရွာတွင် တပ်စွဲထားသော စစ်တပ်မှ မာလာတောင် စခန်းသို့ ခေါ်ယူသွားပြီး နောက်ပိုင်းတွင် ပြန်လည် လွှတ်ပေးလိုက်သည်ဟု ဆိုသည်။
ယခုကဲ့သို့ အပြစ်ရှိပါလျှက် အရေးယူခြင်း တစ်စုံတစ်ရာ မရှိဘဲ ပြန်လွှတ်ပေးလိုက်၍ နောက်ထပ်လည်း ရာဇ၀တ်မူများ ကျူးလွန်လာနိုင်သဖြင့် ရွာသားများက အထူး စိုးရိမ်နေကြသည်ဟု ဆိုသည်။
ကျေးရွာသား တစ်ဦးကလည်း ယခုလုပ်ရပ်ကို ကြည့်ပြီး သူ့အနေဖြင့် ရခိုင်ပြည်နယ်၏ ဥပဒေ အထက်တွင် ဘင်္ဂလီများ ရှိနေပြီ ဖြစ်သည်ဟု သူထင်မြင်ကြောင်း ဝေဖန် ပြောကြားသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။