မလေးတွင် ရခိုင်ခေါင်းဆောင်များအားလုပ်ကြံရန် ကြိုးပမ်းမူ ရခိုင်ပဋိပက္ခနှင့် ဆက်စပ်မှုရှိ ( နိရဉ္စရာ- ၇ ဖေဖေါ်ဝါရီလ ၂၀၁၄)

( နိရဉ္စရာ- ၇ ဖေဖေါ်ဝါရီလ ၂၀၁၄)
Malaysia-Arakanese
လွန်ခဲ့သော ဗုဒ္ဓဟူးနေ့(ဖေဖော်ဝါရီလ ၅ရက်)က မလေးရှားနိုင်ငံတွင် ရခိုင်ခေါင်းဆောင်များအား သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံရန် ကြိုးပမ်းမှုမှာ ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများနှင့် ဆက်စပ်မှုရှိကြောင်း ရခိုင်ခေါင်းဆောင်များက ဆိုသည်။
ယခုကဲ့သို့ ဆက်စပ်မူ ရှိကြောင်းကို ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ အပြီးတွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က နိရဉ္စရာသို့ ပြောသည်။
“မလေးမှာ မြန်မာနိုင်ငံသားတွေ သတ်ဖြတ်ခံနေရတာတွေရှိတယ်။ ဒါတွေက ရခိုင်နဲ့ မြန်မာ ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာတွေနဲ့ ဆက်စပ်မူရှိနေတယ်။ အခုဖြစ်စဉ်ကို သုံးသပ်ရင်လည်း ဒါဟာ  ရခိုင်ပြည်တွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ပြောနိုင်ပါတယ်” ဟု ယင်းက ဆိုသည်။
ယင်းပြင် မလေးရှားရဲတပ်ဖွဲ့က သူတို့အား ပြောဆိုသော စကားအားလည်း ယခုလို ပြောသည်။
“ မြန်မာနိုင်ငံကနေ မလေးကို ရောက်နေတဲ့ အစ္စလာမ်ဘာသာဝင် သုံးသောင်းကျော် ရှိတယ်လို့ မလေးရဲ တာဝန်ရှိသူတွေက ကျနော်တို့ကို ပြောပါတယ်။ ဒီလူတွေထဲက အချို့ဟာ မြန်မာနိုင်ငံသားတွေ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေမှာ ပါဝင် ပတ်သက်တယ်လို့ မလေးထောက်လှမ်းရေးနဲ့ ရဲတွေလည်း ပြောပါတယ်။ ပြီးတော့ မလေးမှာ ရောက်နေတဲ့ ရခိုင်တွေရော၊ မြန်မာပြည်မှာရှိတဲ့ ရခိုင်တွေကပါ အခုဖြစ်ရပ်ဟာ ရခိုင်ပြည်ကနေတဆင့် မလေးကို ရောက်နေတဲ့ အစွန်းရောက် အစ္စလာမ်ဘာသာဝင်တွေ လုပ်ကြံတယ်လို့ နားလည်ကြတယ်။ ကျနော်တို့ မသွားခင်ကတည်းကလည်း မသွားသင့်ကြောင်း၊ အန္တရာယ်ရှိနိုင်ကြောင်း ဖုန်းဆက်ပြီး အကြံပေးတာတို့၊ အီးမဲလ်ပို့ပြီးအကြံပေးတာတို့ ရှိခဲ့ပါတယ်” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။
အဆိုပါ လုပ်ကြံမှုနှင့် ပတ်သက်ပြီး ရခိုင်ခေါင်းဆောင်များအဖွဲ့သည် မလေးရှားနိုင်ငံမှ ရန်ကုန်မြို့သို့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ နံနက်  ၉ နာရီတွင် ရောက်ရှိလာပြီး ရောက်ရောက်ချင်း ရန်ကုန်မြို့ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ၎င်းကိစ္စနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ခုကို ပြုလုပ်ခဲ့သည်။
“ကျနော်တို့ ကုန်တိုက်ကနေ ကားထွက်မယ်လုပ်တော့ ကားနားကို ဆိုင်ကယ်တစီး ရောက်လာပြီးတော့ ပထမတချက် ပစ်တယ်။ ဒါပေမယ့် ကျနော်တို့က သေနတ်ပစ်တယ်လို့လည်း သတိမထားမိလိုက်သလို အဲဒီဆိုင်ကယ်က ပစ်တယ်လို့လည်း မတွေးမိဘူး။ ကျနော်တို့ကားပေါ်မှာပါလာတဲ့ မလေးရောက် ရခိုင်လူငယ်တဦးက မြင်မှပဲ ကားကို အချိန်တင်မောင်းပြီး အဝေးပြေးလမ်းမှပေါ်က ဟိုတယ်တခုကို ဝင်ပြီး အကာအကွယ်ယူလိုက်ရတယ်။ ကံကောင်းချင်တော့ ပစ်ချက်က ကားတံခါးမှန်ကိုမထိပဲနဲ့ ကားဘော်ဒီကို သွားထိသောလို့ပဲ။ နို့မို့ဆိုရင်  ပစ်မှတ်က ကျနော့်ဆီမှာ။ ကားထဲက သေနတ်ကျည်ခွံ ၃ခုတွေ့ရှိပါတယ်။ ဟု သတင်းစာရှင်းလင်း ပွဲတွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောသည်။
ယခုတိုက်ခိုက်မှုမှာ အကွက်ကျ ကြိုတင်စီစဉ်ခြင်းဖြစ်ပြီး ရခိုင်ပြည်တွင်း ပြဿနာများနှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း ဒေါက်တာအေးမောင်က နိရဉ္စရာအား ထပ်လောင်း သုံးသပ်ပြောဆိုသည်။
“ကျနော်တို့ကို အစီစဉ်တကျလုပ်ကြံတာလို့ ယုံကြည်တယ်။ မလေးက အစိုးရတာဝန်ရှိသူတွေလည်း အဲလိုပဲ သုံးသပ်တယ်။ ပြည်တွင်းကြောင့် ပြည်ပမှာ ဖြစ်လာတယ်လို့ ယူဆပါတယ်။ ဒီအတွက် အကြမ်းဖက်မှု နဲ့ ဆက်စပ်ပီး ကျနော်တို့ကို တိုက်ခိုက်နေတဲ့ တိုက်ခိုက်မှု အင်အားစုတစုဟာ ပြည်ပမှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး ရှိနေတယ်ဆိုတာ  အခုဖြစ်စဉ်က သက်သေပြနေတယ်လို့ သုံးသပ်နိုင်ပါတယ်” ဟု ဆိုသည်။
Malaysia-Arakanese
မြန်မာသံရုံးအား တရားဝင်အကြောင်းကြားခဲ့ပြီး မလေးရဲများအနေဖြင့်လည်း သက်သေအထောက် အထားများနှင့်တကွ လုပ်ကြံသူနှင့်အဖွဲ့အား စုံးစမ်းရှာဖွေနေပြီးဖြစ်ကြောင်း ရခိုင်ခေါင်းဆောင်များက ပြောသည်။
သတင်းစာရှင်းလင်းပွဲသို့ သတင်းသမား အပါအ၀င် လူပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ပြီး နံနက် ၁၀နာရီခွဲမှ နေ့လည် ၁၂နာရီခွဲထိ ပြုလုပ်ခဲ့သည်။
ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မလေးရှားသို့  အတူသွားရောက်ခဲ့ကြသည့် ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်၊ ဦးလှမြင့်၊ ဦးစံကျော်လှ၊ ဦးကောင်းစံနှင့် ဦးတင်ထူးအောင်တို့လည်း တက်ရောက်ခဲ့ကြသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။