ရခိုင်ခေါင်းဆောင်တွေ မလေးရှားမှာ သေနတ်ပစ်ခံရ

ရခိုင်ခေါင်းဆောင်တွေ မလေးရှားမှာ သေနတ်ပစ်ခံရ

2014-02-06
dr-aye-maung-b305
ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဖြစ်ပါသည်။
RFA
မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကို လူတစ်စုက အကြမ်းဖက်လုပ်ကြံဖို့ ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။
ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးအေးသာအောင်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဗုဒ္ဓဟူးနေ့ညက အမည်မသိ အကြမ်းဖက် သမားတစ်စုက သေနတ် နဲ့ လိုက်လံပစ်ခတ်ခဲ့ကြရာမှာ၊ သူတို့စီးလာတဲ့ကားကို ထိမှန်ပြီး၊  လူတွေတော့ လွတ်မြောက်သွားတယ်လို့  RFA က စုံစမ်းသိရှိရပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့  ဦးအေးသာအောင်တို့နဲ့အတူ ကားထဲမှာ လိုက်ပါသွားခဲ့တဲ့ မလေးရှားရောက် ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးစိုးအောင်က RFA ကို အခုလိုပြောပါတယ်။
“ည ၁၁ နာရီလောက်မှာ ဆိုင်ကယ်နဲ့ နှစ်ယောက်က ကားဘေးကနေ ကပ်လိုက်လာပြီးတော့ ပစ်တာပေါ့၊ ကျနော်တို့ ပစ်တယ်လို့ သိလိုက်တဲ့အချိန်မှာ ကျနော်တို့က ကားကိုလွတ်အောင် မောင်း တာပေါ့ဗျာ၊ မောင်းတဲ့အချိန်မှာ သူတို့က နောက်ကထပ်လိုက်တာပေါ့ဗျာ၊ နောက်ပြီးတော့ ဘေးကို တစ်ချက်ပစ်တယ်၊ နောက်ကနေထပ် နှစ်ချက်ပစ်တာပေါ့၊ သုံးချက်ပေါ့၊ ကားထဲမှာ ကျည်ဆန် သုံးခုတွေ့တာပေါ့၊ ပစ်တဲ့အချိန်မှာ ကြားလိုက်တာက ပစ် ထပ်ပစ် ထပ်ပစ်ဆိုပြီးတော့လို့ ပြောတာ ကြားလိုက်တယ်”
သေနတ်သမားတွေက သူတို့ကားနောက်ကနေ လိုက်လံပစ်ခတ်ချိန်မှာ မြန်မာစကားနဲ့ ပြောဆိုသံကြားခဲ့ရတဲ့ အတွက် အဲဒီအကြမ်းဖက်သမားတွေဟာ မြန်မာနိုင်ငံက ဖြစ်လိမ့်မယ်လို့  ဦးစိုးအောင်က ဆိုပါတယ်။
ဦးအေးသာအောင်နဲ့ ဒေါက်တာအေးမောင် ဦးဆောင်တဲ့အဖွဲ့ ဟာ မလေးရှားမှာ အလုပ်လုပ်ကိုင်နေတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ တွေ့ ဆုံဆွေးနွေးဖို့ သွားရောက်နေတာဖြစ်ပါတယ်။
အခုတိုက်ခိုက်မှုမှာ တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်း၊ ဒီဖြစ်ရပ်ကို မလေးရှားရဲဌာနမှာ အမှုဖွင့်ထားကြောင်း သိရပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ သေနတ်သမားတွေကို ရှာလို့မတွေ့ သေးဘူးလို့ ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့  ဦးစိုးအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
 
======
RFA Burmese 
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။