ဘင်္ဂလီများက ဘင်္ဂလီနေအိမ်များကို ၀င်ရောက်ဓါးပြတိုက်ကာ ရဲများဓါးပြတိုက်သည်ဟု သတင်းလွှင့်သည့် ဖြစ်ရပ်မှန် အဖြေရှာတွေ့

ဘင်္ဂလီများက ဘင်္ဂလီနေအိမ်များကို ၀င်ရောက်ဓါးပြတိုက်ကာ ရဲများဓါးပြတိုက်သည်ဟု သတင်းလွှင့်သည့် ဖြစ်ရပ်မှန် အဖြေရှာတွေ့
===============================================
မောင်တော၊ ဖေဖော်ဝါရီ (၂၁) ရက်
မောင်တေနယ်စပ်တွင် တာဝန်ထမ်းဆောင်နေသော ဌါနဆိုင်ရာများနှင့် ဒေသခံ တိုင်းရင်းသားများကို နည်းလမ်းအမျိုးမျိုးဖြင့် တိုက်ခိုက်နေသည့် ဘင်္ဂလီများမှာ ဇာတ်တူသားစားသကဲ့သို့ ချမ်းသာသည့် ဘင်္ဂလီနေအိမ်များကို ၀င်ရောက် ဓါးပြတိုက်ကာ ရဲတပ်ဖွဲ့ဝင်များမှ ဓါးပြတိုက်နေသည်ဟု သတင်းမှားများ ထုတ်လွှင့်ခဲ့ ခြင်းမှာ ဖြစ်ရပ်အမှန်ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့က မောင်တောမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တိုးတိုးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များမှာ မြို့ပေါ်ရွှေဆိုင်များတွင် ဘင်္ဂလီလူမျိုး (၅)ဦးခန့်မှ ရွှေထည်ပစ္စည်းများ လိုက်လံရောင်းချ နေကြောင်းသတင်းအရ စုံစမ်းရှာဖွေခဲ့ရာ သိန်း(၅၀)ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို ‘ယာဆိန်’ရွှေဆိုင်တွင် တွေ့ရှိခဲ့ရကြောင်း သိရသည်။
ရွှေထည်ပစ္စည်းများ လာရောက်ရောင်းချသူများမှာ အဒူမော်လောက် (ဘ) ဘာဆာမျှာ၊ အာဇီဇူရာမန် (ဘ) အဒူရှုကူရ်၊ မာမတ်အာယု (ဘ) မာမတ်ကာဆိမ်း၊ မာမတ်အာလောင် (ဘ) ဟာဆောင်းအာလီနှင့် အေနာမ်မူလာ (ဘ) ရော်ရှိတ်ဒူလာတို့ဖြစ်ပြီး ၄င်းတို့ထံမှ ရွှေထည်ပစ္စည်း (၁၆)မျိုး တန်ဖိုး သိန်း(၅၅၇၇၀၀၀)ကျပ်ကို သက်သေများနှင့်အတူ တွေ့ရှိရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရွှေထည်ရောင်းချလာသူများကို စုံစမ်းစစ်မေးခဲ့ရာ ဇန်န၀ါရီလ (၄) ရက်နေ့ နံနက်(၁)နာရီအချိန်တွင် မောင်တောမြို့နယ် အလယ်သံကျော်အုပ်စု မောင်တူလာရွာနေ ရှော်ဘီအူလာ (၆၂)နှစ်၊ (ဘ) နော်ဇီရာမောက်၏ နေအိမ်ကို သွားရောက်ပြီး ဓါးပြတိုက်၍ ရရှိလာသော ရွှေထည်များဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရကြောင်း နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်တိုးတိုးမှ ပြောကြားသည်။

“ပထမတော့ မသင်္ကာတဲ့အတွက် ခေါ်ယူစစ်ဆေးလိုက်တာပါ။ အဲဒီမှာ သူတို့လာရောင်းတဲ့ရွှေထည်တွေက ဓါးပြတိုက်လို့ရလာတဲ့ ပစ္စည်းတွေဖြစ်ပြီး အခုလာရောင်းတဲ့သူတွေကလည်း ဓါးပြတွေဖြစ်နေတာဖြစ်ပါတယ်။ အဲဒီ ငါးဦးထဲမှာ တစ်ဦးပဲ အစိုးရကျောင်းထွက်ဖြစ်ပြီး ကျန်လေးဦးက ဘင်္ဂလီအာရဗီကျောင်းထွက်တွေဖြစ်နေပါတယ်။ မောင်တောမြို့မှာ ဓါးပြမှုတွေဖြစ်လို့ရှိရင် ရဲတိုက်တယ်လို့ သတင်းဌါနတစ်ချို့က မဟုတ်မမှန် သတင်းလွှင့်နေတာတွေ အခုမှ ဘင်္ဂလီတွေလက်ချက်ဆိုတာ ဖော်ထုတ်နိုင်ပါပြီ။”ဟု ဆက်လက်ပြောပြသည်။
အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မောင်တောမြို့မရဲစခန်းမှ (ပ)၂၃/၂၀၁၄ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
=============
နတ်မြစ်ကမ်းစောင့်သူ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။