တားမြစ်နယ်မြေ ကျူးးကျော်ဝင်ရောက်တဲ့ မလေးရှားနိုင်ငံသား စစ်တွေတွင် အ၀ိုင်းခံရ

တားမြစ်နယ်မြေ ကျူးးကျော်ဝင်ရောက်တဲ့ မလေးရှားနိုင်ငံသား စစ်တွေတွင် အ၀ိုင်းခံရ

(နိရဉ္စရာ- ၂၁ ဖေဖေါ်ဝါရီလ ၂၀၁၄)
sittwe_tower
မလေးရှားနိုင်ငံသား တစ်ဦးသည် ယမန်နေ့က ကန့်သတ် တားမြစ်ထားသော နယ်မြေတစ်ခုဖြစ်သော စစ်တွေမြို့ အောင်မင်္ဂလာ(အင်ဘာလာ) ရပ်ကွက်သို့ ညဥ့်အချိန်မတော် တိတ်တဆိတ် ၀င်ရောက်ခဲ့ရာမှ ပြဿနာ တစ်ရပ် ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

“ အဲဒီ မလေးရှားနိုင်ငံခြားသားက တားမြစ်ထားတဲ့ အောင်မင်္ဂလာ ရပ်ကွက်ထဲကို ၀င်တယ်။ နောက်ပိုင်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သိရှိသွားပြီး သူတည်းတဲ့ မြတည်းခိုရိပ်သာ သူ့ကို ပြန်ခေါ်ယူလာခဲ့တယ်။ နောက်ပိုင်းမှာ သတင်းကျယ်ပြန့်သွားပြီး လူတွေဝိုင်းလိုက်လာပြီး သူ့ကို ထုတ်ပေးဖို့တောင်းဆိုကြတယ်။ တည်းခိုခန်းကို ၀ိုင်းထားတဲ့ လူက ရာဂဏန်းနဲ့ ချီပြီး ရှိပါတယ်” ဟု အခင်းဖြစ်ပွားစဉ် အနီးအနားတွင် ရှိနေသူ ကိုခိုင်ကောင်းစံက သူမြင်တွေ့သမျှကို ယင်းသို့ ပြောကြားသည်။

ပြဿနာ ဖြစ်ပွားသည့် အချိန်မှာ ည ၁၀ နာရီကျော်ခန့်တွင် ဖြစ်ကြောင်း၊ ထိုသို့ တည်းခိုခန်းကို ၀ိုင်းဝန်းခဲ့ကြသဖြင့် စစ်တွေတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြောင်း၊ နောက်ပိုင်း တာဝန်ရှိသူများမှ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသဖြင့် တည်းခိုခန်းကို ၀ိုင်းထားသူများက လူစုခွဲလိုက်ကြသည်ဟု ဆိုသည်။

“ သူ့ဆီက ကင်မရာတွေနဲ့ မှတ်တမ်းမှတ်ရာတွေကို သိမ်းဆည်းဖို့ တောင်းဆိုကြတယ်။ သူကိုထုတ်ပေးဖို့ ပြောဆိုကြတယ်။ တာဝန်ရှိသူတွေက စည်းကမ်းချိုးဖေါက်တဲ့ အတွက် ဥပဒေကြောင်းအရ အရေးယူပေးမယ်လို့ ပြောဆိုတဲ့ အတွက် နောက်ပိုင်းမှာတည်းခိုခန်းကို ၀ိုင်းထားကြတဲ့သူတွေ နေအိမ်တွေဆီကို ပြန်သွားကြပါတယ်” ဟု ယင်းက ဆိုသည်။
သို့သော်လည်း မြတည်းခိုရိပ်သာ အနီးတ၀ိုက်တွင် သက်ဆိုင်ရာမှ လုံခြုံရေး တင်းကြပ်ထားကြောင်း၊ ရဲတပ်ဖွဲ့ဝင်များကို တိုးချဲ့ချထားကြောင်း မျက်မြင်များက ပြောကြားသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။