ဒူချီးရားတန်းရွာဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူများသည် တစ်ဖက်နိုင်ငံရှိ RSO အဖွဲ့ထံမှ ဆုရရှိရေး ဆောင်ရွက်နေသည်ဟု သိရကြောင်း ပြည်ထဲရေးဝန်ကြီးပြောကြား

Published on: January 29, 2014
ရခိုင်ပြည်နယ်မောင်တောမြို့နယ်၊ ခရေမြိုင်ရဲကင်းမှ လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးခဲ့သည့် ဒူချီးရားတန်းရွာဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူများသည် တစ်ဖက်နိုင်ငံရှိ RSO (Rohinja Solidarity Organization) ဆိုသည့်အဖွဲ့ထံမှ ဆုရရှိရေး ဆောင်ရွက်နေသည်ဟု သိရကြောင်း ဇန်နဝါရီ ၂၈ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် ရခိုင်ပြည်နယ် အရေးကိစ္စများအား သံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ကုလသမဂ္ဂ အဖွဲ့အစည်းများအား အစိုးရအဖွဲ့ တာဝန်ရှိသူများမှ ရှင်းပြသည့်အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားသည်။

“အတည်ပြုဆဲ သတင်းများအရ ပြစ်မှုကျူးလွန်သူအဖွဲ့မှ ၁၁ ဦးသည် တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေပြီး ဒူချီးရားတန်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆုရရှိရေး RSO အဖွဲ့များထံ တောင်းခံဆောင်ရွက်လျက်ရှိကြောင်း သတင်းပေးများထံက စုံစမ်းသိရှိရပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက သံတမန်များအား ရှင်းပြသည်။

ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ခိုင်လုံသည့် အထောက်အထားများ ရှိပါက ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရေးပြုလုပ်ရန် သံတမန်များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများအား ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဖိတ်ခေါ်မှုပြုလုပ်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းမှ မည်သည့်ပြစ်မှုမျိုးမဆို ကျူးလွန်ကြောင်း ခိုင်လုံပါက အရေးယူဆောင်ရွက်သွားမည်ဟု ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားသည်။
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။