အစိုးရခွင့်ပြုချက်မရှိဘဲ စစ်တွေမြို့နယ်အတွင်း တိတ်တဆိတ် ဗလီဆောက်ခြင်းများကို ပြုလုပ်လာခြင်းများလည်း ရှိနေကြောင်း သိရှိရ

အစိုးရခွင့်ပြုချက်မရှိဘဲ စစ်တွေမြို့နယ်အတွင်း တိတ်တဆိတ် ဗလီဆောက်ခြင်းများကို ပြုလုပ်လာခြင်းများလည်း ရှိနေကြောင်း သိရှိရ

စစ်တွေ၊ ဇန်န၀ါရီလ ၁၃

တရားမ၀င် ခိုးဆောက်နေသော ဗလီ

တရားမ၀င် ခိုးဆောက်နေသော ဗလီ

အစိုးရခွင့်ပြုချက်မရှိဘဲ စစ်တွေမြို့နယ်အတွင်းရှိ ဘုမေကျေးရွာအုပ်စု လက်သမားကျေးရွာတွင် တိတ်တဆိတ်ဗလီဆောက် လုပ်ခြင်းများ ကိုပြုလုပ်နေခြင်းများရှိနေကြောင်းသိရှိရသည်။

ထိုသို့ဆောက်လုပ်နေခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော် မတီဥက္ကဌ ဦးလှသိန်းက “တရားဝင်ခွင့်ပြုထားတာလည်းမရှိဘူး။ ဗလီဆောက်ခွင့်ဘယ်သူ့ကိုမှ မပေးဘူး။ ဒါပေမယ့် အခု ဆောက်လုပ်နေတယ်ဆိုတဲ့ကိစ္စကိုတော့ ကျွန်တော်တို့မသိသေးဘူး။ သက်ဆိုင်ရာဝန်ကြီးကိုအကြောင်းကြားပြီး လိုအပ်တာ ဆောင်ရွက်သွားမှာပါ” ဟုပြောကြားခဲ့ပါသည်။

ယင်းသို့ဗလီဆောက်လုပ်ရန်အတွက် ပြည်ပအဖွဲ့အစည်းတစ်ခုဖြစ်သည့် မလေးရှားနိုင်ငံအခြေစိုက် မူဆလင် အဖွဲ့စည်း တစ်ခုဖြစ်သည့် MRA ကလှူဒါန်းထားခြင်းဖြစ်ကြောင်းနှင့် ထိုဆောက်လုပ်နေသော နေရာသည် ကယ်ဆယ်ရေးစခန်းမဟုတ်ဘဲ ယခင်ကတည်းက ရှိ နေသော ကျေးရွာတစ်ခုဖြစ်ကြောင်းလည်း သိရှိရပါသည်။ ကယ်ဆယ် ရေးစခန်းများတွင်လည်း ယာယီဗလီများကို ပြုလုပ်ထားပေးပြီး အခိုင်အမာဆောက်လုပ်ခွင့်ကို ခွင့်ပြုထားခြင်းရှိကြောင်း လည်း သိရှိရပါသည်။



ယင်းရွာသည် စစ်တွေမြို့အနောက်ဘက် ၂ မိုင်ခန့်အကွာ၊ ဘုမေကျေးရွာအုပ်စုတွင် ပါဝင်သော ကျေးရွာတစ်ခုဖြစ်ကြောင်း နှင့် ယင်းသို့ တရားမ၀င် ဗလီများအား တာဝန်ရှိသူများ မသိအောင် ဆောက်လုပ်နေခြင်းနှင့် ပြည်ပအဖွဲ့အစည်းတစ်ခုဖြစ် သည့် MRA (Malaysian Relief Agency) အဖွဲ့အစည်းသည် မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများကို လေးစား လိုက် နာခြင်းမရှိသည့်အပြင် အစိုးရအားမထီမဲ့ မြင်ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုကြပါသည်။

ယင်းသို့ ဗလီများဆောက်လုပ်နေခြင်းသည် ပြဿနာဖြစ်လာအောင်ဖန်တီးနေခြင်းဖြစ်ကြောင်း လည်းဒေသခံများက သုံးသပ် ပြောကြကြောင်းလည်းသိရသည်။ ဗလီဆောက်ခြင်းနှင့် ပတ်သက်ပြီး ဒေသခံရခိုင်တိုင်းရင်း တစ်ဦးဖြစ်သော စစ်တွေမြို့မှ ဦး သန်းထွန်းက “ဘင်္ဂလီတွေ နေထိုင်နေမြေ အားလုံးဟာ မြန်မာအစိုးရအချုပ်အချာ အာဏာအောက်က ကင်းလွတ်တဲ့ နေရာတွေဖြစ်နေတယ်။ နိုင်ငံသားမဟုတ်တဲ့ဘင်္ဂလီတွေဟာ အဆောက်အဦးတွေ ဆောက် ချင်သလို ဆောက်တယ်၊ ရာဇာဝတ်မှုတွေ ကျူလွန်ချင်သလို ကျူးလွန်နေတာတွေကို အစိုးရက ယနေ့တိုင် ပြတ်ပြတ်သားသား အရေးယူနိုင်ခြင်းမရှိတာကို နိုင်ငံသားတစ်ဦး အနေဲ့ အံ့သြ၀မ်းနည်းမိပါတယ်”ဟုပြောကြားခဲ့ပါသည်။

အဆိုပါဗလီဆောက်လုပ်မှုအနေအထားသည် ၉၀ ရာခိုင်နန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ယင်းအဆောက်အဦအား မည်သို့ ကိုင်တွယ်ဖြေရှင်းသွားမည်ကို ပြည်သူများနေဖြင့် အထူးစိတ်ဝင်စား လျက်ရှိကြောင်းနှင့် အုတ်ဖြင့်အခိုင် အမာဆောက်လုပ်နေခြင်းသည် လုံးဝမသင့်တော်သော လုပ်ရပ်များသာဖြစ်ကြောင်း လည်းပြောဆိုနေကြကြောင်း သိရှိရပါသည်။

အလျား ၁၅ ပေ၊ အနံ ၁၂ ၊ အမြင့် ၁၀ ပေရှိရှိ ဗလီအား ဆောက်လုပ်နေခြင်းဖြစ်ကြောင်းနှင့် သွပ်မိုး၊ အုတ်နံရံ၊ ကွန်ကရစ်ခင်း အနေအထားဖြင့် အခိုင်အမာ ဆောက်လုပ်ထားပြီ ဖြစ်ကြောင်းသိရသည်။
ယင်းအပေါ် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မည်သို့မျှ အရေးယူခြင်းမရှိသေးကြောင်း၊ ရခိုင်ပြည်နယ်အတွင်း တစ်နေ့တခြား ဗလီများဆောက်လုပ်ခွင့်ကို လက်ရှိ ပြည်နယ်အစိုးရ အဖွဲ့လက်ထက်တွင် ပိုမိုဆောက်လုပ်လာသည်ဟု လည်း သိရသည်။

ယင်းအတွက် ရခိုင်ပြည်အတွင်း ဘင်္ဂလီများ မည်သို့ပင်လုပ်ကိုင်နေကြပါစေ၊ အစိုးရအဖွဲ့အနေဖြင့် မသိလိုက်မသိဖာသာ နေထိုင်ကြသည်ကိုလည်းတွေရပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်များလည်း အခါခါ သတ်ပုတ်စော်ကားခြင်းခံနေရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ တရားမ၀င်ဆောက်လုပ်ထားသော ဗလီအမြောက်အများရှိနေပြီး ထိုဗလီများအား မည်သို့မှ တားဆီးနိုင်ခြင်း မရှိသေးကြောင်းလည်း ဒေသခံများက ပြောဆိုကြပါသည်။

Share Arakan News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။