မောင်တော ဒုချီးရားတန်းမီး ရှို့မီးဖြစ်ကြောင်း အာဏာပိုင်များပြော

မောင်တော ဒုချီးရားတန်းမီး ရှို့မီးဖြစ်ကြောင်း အာဏာပိုင်များပြော

(နိရဉ္စရာ- ၂၉ ဇန်န၀ါရီလ ၂၀၁၄)

( မီးလောင်မူကို ဒေသဆိုင်ရာ အာဏာပိုင်များမှ ယခုလို ရိုက်ကူး မှတ်တမ်းတင်ခဲ့သည်။)



ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာတွင် ယမန်နေ့ညနေက လောင်ခဲ့သော မီးမှာ ရှို့မီး ဖြစ်ကြောင်း မောင်တောခရိုင် ကွပ်ကဲရေးမှူး ရဲမှူးကြီး ဦးတင်ကိုကိုက နိရဉ္စရာသို့ ပြောကြားသည်။

၎င်းမီးသည် ဒုချီးရားတန်း မွတ်ဆလင်အနောက်ရွာတွင် ညနေ ၈ နာရီ ၄၅ မိနစ်တွင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ညနေ ၁၀ နာရီတွင် မီးညွှန့်ကျိုးကာ ငြိမ်းသွားခဲ့သည်ဟု သိရသည်။

ယခု မီးလောင်မူမှာ ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး ဇန်န၀ါရီလ ၁၃ ရက်နေ့က ဒုချီးရားတန်း (အလယ်ရွာ) တွင် ဖြစ်ပွားခဲ့သောပြဿနာနှင့် ပတ်သက်ပြီး နိုင်ငံခြား သံတမန်များနှင့် ကုလသမဂ္ဂကိုယ်စားလှယ်များအား ရှင်းလင်းပွဲ အပြီး နာရီပိုင်းအကြာတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

မီးလောင်မူကြောင့် အိမ်ကြီး ၄လုံး အပါအ၀င် တဲသာသာသာ အိမ် ၁၂ လုံး၊ စုစုပေါင်း ၁၆ လုံး မီးထဲပါသွားခဲ့သည်။

ယခုမီးမှာ ရှို့မီးဖြစ်ကြောင်း ရဲမှူးကြီး ဦးတင်ကိုကိုက ယခုလို ပြောသည်။

“ မီးလောင်တယ်ဆိုတာက အိမ်ဘဲ လောင်ရမယ်။ အခု ခြံစည်းရိုးတွေပါ တပြိုင်တည်း လောင်တယ်။ ဒါထုံးစံမရှိဘူး။ အခု မီးလောင်တာက မြောက်ဘက် အစွန်ဆုံးအိမ်၊ အိမ်ရော၊ ခြံစည်းရိုး တပြိုင်တည်း လောင်တယ်။ ဒါ ထူးဆန်းတာ တစ်ချက်။ နောက်တစ်ချက်က မီးလောင်တဲ့ နေရာက တောင်ဘက်ကို ကိုက်၂၀၀ အကွာ ရွာအလယ်မှာ မီးထလောင်ပြန်တယ်။ အဲဒီအချိန်မှာ လေက အရှေ့ကနေတိုက်နေတယ်။ ဘယ်လိုနည်းနဲ့မှ ရွာလယ်မှာ မီးထလောင်ဖို့ မဖြစ်နိုင်ဘူး။ ဒါက ဒုတိယ တချက်။ ကျွန်တော်တို့က မီးသတ်ဖို့သွားတာ။ ခုလို ဖြစ်နေတော့ ဘယ်လိုမှ မသတ်နိုင်ဘူး” ဟု ဆိုသည်။

ယင်းပြင် မီးလောင်သော နေအိမ်များထဲတွင်လည်း ထင်းပုံများကို စုပုံ၍ တွေ့ရှိရကြောင်း၊ အခြေအနေအရပ်ရပ်ကို သုံးသပ်ပါက ရှို့မီးဖြစ်ကြောင်း ရဲမှူးကြီး ဦးတင်ကိုကိုက ပြောသည်။

ယခု အချိန်ထိ တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးခြင်း မရှိသေးကြောင်း၊ ရွာထဲတွင် ရွာသား တစ်ဦးမှ မရှိဘဲ ဘင်္ဂလီ အမျိုးသမီးကြီး တစ်ဦးကို တွေ့ရှိရသဖြင့် ဖမ်းထိန်းထားကြောင်း ရဲမှူးကြီးက ဆက် ပြောသည်။

( မီးလောင်မူကို ဒေသဆိုင်ရာ အာဏာပိုင်များမှ ယခုလို ရိုက်ကူး မှတ်တမ်းတင်ခဲ့သည်။)

ပုံမှန်အတိုင်း မီးလောင်ပါက အနီးအနားရှိ ဒေသခံများက ၀ိုင်းဝန်းမီးငြိမ်းသတ်လေ့ရှိပြီး ယခုမီးလောင်မူတွင် မီးလောင်နေစဉ် ရွာသား တစ်ဦးမှ မရှိဘဲ ထွက်ပြေးသွားကြသည်ကို ထောက်ရှု့ခြင်းအားဖြင့် မီးမှာ ရှို့မီးဖြစ်နိုင်ကြောင်း ပိုမို ထင်ရှားစေသည်ဟု အာဏာပိုင်များက ဆိုသည်။

မီးလောင်မူ ဖြစ်ပွားချိန်တွင် မြို့နယ် အဆင့် တာဝန်ရှိသူများ၊ မီးသတ်ဖွဲ့များ ရောက်ရှိလာပြီး မီးငြိမ်းသတ်ခဲ့ကြသည်ဟု သိရသည်။

ယခုမီးလောင်သော ဒုချီးရားတန်း အနောက်ရွာတွင် အိမ်ခြေ (၃၀) ခန့်ရှိပြီး ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း အသတ်ခံခဲ့ရသော ဒုချီးရားတန်း (အလယ်ရွာ)မှ ၂ ဖါလုံခန့်ဝေးကြောင်း သိရှိရသည်။

ဘင်္ဂလီရွာသားများက ကိုယ်အိမ်ကိုကိုယ် မီးရှို့ကြခြင်းဖြစ်သော်လည်း အနီးအနားရှိ ရခိုင်ရွာသားများကို မဆီမဆိုင် စွပ်စွဲလာမည်ကို ဒေသခံများက အထူးစိုးရိမ်နေကြသည်ဟု ၎င်းရွာအနီးရှိ ခရေမြိုင်ရွာသားများက ပြောဆိုသည်။

http://www.narinjara.com/burmese/?p=9111
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။