ကျောက်တော်မြို့တွင် ဘင်္ဂလားဒေ့ခ်ျမှ ရခိုင်ဒုက္ခသည်များ အကူအညီလိုအပ်နေပြီး၊ သက်ဆိုင်ရာ အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးမှုမရှိ


မိုးဇော် (သတင်း)




ဘင်္ဂလားဒေ့ခ်ျနိုင်ငံအတွင်းတွင် ဖြစ်ပွားနေသော လူမျိုးရေး ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ အတွင်း၌ရှိသည့် ရခိုင်လူမျိုး ဒုက္ခသည် ၁၂၀ ဦးခန့်သည် ကျောက်တော်မြို့နယ် အတွင်းသို့ ယခုလ ၂၀ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာခဲ့ကြပြီး ၄င်းတို့၏ စားဝတ်နေရေး အကူအညီများ လိုအပ်နေပြီး သက်ဆိုင်ရာ အစိုးရအနေဖြင့်လည်း ကူညီဆောင်ရွက်ပေးမှုများ မရှိသေးကြောင်း သိရသည်။

ယခုလက်ရှိတွင် ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည်များကို ကျောက်တော်မြို့ ဒေသခံများက စုပေါင်းပြီး မြို့နယ် သံယာ့ဗိမာန်တွင် ကယ်ဆယ်စခန်းဖွင့်လှစ်ထားပြီး ကူညီဆောင်ရွက်မှုများ ပြုလုပ်နေ ကြသည်။

" အခုကျနော်တို့ ဘင်္ဂလားဒေ့ခ်ျကနေပြီးတော့ ပြန်လာရတယ်ဆိုတာ အနေမသာလို့ပါ။ အနေမသာတဲ့ အကြောင်းကတော့ ဘင်္ဂလာမှာ ကျနော်တို့ကို ဘင်္ဂါလီလူမျိုးတွေက အစစအရာရာ စီးပွားရေးတွေ၊ ပညာရေးတွေ၊ ဒါကို တဖက်သက် အနိုင်ကျင့်လာတယ်။ အဲဒါကြောင့် ဘင်္ဂလာမှာ ဆက်ပြီးနေဖို့ အနေမသာတော့ပါ။ အဲဒီတော့ ကျနော်တို့ ကိုယ်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ရခိုင်လူမျိုးရှိတဲ့နေရာ ရခိုင်ပြည်ကို ကျနော်တို့ ထွက်ပြေးလာရတာ ဖြစ်ပါတယ်။ " ဟု ဒုက္ခသည်တစ်ဦးဖြစ်သူ ကိုအောင်ရွှေသိန်းက ပြောသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရောက်ရှိလာသည့် ဒုက္ခသည်များကို စားဝတ်နေရေး၊ နေအိမ်များ၊ အလုပ် အကိုင်များ တို့ကို ကူညီဆောင်ရွက်ပေးစေချင်ကြောင်း ရောက်ရှိလာသည့် ဒုက္ခသည်များက ပြောဆိုကြသည်။

ကျောက်တော်၊ မြို့မိမြို့ဖတစ်ဦးက " လူဦးရေကများလာတယ်၊ သူတို့စားဝတ်နေရေးကအစ အကုန်လုံးကို အဆင်ပြေအောင် အတတ်နိုင်ဆုံး ပံ့ပိုးပေးထားပါတယ်။ သက်ဆိုင်ရာရော၊ အင်ဂျီအိုတွေကပါ ဘာမှဆောင်ရွက်ပေးတာမျိုးမရှိဘူး။ သက်ဆိုင်ရာကတော့ ဒီဒုက္ခသည်တွေကို ပို့မယ်ဆိုပြီးတော့ သူတို့ဦးဆောင်ပြီးတော့ ပို့ပေးမယ်ဆိုတဲ့ အစီအစဉ်တခုတော့ ရှိပါတယ်။ ကျန်တဲ့ဟာကတော့ ဘာမှ မရှိပါဘူး။ " ဟု ပြောသည်။


ဒုက္ခသည်တစ်ဦးက " ကျနော်တို့ ရခိုင်ပြည်ထဲမှာ နေဖို့ စိတ်ရှိပါတယ်။ ဒါပေမယ့် အခု လူကြီးတွေ၊ အစိုးရတွေက ဘယ်နေရာ၊ ဘယ်ဒေသမှာ ချပေးမလဲဆိုတာ မရှိပါဘူး။ ချပေးတဲ့နေရာမှာ ကျနော်တို့က နေရမှာပါ။ " က ပြောသည်။

ရောက်ရှိလာသော ရခိုင်ဒုက္ခသည်များကို အစိုးရတာဝန်ရှိသူများက စားရေးကောင်းသည့်နေရာ၊ စီးပွားရေး လုံလုံခြုံခြုံရှိသည့်နေရာနှင့် လုံမှုရေးလုံခြုံမှုရှိသော နေရာများတွင် နေချင်ပါသည်ဟု ဘင်္ဂလာဒေ့ခ်ျနိုင်ငံ၊ ရွာတော်ခရိုင်မှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည် ကိုတင်မောင်က ဆိုသည်။

ရောက်ရှိလာသော ဒုက္ခသည်အများစုမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ရွာအိုခရိုင်နှင့် ကျောက်ဆူးရွာ၊ နတ်တောင်ရွာ၊ ရမ္မက်ကျေးရွာ စသည့် ကျေးရွာများမှ ဖြစ်ပြီး ချင်းပြည်နယ်၊ ပလက်ဝ ကတဆင့် ကျောက်တော်မြို့နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်းလာခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်အစိုးရဖွဲ့အနေဖြင့် စာရင်းကောက်ခံယူမှု တစ်ခုသာရှိပြီး တခြားအင်ဂျီအိုများအနေဖြင့်လည်း ကူညီထောက်ပံ့ပေးခြင်းများ မရှိသေးဟု သိရသည်။

http://www.arakantimes.net
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။