မလေးရောက်လျှင် မြန်မာနိုင်ငံသားအဖြစ် လိမ်လည်ခံယူကြမည့် ဘင်္ဂလီများ နယ်စပ်တွင်ဖမ်းမိ

မလေးရောက်လျှင် မြန်မာနိုင်ငံသားအဖြစ် လိမ်လည်ခံယူကြမည့် ဘင်္ဂလီများ နယ်စပ်တွင်ဖမ်းမိ

( ဖမ်းမိထားတဲ့ မလေးကိုသွားမယ့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများကို တွေ့ရစဉ်။)
မလေးရှားရောက်လျှင် မြန်မာနိုင်ငံသားဖြစ်ကြောင်း လိမ်လည်ခံယူကြမည့် ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၅၇ ဦးကို မြန်မာနယ်စပ်အနီးမှာတည်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၊ တက်ကနက်မြို့မှာ ဇန်န၀ါရီလ ၂၄ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းမိသူတွေအထဲမှာ နော်ချိန်ဒီမြို့မှ ၁၇ ဦး၊ ဂျော်ဆိုးမြို့မှ ၇ ဦး၊နာရာယန်ဂေါင်မြို့မှ ၁၃ ဦး၊ ဘိုဂုနမှ ၄ ဦး၊ ဘိုဂူရာမှ ၃ ဦး၊ ချီရာဂေါင်မြို့မှ ၃ ဦး၊ ချကီးရာမှ ၂ ဦး၊ မဟာပူရ်မှ ၂ ဦး၊ ဘော်ရီခ်ျ ၄ ဦးနဲ့ ကော်မီလာမြို့က ၂ ဦးတို့ ဖြစ်ကြတယ်လို့ ဘင်္ဂလာဒေခ်ျ့ရဲက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။
သူတို့တွေကို မလေးရှားကို ရေလမ်းကနေ တဆင့် စက်လှေတွေနဲ့ ခိုးသွားဖို့ စီစဉ်နေစဉ်မှာ တက်ကနက်မြို့နယ် ကော်စူနီယာအရပ်မှာ ဘင်္ဂလာဒေခ်ျ့ အကောက် အခွန်ဌာနက ဇန်န၀ါရီလ ၂၄ ရက်နေ့ ညနေ (၅) နာရီမှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

သူတို့ကို အခုအခါမှာတော့ တက်ကနက်ရဲစခန်းကို လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံကနေ မလေးရှားကို အလုပ်သမားတွေ တရားဝင်ပို့ဆောင်နေပေမယ့် အများစု ဘင်္ဂလီတွေကတော့ တရားဝင်အလုပ် သွားလုပ်မှာကိုထက် တရားမ၀င် သွားလုပ်ရတာကို ပိုနှစ်သက် သဘောကျကြတယ်လို့ သိရပါတယ်။

ခုလို နှစ်သက်ရတဲ့ အကြောင်းအရင်းကတော့ တရားမ၀င် အလုပ်သွားလုပ်ရင် အစိုးရကို အခွန်ဆောင်စရာမလိုတဲ့အပြင် နှစ်အကန့်အသတ်မရှိ ဘင်္ဂလာဒေခ်ျ့ကို မပြန်ဘဲ နေထိုင် အလုပ် လုပ်ကိုင်နိုင်တဲ့ အတွက် ဖြစ်ပါတယ်။

ဒါ့ပြင် မလေးရှားကိုဖြစ်ဖြစ်၊ ထိုင်းကို ဖြစ်ဖြစ် ရောက်သွားတဲ့ အခါ သူတို့တွေဟာ မြန်မာအစိုးရနဲ့ ဒေသခံ ဗုဒ္ဓဘာသာ ရခိုင်တွေရဲ့ နှိပ်စက်မူကြောင့် ထွက်ပြေးလာရတဲ့ လူနည်းစု ရိုဟင်ဂျာတွေ ဖြစ်တယ်ဆိုပြီး လိမ်လည်ကာ ခိုလုံခွင့်တောင်းတို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ ရယူကြတာ တို့ကို ပြုလုပ် ကြတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး လူပ်ရှားသူတွေကလည်း သူတို့ကို ရိုဟင်ဂျာတွေ အဖြစ် တံဆိပ်ကပ်ကာ နိုင်ငံတကာမှာ လူပ်ရှားကြတယ်လို့ သိရပါတယ်။ အများစု ဘင်္ဂလီတွေဟာ မလေးကိုရောက်တဲ့အခါ မြန်မာနိုင်ငံက ထုတ်ပေးတဲ့ White card အဖြူရောင်ကဒ်တွေကို အတုလုပ် ကိုင်ဆောင်ပြီး ယူအန်မှာ ဒုက္ခသည်တွေအဖြစ် လျှောက်ထားကြတယ်လို့လည်း သိရပါတယ်။

အခုလို လိမ်လည်မူတွေကြောင့် မလေးရှားနဲ့ ထိုင်းမှာ ယခင်က ဖမ်းမိခဲ့သူတွေ အထဲမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား တစ်ဦးတစ်ယောက်မှ မပါဝင်ဘဲ သူတို့ရဲ့ အမည်စာရင်းတွေ ပျောက်ကွယ်နေ တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

(နိရဉ္စရာ- ၂၅ ဇန်န၀ါရီ ၂၀၁၄)
narinjara.com
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။