ဘုတ်ဝင်ရိုးကျိုး၍
ဘင်္ဂလီကုလားဘုတ်တစ်စီး ကျောက်ဖြူ - ၅၄၂ အောက်မှာကမ်းကပ်
...........................................
ယနေ့ ၂၅-၁၁-၂၀၁၂
၊ မနက်စောစော ၄ နာရီခန့်တွင် ကျောက်ဖြူမြို့၊ ခြေမြန်တပ်ရင်းအမှတ် ၅၄၂ အနီးပင်လယ်ကမ်းခြေတွင် ဘုတ်ဝင်ရိုးကျိုး၍ ဘင်္ဂလီကုလားဘုတ်တစ်စီး
ကမ်းကပ်လာကြောင်းသိရသည်။
“မနေ့ (၂၄-၁၁-၂၀၁၂)
ညနေ ၇ နာရီဝန်းကျင်ကတည်း ပင်လယ်ပြင်ထဲမှာ ဘင်္ဂလီကုလားဘုတ် ၃ စီးတွေ့တယ်လို့ ပင်လယ်ထဲမှာ
ငါးဖမ်းနေတဲ့ တန်ကဲ (ငါးဖမ်း) သင်္ဘောသားများကနေ ဖုန်းဆက်တယ်။ အဲဒါကြောင့် လူတွေက ကုလားပြဿနာရှာမလား၊
ကမ်းကပ်ပြီး ရခိုင်တွေအိမ်ကိုပဲမီးလာရှို့လေမလားလို့ ရခိုင်တွေက တညလုံးစောင့်ကြည့်နေကြတယ်” ဟု ၎င်းသတင်းနှင့်ဆက် စပ်ပြီး ဒေသခိုင် တစ်ဦးကနေ
ပြောကြားသွားပါတယ်။
ပင်လယ်ထဲ၌ငါးဖမ်းနေကြသော
တန်ကဲ(ငါးဖမ်း)သင်္ဘောသားများ၏ သတင်းပေးပို့သော သတင်းအရ ဘင်္ဂလီကုလားဘုတ်ဟာ ၃ စီးဖြစ်ပြီး၊
နှစ်စီးက ဘယ်ဒေသကို ဆက်လက်ခုတ်မောင်းသွားကြောင်းမသိရပေ။ တစ်စီးကတော့ ဝင်ရိုးကျိုးပြီး
ကျောက်ဖြူမြို့၊ ခြေမြန်တပ်ရင်းအမှတ် ၅၄၂ အနီးပင်လယ်ကမ်းခြေတွင်
ဆိပ်ကပ်လာကြောင်းသိရသည်။
“ကုလားတွေက ဗမာစကားကိုလည်း
နားမလည်ဘူး။ ရခိုင်စကားကိုလည်းနားမလည်ဘူး။ ကြည့်ရတာကတော့ ဘင်္ဂလားဒေ့ရှ်ကနေပြီး၊ ထိုင်း
သို့မဟုတ် မလေးကို တရားမဝင်သွားတဲ့ဘုတ်တွေလို့ထင်တယ်။ ဘုတ်မှာပါလာတဲ့လူတွေကတော့သက်
၂၀ ဝန်းကနေ အက် ၅၀ ကြားရှိမယ်လို့ထင်ပါတယ်။ လူ ၄၆ ယောက်လို့ပြောတယ်။ ဟိုတုန်းက ဝန်ကြီးဦးဘစော
ပိုင်တဲ့အုန်းခင်း။အခုတော့ ၅၄၂ ကနေသိမ်းထားပြီပေါ့။ အဲဒီနေရာမှ စပ်တပ်ကနေဆောက်ထားတဲ့
ဧည့်ဂေဟာရှိတယ်။ ကျောက်တစ်လုံးဘုရားအောက်ဖက်ပေါ့။ နတ်ကျောက်နဲ့လည်း နီးတယ်လေ။ အဲဒီ
ကမ်းစပ်မှာကမ်းကပ်လာတာပါ။ မနက်စောစော ၄ နာရီလောက်ကပင် ကမ်းလာတယ်လို့ပြောကြတယ်။ ဒါပေမယ့်
လူတွေတော်တော်များသိကြတာကတော့ မနက် ၈ နာရီ ၉ နာရီလောက်မှ သိကြတယ်။
ဌာနဆိုင်ရာက
လူတွေ စစ်ဆေးနေကြတယ်။ လဝက တွေလည်းပါတယ်။ အပြင်လူတွေကိုတော့ ဝင်းခွင့်မပြုဘူး။ အနားကပ်လာရင်
မောင်းထုတ်တယ်။ ” ဟု ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ဒေခံ ရခိုင်အမျိုးသားလူငယ်တစ်ဦးကနေပြောပြသွားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ
ဘင်္ဂလီကုလားတွေဟာ မိမိတို့နိုင်ငံ၌ အလုပ်လက်မဲ့ပြဿနာ၊ လူဦးရေထူထပ်မှုပြဿနာ စသည့် အခက်အခဲဒုက္ခမျိုးစုံခံကြရသောကြောင့်
ရေကြောင်းကနေတစ်ဆင့်မလေး၊ထိုင်း စသည်နိုင်ငံများသို့ တရားမဝင်သွားရောက်လေ့ရှိကြပြီး၊
မလေး၊ထိုင်း စသည်ကိုရောက်သွားပါက “ငါတို့ ရိုဟင်ဂျာ၊ မြန်မာနိုင်ငံသားတွေ
နှိပ်စက်လို့ မြန်မာနိုင်ငံက ထွက်ပြေးလာကြတယ်”
စသည်ဖြင့်နိုင်ငံတကာ မီဒီယာနှင့် ပြည်ပအခြေစိုက် မြန်မာ မီဒီယာတွေကနေ လိမ်ပြောလေ့ရှိတယ်။
ပြီးတော့ ဒုက္ခသည်အဖြစ်လျှောက်ထားပြီး ထိုင်း၊မလေး စသည်တို့တွင် အများ အပြားနေထိုင်လျှက်ရှိကြသည်။
“အထူးသဖြင့် မြန်မာနိုင်ငံမှာ
ပဋိပက္ခတစ်ခုဖြစ်ပြီဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုလားတွေက ဘုတ်တွေနဲ့ မလေး၊ထိုင်း စသည်နိုင်ငံများသို့သွားရောက်ပြီး
'ငါတို့ ရိုဟင်ဂျာ လူမျိုးတွေ၊ မြန်မာနိုင်ငံမှာ ဖိနှိပ်ခံရလို့ထွက်ပြေးလာကြတယ်' စသည်ဖြင့်
နိုင်ငံတကာမီဒီယာတွေရှေ့မှာ မျက်ရည်ကျပြီး ငိုပြကြတယ်။ နိုင်ငံတကာ မီဒီယာတွေကလည်း ဘာကိုမှ
မစူးစမ်း မလေ့လာဘဲ ရိုဟင်ဂျာ လို့အသက်သွင်းလိုက်တော့၊ UN ကလည်းဘူးမသိ ဘမသိဘဲ ရိုဟင်ဂျာ
ပါဆိုပြီး UN Card ထုတ်ပေးပြီး ထမင်းကျွေးထားတော့၊ မြန်မာနိုင်ငံအတွက် ဖြေရှင်းဖို့အလွန်ခက်ခဲတဲ့
ပြဿနာတွေကို ဖန်တီးနေကြသလိုဖြစ်တာပေါ့။ ပြည်ပအခြေစိုက် မြန်မာပြည်က ဗီဒီယာ
တွေကလည်း သူတို့ပြောတိုင်းလိုက်ရေးနိုင်ကြတာ။
ဟုတ်၊ မဟုတ်ကို စူးစမ်းမှုနည်းကြတယ်။ မီဒီယာကျင့်ဝတ်လို့ အော်နေကြပြီး သူတို့ကိုယ်တိုင်က
မီဒီယာကျင့်ဝတ်ကို လိုက်နာမှုရှိကြတာမှ မဟုတ်တာ”
လို့ကျောက်ဖြူမြို့မှ ရဟန်းငယ်တစ်ပါးကလည်း သုံးသပ်သွားပါတယ်။
အခု ဘင်္ဂလီကုလားတွေ
ကမ်းကပ်လာတဲ့နေရာဟာ ကျောက်ဖြူပဋိပက္ခပြီးနောက် ကုလားဒုက္ခသည်စခန်းနှင့်လည်း အလွန်းနီးစပ်ပြီး၊
အဲဒီဒုက္ခသည်စခန်းထဲက ကုလားတွေများအဆက်အသွယ်ရှိလေမလားလို့ ကျောက်ဖြူမြို့ခံတွေက သံသယရှိနေကြပြီး၊
အာဏာပိုင်တွေအနေနဲ့ ဘာတွေဆက်လုပ်မလဲဆိုတာ စိတ်ဝင်စားစွာနှင့် စောင်ကြည့်နေကြပါတယ်။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။