၃၁ - ၁၀
- ၂၀၁၂ (ကျောက်ဖြူ)
အောက်တိုဘာ
၃၀ ရက်နေ့ မနက်ပိုင်း ၈ နာရီ ခွဲခန့်က ကျောက်နီမော်ရွာ၌ လုံခြုံရေးတာဝန်ယူထား ရဲမှ
ပစ်ခတ်သောကြောင့် သပြေချောင်းရွာမှ ရခိုင်အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းပြင်းထန်ထန်
ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိပါသည်။
အခင်းဖြစ်ပွားပုံနှင့်ပတ်သက်ပြီး
ကိုယ်တိုင်တွေ့ကြုံခဲ့ရသော သပြေချောင်းရွာမှ လူကြီးတစ်ယောက်က -
“ကျွန်တော်တို့
မနက်ပိုင်း ၇ နာရီကျော်က ကျောက်နီမော်ကိုကုလားတွေမီးရှို့ဖို့လုပ်နေတယ်ကြားလို့ လိုက်သွားကြတယ်။
ကျောက်နီမော်ကိုမရောက်ခင် ကျောက်ထရံ၊ သီတာထွေးအသတ်ခံရတဲ့နေရာပေါ့။ အဲဒီနားမှာ ရဲတွေ
လုံခြုံရေးယူထားတယ်။ အဲဒီလုံခြုံရေးတာဝန်ယူထားတဲ့ရဲကပဲ ကျွန်တော်တို့ လူအုပ်ထဲကို သေနတ်ပစ်ထည့်လိုက်တယ်။
အဲဒီမှာ ကျွန်တော်တို့ရွာက ဦးသန်းမောင်တင်
ကိုသေနတ်ထိတယ်။ ညာဘက်ပေါင်၊ ဒူးဂေါင်းထက် ကိုထိတယ်။ အဲဒီနောက်မှာကျွန်တော်တို့က တာဝန်ကျ
လုံခြုံရေးတွေကို ပြေပြေလေလေဖြစ်အောင် ဆွေးနွေးဖို့ ကျွန်တော်တို့ လူကြီးတွေကပြောကြတယ်။
အဲဒီအခါမှာ လုံခြုံရေးယူထားတဲ့ရဲက လာခဲ့ပါလို့ လက်ယပ်ခေါ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့သွားကြတော့
နောက်ထပ် ပစ်တယ်။ ဦးမောင်ဟန်ရွှေ ဆိုတဲ့လူကို
ရင်ဘတ်ထိပြီး ပွဲချင်းပဲသေသွားတယ်။ ဆွေးနွေးဖို့ခေါ်ပြီးမှ ဘာလို့ခုလို ရက်ရက်စက်စက်ပစ်သတ်လိုက်တာလဲဆိုတာ
ကျွန်တော်ကတော့ လုံးဝစဉ်းစားလို့မရဘူး။ ကုလားတွေဆီက ငွေစားထားလို့ပဲဖြစ်ရမယ်လို့ ကျွန်တော်ကတော့ယုံကြည်ပါတယ်။”
လိုပြောပြသွားပါတယ်။
သပြေချောင်းရွာမှ
နောက်ထပ် ရခိုင်အမျိုးသားတစ်ယောက်မှ ပြောကြားရာတွင် -
“သူတို့က
ကျွန်တော်တို့ကို ပြေလည်ရာပြေလည်ကြောင်း ပြောကြမယ်လို့ ပြောပြီးတော့ တမင်တကာ ပစ်သတ်လိုက်တာကိုတော့
ကျွန်တော်တို့ လုံးဝစိတ်မကောင်းပါဘူး။ ပြီးတော့ သူတို့ (လုံခြုံရေးယူထားသော ရဲ) ကပြောသေးတယ်။
ဒါက နမူနာ စံပြပဲရှိသေးတယ် တဲ့။ ပြည်သူ့အသက်အိုးအိမ်ကို စောင့်ရှောက်ရမယ်အစား ပြည်သူ့အသက်ကိုသာ
သတ်နေတာကိုတော့ ကျွန်တော်တို့လုံးဝစဉ်းစားလို့မရပါဘူး။” ဟုပြောကြားသွားပါတယ်။
လုံခြုံရေးယူထားသော
ရဲတို့ပစ်ခတ်မှုကြောင့် ညာဘက်ပေါင်၊ ဒူးဂေါင်းထက်ကို ကျဉ်ဆန်ထိမှန်လို့ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသွားတဲ့
ဦးမောင်သန်းတင် ဟာ အသက် (၄၆) နှစ်ရှိပြီး၊ အကြမ်းဖက်သမားတွေရဲ့ လူမဆန်စွာအသတ်ခံရတဲ့
မသီတာထွေး ရဲ့မိခင်ကို မရီးတော်စပ်သူလည်းဖြစ်ပါတယ်။ ရင်ဘတ်ကို ကျဉ်ဆန်ထိမှန်၍ သေဆုံးသွားသော
ဦးမောင်ဟန်ရွှေ ဟာ အသက် (၅၀) ကျော်ပြီးဖြစ်ကြောင်းသိရှိရသည်။
ကျဉ်ဆန်ထိမှန်ခဲ့သော
ဦးမောင်သန်းတင် အခြအနေနှင့်ပတ်သက်ပြီး ကျောက်ဖြူဆေးရုံကြီးသို့ ကိုယ်တိုင်သွားရောက်ပြီး
ကြည့်ရှုခဲ့သော ကျောက်ဖြူဒေသခံတစ်ဦးမှ ပြောကြားရာတွင် -
“လူနာကတော့
သတိရပါတယ်။ သိပ်ပြီးတော့ စိုးရိမ်စရာမလိုပါဘူး။ ကျောက်ဖြူဆေးရုံကိုရောက်လျှင် ရောက်ချင်းမှာပဲ
ဓာတ်ပုံတွေရိုက်တယ်။ ဒူးဆစ်အထက်က အရုံးတွေကြေသွားတယ်။ အခုတော့ ဆေးသွင်းထားတယ်။ မနက်ဖန်
နေ့လည်ဖက်လေယာဉ်နှင့် ရန်ကုန် - အရိုးအထူးကုဆေးရုံကို ယူမယ်လို့ပြောပါတယ်။” ဟုပြောသွားပါတယ်။
ပေါင်ကို
ကျဉ်ဆန်ထိမှန်ခဲ့သော ဦးမောင်သန်းတင်ကို ရမ်းဗြဲ့ကနေ ကျောက်ဖြူဆေးရုံသို့ ယူဆောင်လာပြီး
မနေ့ (၃၀-၁၀-၂၀၁၂) က ၅ နာရီ ၄၅ မိနစ်ခန့်က
ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာပြီး၊ ဒီနေ့ (၃၁-၁၀-၂၀၁၂) ၂ နာရီလေယာဉ်ဖြင့်
ရန်ကုန်မြို့ရှိ အရိုးအထူးကုဆေးရုံသို့ယူဆောင်မည်ဖြစ်ကြောင်းသိရသည်။
=====================
ကျွန်တော်တို့ (ကျောက်ဖြူ လူငယ်ကွန်ယက်) ဘလော့မှ ပို့(စ်)တွေကို ယူသုံးသူများ အနေနှင့် ကျွန်တော်ဆိုဒ်ကို လင့်ချိတ်ပေးဖို့ကိုတော့ ကျေးဇူးပြုလို့ မမေ့ပါနဲ့။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။