မုဒိမ်းကျင့်ရန် ကြိုးစားသူကို အရေးမယူနိုင်၍ ၀န်ကြီးချုပ်ထိ တက်တိုင်

မောင်အေး
-----------
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ အရွယ်မရောက်သေးသည့် မိန်းခလေး တဦး အား သင်္ကြန်ကာလအတွင်း အတင်း အဓမ္မပြုကျင့်ရန် ကြိုးစားသူ မွတ်လင် လူငယ် တစ်ဦးကို အာဏာပိုင်များမှ ယခုတိုင် ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးသဖြင့် မေလ ၂ ရက်နေ့က ရခိုင် ပြည်နယ် ၀န်ကြီးချုပ်ထံ ကျေးရွာသားများက စုပေါင်း စာရေး တိုင်ကြားလိုက်ကြောင်း သတင်း ရရှိသည်။


ဧပြီလ ၁၂ ရက် သကြန်အကြိုနေ့က စစ်တွေမြို့နယ် အောင်တိုင်ကျေးရွာအုပ်စု ဒေါင်းပြောက္ကေရွာမှ အသက် ၁၂ နှစ် အရွယ် ရခိုင်အမျိုးသမီး တစ်ဦးကို ငပွန်းကြီးကျေးရွာမှ မွတ်ဆလင် လူငယ် တစ်ဦးက ဈေးဝယ်လာစဉ် သူတို့ ကျေးရွာအနီးတွင် ဗလက်ကာရ ပြုကျင့်ရန် ကြိုးပမ်းခဲ့သော ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သည်။

" အခင်း ဖြစ်တာက တစ်လ နီးပါးရှိပါပြီ။ အခုအချိန်ထိ ရဲအဖွဲ့က တစ်စုံတစ်ရာ အရေး မယူနိုင်သေးတဲ့ အတွက် ကျွန်တော်တို့ ရွာသားတွေ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဆီကို စာရေးပြီး တိုင်ကြား လိုက်ပါတယ်။ ဒါ့ပြင် ကျွန်တော် နယ်စွန် နယ်ဖျားက ရခိုင်ရွာတွေရဲ့ အခြေ အနေတွေ ကိုလည်း စာထဲမှာ ထည့်ရေးပြီး တင်ပြလိုက်ပါတယ်" ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

သင်္ကြန် အကြိုနေ့ ဧပြီလ ၁၂ ရက်နေ့က ညနေ ၆ နာရီ ခန့်တွင် သင်္ကြန်မုန့်လုပ်ရန် အတွက် ဒေါင်းပြောက္ကေကျေးရွာမှ ဦးသာစိန်မောင်၏ အသက် ၁၂ နှစ်သာရှိသေးသော သမီးငယ်နှင့် ကလေး၂ဦးတို့ သည် ငပွန်းကြီး ကုလားဈေးမှ သကြားဝယ်သွားဝယ်ပြီး အပြန်တွင် ငပွန်းကြီးကျေးရွာနေ မွတ်ဆလင် အမျိုးသား ဦးဆူတင်၏သား အသက် ၁၉ နှစ်အရွယ် ဆောရိပျာ ဆိုသူက အဆိုပါ အမျိုးသမီးငယ်ကို ဗလက်ကာရ ပြုကျင့်ရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။

" ကလေးတွေ အော်သံကြားလို့ ရွာသားတွေ ၀ိုင်းလိုက်သွားတဲ့အခါ အဲဒီကုလားက ထွက်ပြေး သွားတယ်။ မိန်းကလေးမှာ အ၀တ်တွေစုတ်ပြဲပြီး အရေးပြားတွေ အနာရသွားတယ်။ ခလေးမလေးက ရှက်ပြီး ငိုတာ၊ တော်တော့ကို ရင်နာစရာ ပါဘဲ" ဟု ဒေါင်းပြောက္ကေ ကျေးရွာသားက ဆက်ပြောသည်။

စစ်တွေမြို့နယ် ဒေါင်းပြောက္ကေကျေးရွာတွင် အိမ်ခြေ ၁၈ ဆောင်ခန့်ရှိသည့် ရခိုင်ရွာဖြစ်ပြီး ၂ ဖာလုံခန့် အကွာတွင် အိမ်ခြေ ၄၀၀ ခန့်ရှိသည့် ငပွန်းကြီး မွတ်ဆလင်ကျေးရွာ တည်ရှိသည်။ ရခိုင် ကျေးရွာသားများမှာ ဈေးမရှိသဖြင့် ကုလားရွာရှိ ဈေးဆိုင်များကို မှီခိုအားထားနေရကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပက်သတ်ပြီး စစ်တွေမြို့ အမှတ် (၁) ရဲစခန်းကို ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ကျ ရဲတပ် သားတဦးက ယခုကဲ့သို့ပြောသည်။

"ဒီမှာ ဒေါင်းပြောက္ကေရွာက အမှုဖွင့်ထား တာတော့ရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ကျွန်တော့်ကို တိုက်ရိုက်မေးလို့ မရဘူး။ အဲဒီမှာ အမှုစစ်ရှိတယ်။ သူဆီကိုမေးရမယ်။ ကျွန်တော်က အလှည့်ကျ တာဝန်မှူးဆိုတော့လေ ဒီကိစ္စ ကျွန်တော် အနေနဲ့ ပြောပိုင်ခွင့် မရှိဘူး။ အဲဒီ ဖြစ်စဉ်ကို သူတို့ဘဲ အတိကျသိပါလိမ့်မယ်" ဟု ပြောသည်။

အမှုစစ်ကို တိုက်ရိုက်ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်တောင်းခံခဲ့သော်လည်း ဆက်သွယ် နိုင် မည့် ဖုန်းနံပါတ်မရှိဟု ဆိုကာ အဆိုပါ တာဝန်ကျရဲသားက ဖုံးချသွားခဲ့သည်။

" အခု တရားခံ ဆော်ရိပျာက တဘက်နိုင်ငံကို ထွက်ပြေးနေတဲ့ အတွက် အာဏာပိုင်တွေက ရှာမရ ဖြစ်နေတယ်။ သူ့ကို ရှာမရတဲ့အတွက် မိဘ တွေကို စစ်ဆေးနေပြီး အကျယ်ချုပ်သဘောမျိုးနဲ့ အာဏာပိုင်တွေ ထားတယ်လို့သိရတယ်။ ဒီမှာတော့ တရားခံက ဘင်္ဂလာဘက်ကို ထွက်သွားပြီးလို့ ဒီမှာ သတင်းတွေ ဖြစ်နေတယ်။" အဆိုပါ အမှုနှင့်ပတ်သတ်ပြီး စစ်တွေ မြို့ခံ လူကြီးတဦးက ပြောသည်။

ရွာသားများ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံ တိုင်ကြားသော စာတွင် ၁၉၇၄-၇၅ ခုနှစ်က ကိုယ်ဝန် အရင့်မာနှင့် လင်ယောင်္ကျားဈေးသွားနေစဉ် လယ်တဲတွင် အိပ်နေသည့် အဆိုပါ ရွာမှ ဒေါ်စောမြဦးကို မွဆလင် တစ်စုက မုဒိန်းကျင့်ပြီး သတ်ပစ်ခဲ့ခြင်း၊ ၂၀၀၉-၂၀၁၀ ခုနှစ်တွင် အောင်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးသား မောင်အောင်သန်းကို ရေခွန်လိုင်စင်ကြေးကောက်နေစဉ် ငပွန်းကြီး ကျေးရွာမှ မူဆလင်အမျိုးသးများက ၀ိုင်းဝတ်သတ်ပစ်ရန် အ၀တ်စားများပါ မကျန်ချွတ်နေစဉ် ဒေါင်းပြောက္ကေ ရွာသားများ သွားရောက် ကယ်တင်ခဲ့ရခြင်း၊ အောင်ဒိုင်ကျေးရွာမှ အသက် ၇၀ ခန့်ရှိ အဖွားကြီး တဦးနှင့် အသက် ၁၃ နှစ်အရွယ် မြေးလေးတဦး ငပိရောင်း သွားစဉ် မွတ်ဆလင်လူငယ်တဦးက မဒိန်းကျင့်ရန် ကြည်စည်ခဲ့ခြင်း စသည့် ဖြစ်ရပ်များကိုပါ ထည့်သွင်းဖော်ပြ ထားသည်ဟု သိရသည်။

( ဒေါင်းပြောက္ကေ ရွာသားများ တိုင်ကြားစာကို ရရှိ လိုသူများ ရှိပါက နိရဉ္စရာ အီးမေးလ်မှ တဆင့် ဆက်သွယ် တောင်းယူနိုင်ပါသည်။)


-----------------------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။