(၁) ကျွန်တော်တို့ဘူးသီးတောင်မြို့အမှတ် (၁) ရပ်ကွက်၊ဘူးသီးတောင် အထကကျောင်းအနောက်ဘက်ရှိ အိမ် (၃) အိမ်တွင် ဆေးခြောက်၊စိတ်ကြွဆေးများကိုတရားဝင်ရောင်းချနေပါသည်။ လူငယ်လူရွယ်များသည် ထိုဆေးများကိုသုံးဆောင်ပြီး ပျက်စီးနေကြပါသည်။ ထိုအကြောင်းအရာကို ရဲတပ်ဖွဲမှူး ဦးအောင်သာဝင်း ၊ဦးထွန်းလှိုင်နှင့်ဒုရဲအုပ် တင်ဝင်း တို့အားအကြောင်းကြားသော်လည်းအရေးမယူဘဲ ထားပါသည်။
(၂) ထို ဆေးခြောက်ရောင်းသူများမှာ ဦးအောင်သာဝင်း နှင့် အဖွဲ့ အားလစဉ် ငွေ (၅၀၀၀၀ မှ ၁၅၀၀၀၀၀) ထိပေးပြီးရောင်းချနေသည်ဟု ဆိုင်ပိုင်ရှင်ပြောပြချက်အရသိရပါသည်။
(၃) April လ ပထမအပတ်ကလည်း ဘူးသီးတောင်မြို့မှ NLD ပါတီဝင်ဘူနောင်ဆိုသူအား NLD အင်္ကျီဝတ်ထားသောကြောင်း ဦးအောင်သာဝင်း ရဲ့ညွန်ကြားချက်ကြောင့် နောက်လိုက်များက ရိုက်နက်ခဲပါသည်။ April လ ၁၅ ရက်နေ့ကလည်းတဖန် ဘူးသီးတောင်မြို့သင်္ကြန်အလယ်နေ့တွင် NLD ပါတီဝင်ဘူနောင်ဆိုသူအား ရခိုင်မဏ္ဍမ်ရှေ့တွင် ဦးအောင်သာဝင်း ၊ဦးထွန်းလှိုင်နှင့်ဒုရဲအုပ် တင်ဝင်းတို့က ရိုက်နက်ရန်ကြိုးစားခဲပါသည်။ အကြောင်းမှာ NLD ပါတီဝင်ဘူနောင်ဆိုသူက သူ့အားရိုက်နက်မှုကို နိုင်ငံခြားအသံလွှင့် ဌါနသို့သတင်းပို့ခဲသောကြောင့်ဖြစ်ပါသည်။
ပို့ပေးသူ
မောင်တောသား
...................................ကျွန်တော်တို့ (ကျောက်ဖြူ လူငယ်ကွန်ယက်) ဘလော့မှ ပို့(စ်)တွေကို ယူသုံးသူများ အနေနှင့် ကျွန်တော်ဆိုဒ်ကို လင့်ချိတ်ပေးဖို့ကိုတော့ ကျေးဇူးပြုလို့ မမေ့ပါနဲ့။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။