မောင်တောသား တစ်ယောက်မှ အိတ်ဖွင့်ပေးစာ (၁)


(၁) ၂၀၁၂ ဇန်န၀ါရီလ(၅)ရက်နေ့က ဘူးသီးတောင်မြို့အမှတ်(၄)ရပ်ကွက်နေ ဒေါ်အေးလှစိန်အား ယခုကျွန်တော်တို့ဘူးသီးတောင်မြို့နယ်ရှိ ရဲမြိုနယ်မှူး ဦးအောင်သာဝင်း၊စခန်းမှူး ဦးထွန်းလှိုင်၊ဒုရဲအုပ် တင်ဝင်းနှင့် လူကုန်ကူးမှ ရဲအုပ်ဦးအောင်စော၊ဒုရဲအုပ်စံမင်းတို့က လူကုန်ကူးသည်ဟုဆိုပြီး ဘူးသီးတောင်မြို့အမှတ်(၅)ရပ်ကွက်နေ ဒေါ်ကြည်ကြည်ဝင်းနှင့် သမီးမစိုးမြတ်သန္တာ၏တိုင်တန်းချက်အရဖမ်း ခဲ့ပါသည်။

(၂) တရားလိုပြသက်သေ (၃၂)ဦးနှင့်တကွ ဒေါ်အေးလှစိန်အား မောင်တောခရိုင်တရားရုံးတွင် ဖေဖေါ်ဝါရီလ ပထမအပတ်မှစပြီးရုံးတင်စစ်ဆေးခဲ့ရာ မတ်လ(၃၀)ရက်နေ့တွင် စစ်ဆေးနိုင်သောသက်သေ (၂၀)ဦးအားစစ်ဆေးပြီးစီးခဲပါသည်။ ကျန်သက်သေများမှာ အဝေးရောက်သက်သေများဖြစ်သောကြောင်း မစစ်ဆေးနိုင်ခဲပါ။

(၃) စစ်ဆေးပြီးစီးသောသက်သေ(၂၀) ဦးအနက် တရားလို နှင် တရားလိုမိခင် (၂)ဦးမှအပ ကျန်သက်သေများမှာ ဒေါ်အေးလှစိန်သည်လူကုန်ကူမှု နှင့်မသက်ဆိုင်ကြာင်းထွက်ဆိုခဲ့ပါသည်။ ယခုအမှုမှာလည်း ဒေါ်အေးလှစိန်မှတရားလိုအား ငွေ (၁၅၀၀၀၀၀) ချေးငှားရာမှစတင်ခဲ့ခြင်းဖြစ်ပါသည်။ တရားလိုမှသူသား သူရထွန်းဆိုသူ စင်ကာပူသို့သွားရန်ငွေချေးသည် ဟုသိရပါသည်။ ချေးငွေအား ပြန်မပေးလိုသောကြောင်း တိုင်တန်းခြင်းကို နဂိုကမှအပြစ်ရှိနေသော လူကုန်ကူးမှ ရဲအုပ်ဦးအောင်စော၊ ဒုရဲအုပ်စံမင်းတို့က မတရားဇတ်လမ်းဇာတ်ကွက်ဆင်ကာ ဖမ်းဆီးတရားစွဲဆိုခဲ့ပါသည်။ တရားစွဲနိုင်ရန်အတွက် အချက်အလက်များကို လူပို့သည်အလက်ကိုလုပ်ကိုင်နေသူ သိန်းသိန်းဆီမှရယူခဲ့သည်ဟုသိရပါသည်။

(၄) လူကုန်ကူးမှ ရဲအုပ်ဦးအောင်စော၊ ဒုရဲအုပ်စံမင်းတို့သည် မောင်တောခရိုင်ရှိ မူဆလင်လူမျိုးများ မလေးရှား နှင့် ထိုင်း နိုင်ငံသို့စက်တပ်လှေဖြင့် ပိုဆောင်သူများထံမှ ဆပ်ကြေးကောက်ခံကာ မသိသယောင်ဆောင်နေသူများဖြစ်ပါသည်။ မောင်တောမြို့နယ်ရှိ အင်းဒင်၊ သင်္ဘောကွေ့၊ ကိုးတန်ကောက်ရွာများမှ လူ ဦးရေ ထောင်နှင့်ချီပြီး မလေးရှားနှင့် ထိုင်နိုင်ငံသို့လှေစီးဒုက္ခသည်အဖြစ် သွားရောက်နေခြင်းမှာ ရဲအုပ်ဦးအောင်စော၊ ဒုရဲအုပ်စံမင်းတို့အားငွေပေးပြီးသွားနေခြင်းဖြစ်သည်ကို လူတိုင်းသိကြပါသည်။ အင်းဒင်မှလှေတစ်စီထွက်ခွါလျှင် ငွေ (၁၀၀၀၀၀၀ မှ ၁၅၀၀၀၀၀) အထိပေးရပါသည်။

(၅) လူကုန်ကူးမှ ရဲအုပ်ဦးအောင်စော၊ ဒုရဲအုပ်စံမင်းတို့သည် နိုင်ငံတော်သို့လူကုန်ကူးနှင့် ပတ်သတ်ပြီးအမှုမတင်ပြနိုင်ခြင်းမှာ လာဒ်ပေးလာဒ်ယူပြုလုပ်နေခြင်းဖြစ်သည် မှာထင်ရှားနေပါသည်။ ယခုဒေါ်အေးလှစိန်အား ဖမ်းဆီးခြင်းမှာလည်း မိမိတို့ရဲ့မကောင်းမှုများကိုကာကွယ်ရန် နှင့် ရာထူးတက်ရန်အတွက်ကြံစည်ခြင်းဖြစ်ပါသည်။

(၆) တိုင်တန်းသူရဲ့ထွက်ဆိုချက်တွင် ၄င်းအားစင်ကာပူနိုင်ငံသို့ပိုဆောင်သူမှာ သူဇာအေးနှင့် သိန်းသိန်းဆိုသူဖြစ်ပြီး၊ ၄င်း (၂) ဦးထံမှငွေ သိန်း (၃၀) ယူပြီးမဖမ်းဘဲထားသည်ဟုလည်းသိရပါသည်။ သူဇာအေးနှင့် သိန်းသိန်းဆိုသူ သည် ယခုလည်း လူပို့သည်အလုပ်ကို ဆက်လက်လုပ်ကိုင်နေသည် ဟုသိရပါသည်။

(၇) ယခုအဖမ်းခံနေရသူမှာ လူကုန်ကူးမှုနှင့်မဆိုင်ဘဲ မတရားဖမ်းဆီးထားခြင်းဖြစ်ပါသည်။ တရာလိုပြသက်သေများ၏ထွက်ဆိုချက်အရ တရားခံအားလွှတ်ပေးရမည် သာဖြစ်ပါသည်။ သို့သော်ယခုထိဖမ်းဆီးထားသည်မှာ အားရှိသူကအားမရှိသူအား မတရားအနိုင်ကျင်နေသည်ကို နိုင်ငံတော်သမ္မတဦးသိန်းစိန်သိအောင် သတင်းဌာနများအနေဖြင့် ကူညီးပေးပါရန်မေတ္တာရပ်ခံပါသည်။

ပို့ပေးသူ
မောင်တောသား
...................................
ကျွန်တော်တို့ (ကျောက်ဖြူ လူငယ်ကွန်ယက်) ဘလော့မှ ပို့(စ်)တွေကို ယူသုံးသူများ အနေနှင့် ကျွန်တော်ဆိုဒ်ကို လင့်ချိတ်ပေးဖို့ကိုတော့ ကျေးဇူးပြုလို့ မမေ့ပါနဲ့။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။