ကိုသန်းမောင်၏ ကိုယ်ရေးအကျဉ်း

ကိုသန်းမောင်၏ ကိုယ်ရေးအကျဉ်း ......................................... ကိုသန်းမောင်းကို ၁၉၁၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့၊ စစ်တွေမြို့တွင် ဖွားမြင်ခဲ့သည်။ ဖခင် ဦးကျော်ဇောဝေ (လက်ထောက်ဇုံမန်နေဂျာ၊ ကုန်သွယ်လယ်ယာ)၊ မိခင် ဒေါ်သန်းကြည် (မူလတန်းပြ) ဖြစ်သည်။ မွေးချင်း (၆) ဦးအနက် အကြီးဆုံးသားဖြစ်သည်။ အသက် (၆) နှစ်ခန့်မှစ၍ အဘိုးဖြစ်သူ ဦးမောင်သာဇံ၊ စက်ရှင်တရားသူကြီးနှင့် အတူ နေထိုင်ခဲ့ပြီး၊ မော်လမြိုင်၊ သာယာဝတီ၊ ပုသိမ်၊ မင်းတပ်၊ စစ်ကိုင်း၊ စစ်တွေနှင့် မြောင်းမြမြို့တို့တွင် ပညာသင်ကြားခဲ့ပါသည်။ ၁၉၆၉ မှ ၁၉၇၁ အတွင်း သတ္တမတန်း လ္ဖူရည်ချွန်ဆုကို စစ်တွေမှလည်းကောင်း၊ အဋ္ဌမတန်း လူရည်ချွန်ဆုကို စစ်ကိုင်းမှလည်းကောင်း၊ နဝမတန်း လူရည်ချွန်ဆုကို မြောင်းမြမှ လည်းကောင်း ရရှိခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် မြောင်းမြ အထက(၁)မှ အခြေခြံပညာအထက်တန်းအောင်မြင်ပြီး၊ ရန်ကုန်တက္ကသိုလ်တွင် ဥပဒေပညာသင်ကြားခဲ့သည်။ လူရည်ချွန်သုံးထပ်ကွင်း တက္ကသိုလ်ပညာ သင်ဆုကို ရရှိခဲ့သည်။ ဥပဒေဘွဲ့ ရရှိပြီးနောက် ဥပဒေအရာရှိအဖြစ် မင်းပြားမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ ကြံခင်းမြို့နယ် ဥပဒေရုံးများ၊ ရှေ့နေချုပ်ရုံး၊ ရုံးအဖွဲ့နှင့် ဥပဒေရေးဆွဲရေးနှင့် ဘာသာပြန်ဌာနတို့တွင် ၁၉၈၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၄ ခုနှစ်အတွက် ရှေ့နေချုပ်ဆု(တတိယ) ရရှိခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် တရားရုံးချုပ်ရှေ့နေ လက်မှတ်ရရှိသည်။ ၁၉၉၆ ခုနှစ်မှ ယနေ့တိုင် Kelvin Chia Yangon Ltd, International Law Firm တွင် ဥပဒေအတိုင်ပင်ခံ Legal Associate အဖြစ် တာဝန်ထမ်းဆောင်နေသည်။ ရန်ကုန်တက္ကသိုလ်၊ ဥပဒေရေးရာဌာန၏ Diploma in Business Law (DBL), Diploma in Maritime Law (DML) သင်တန်းများ တက်ရောက်ခဲ့ပြီး၊ ၂၀၀၆ ခုနှစ်တွင် M.A.(Business Law) (MABL) ဘွဲ့ကို Credit ဖြင့် အောင်မြင်ခဲ့သည်။ WIPO က အင်တာနက်မှ တစ်ဆင့်ပို့ချသော ဉာဏပစ္စည်းမူပိုင်ခွင့်များအတွက် DL 101 သင်တန်းကိုလည်းတက်ရောက် အောင်ခဲ့ပြီးဖြစ်သည်။ စင်္ကာပူနိုင်ငံနှင့် ဟောင်ကောင်တို့တွင် ဉာဏပစ္စည်း ဥပဒေရေးရာ ဆွေးနွေးပွဲများ တက်ရောက်ခဲ့သည်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ကုန်အမှတ်တံဆိပ်အကြောင်း ဟောပြောခဲ့သည်။ ၂၀၀၇ ခုနှစ်၊ မေလက MRTV4 ရုပ်မြင်သံကြားတွင် “ကုန်အမှတ်တံဆိပ် အကြောင်း” ဟောပြောအသံလွှင်ခဲ့သည်။ ကလောင်အမည် “ဦးသန်းမောင် (စစ်တွေ)” အပြင် “ရိုးမရင်သွီး”၊ “လေးဝတီ” အမည်များဖြင့်လည်ဒ ဥပဒေရေးရာ၊ စီးပွားရေးရာ ဆောင်းပါးများ၊ ရခိုင်စာပေနှင့် ကဗျာများကို ရေးသား လျက်ရှိပါသည်။ တက္ကသိုလ်တက်ရောက်စဉ်က “သြရသ” အမည်ဖြင့် တက္ကသိုလ် မဂ္ဂဇင်းများတွင် ကာတွန်းရေးဆွဲခဲ့သည်။ ၁၉၇၄ ခုနှစ်မှစ၍ ယနေ့တိုင် ရခိုင်ရိုးရာနှင့် ရခိုင်ခေတ်ပေါ် တေးသီချင်းပေါင်း (၁၈၀) ကျော်ကို ရေးစပ်ပြီးဖြစ်သည်။ “လေးဝတီ” ရခိုင်တေးဂီတအဖွဲ့၏ ဥက္ကဋ္ဌ တာဝန်ကိုလည်း ထမ်းဆောင်လျက် ရှိသည်။ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ ရိုးမရိပ်သာ၊ အမှတ် (၆၃၅)၊ သီရိမာလာခြံတွင် ဇနီး ဒေါက်တာကြည်ကြည်ဆွေ၊ သမီး နေနွယ်ဦး၊ သား နေလင်းမောင်၊ သမီး နွေဦးခိုင် တို့နှင့်အတူ နေထိုင်သည်။ .................. ကျွန်တော်တို့ (ကျောက်ဖြူ လူငယ်ကွန်ယက်) ဘလော့မှ ပို့(စ်)တွေကို ယူသုံးသူများ အနေနှင့် ကျွန်တော်ဆိုဒ်ကို လင့်ချိတ်ပေးဖို့ကိုတော့ ကျေးဇူးပြုလို့ မမေ့ပါနဲ့။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။