ညွန့်ဦး (ဦးသာညွန့်) [၁၉၂၄ - ၂ဝဝဝ]

ရခိုင်ပြည်နယ် သံတွဲမြို့တွင် အဖ ဦးသာအောင်၊ အမိ ဒေါ်အေးညွန့်တို့က ၁၉၂၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ တက္ကသိုလ်ဝင် စာမေးပွဲ (၁၉၄ဝ)၊ ဝိဇ္ဇာဘွဲ့(၁၉၅၃)၊ ဥပဒေ ဝိဇ္ဇာဘွဲ့ (၁၉၆၆) ရရှိ ခဲ့သည်။ ၁၉၆၁- ၆၂ တွင် အမေရိကန်နိုင်ငံ ဆရာကျူ့ (ခ်) တက္ကသိုလ်၌ စာနယ်ဇင်းပညာ သင်ယူ ခဲ့သည်။

၁၉၄၁ ခုတွင် ရန်ကုန်သို့ ရောက်ရှိပြီး ဘီအိုစီ ကုမ္ပဏီ (ဓနိတော)တွင် ဝင်ရောက် အမူ ထမ်းသည်။ ၁၉၄၂ ခုတွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုအေ)သို့ ဝင်ရောက်သည်။ ဂျပန် တော်လှန်ရေးတွင် တိုင်း (၄) လက်အောက်၌ တာဝန် ထမ်းခဲ့သည်။ ဗိုလ်စံရှား (ခေါ်) သခင်သာညွန့်အမည် တွင်သည်။ ၁၉၅၃ - ၇၃ ထိ စာပေ ဗိမာန်တွင် အယ်ဒီတာ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တိုင်း တရားရုံး အချိန်ပိုင်း တရား သူကြီး အဖွဲ့ဝင် (၁၉၇၁)၊ အထူးရာဇဝတ် ခုံရုံးအဖွဲ့ဝင် (၁၉၇၃)၊ ဥပဒေဝန်ထမ်း အဆင့် (၂)၊ အချိန်ပိုင်း တိုင်းတရားသူကြီး (၁၉၈၄ - ၁၉၈၆) တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။ ၁၉၈၄ တွင် တိုင်းတာ ဝန်ခံ ဥပဒေဝန်ထမ်း အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။

အလယ်တန်း ကျောင်းသား ဘဝမှ စ၍ ကဗျာ၊ ဆောင်းပါး များကို သူရိယ သတင်းစာ၊ တိုးတက်ရေး သတင်း စာ၊ ဒို့လက်ရုံးသတင်းစာ (စစ်တွေ) နှင့် ဒီးဒုတ်ဂျာနယ် တို့တွင် ရေးသားခဲ့သည်။ စာပေဗိမာန်ထုတ် ကျမ်းများ၊ မဂ္ဂဇင်းဂျာနယ်များနှင့် ပြင်ပစာနယ်ဇင်းများတွင် ဆောင်းများစွာ ရေးသားခဲ့၏။ ပြုစုခဲ့သော စာအုပ်အချို့မှာ သားလှရွှေသွေး၊ လယ်ယာရွှေမြေ၊ အိန္ဒုနှင့် မြစ်ဝါ၊ အမတ်ဒိန်၊မဂဒူး၊ သင်္ဂါယနာ၊ သတ္တု ခေတ်၊ ဘဂဝတ် ဂီတကျမ်း [ဦးမျိုးသန့်နှင့် တွဲဖက်၍]၊ မှတ်ဉာဏ် ထက်သန် စေလိုသော် တို့ ဖြစ်ကြသည်။ ဦးသာညွန့်၏ အခြား ကလောင်အမည်များမှာ သံခဲ သံတွဲ၊ ရဲရွှေညွန့်တို့ ဖြစ်သည်။ လွတ်လပ်ရေး မော်ကွန်း ဝင် (ပထမဆင့်) ချီးမြှင့် ခံရသည်။

၂ဝဝဝ ပြည့်နှစ် ဇူလိုင် ၇ ရက်နေ့တွင် နှလုံး ရောဂါဖြင့် ရန်ကုန် မြို့၌ ကွယ်လွန် ခဲ့သည်။
 

စာညွှန်း ။ ။

  1. ရာပြည့် စာအုပ် ၁ဝဝ အညွှန်း (၁၉၉၉)။ စာ ၁၂၂။
  2. ဦးသာညွန့်။ မှတ်ဉာဏ် ထက်သန် စေလိုသော် (၁၉၉၉)။
  3. ပြည်တွင်း မှတ်စု၊ နွယ်နီ မဂ္ဂဇင်း (သြဂုတ် ၂ဝဝဝ)။ စာ ၂၇။]
 .................
ဝိကိမြန်မာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။