ရက္ခအလင်းတန်း လူပ်ရှားမူ ဧရာဝတီတိုင်းထိ တိုးချဲ့

မောင်အေး
-----------
ဧရာဝတီတိုင်း အမာမြို့နယ်ခွဲအတွင်းရှိ ရခိုင်ကျေးရွာများမှ ကျောင်းသားလူငယ်များကို "ရက္ခအလင်းတန်း အဖွဲ့" မှ လာမည့် ပညာသင်နှစ်အတွက် ပညာရေး ထောက်ပံ့ငွေနှင့် အ၀တ်အထည်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။


images
ထောက်ပံ့မှုကို အင်္ဂါနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း အမာမြို့နယ်ခွဲ ဘ၀သစ် အမှတ်(၁) ရခိုင် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အခမ်းအနားဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

"အဲဒီမှာ ရက္ခအလင်းတန်းအဖွဲ့ဝင်တွေ လည်းရှိတယ်။ ပြီးတော့ ပြည်တွင်းမှာ ရွှေဂတ်စ်နဲ့ပတ်သက်ပြီး တောင်းဆိုနေကြ တဲ့နေရာမှာ ဧရာဝတီတိုင်းမှာရှိတဲ့ ရခိုင်တွေလည်း တခြားနေရာက ရခိုင်တွေနဲ့ တသားတည်းရှိ အောင်နဲ့ အမျိုးသားရေးလုပ်ငန်းတွေမှာ တတ်နိုင်သလောက် အတူတူလက်တွဲ လုပ်နိုင်အောင်ဆိုပြီး ကျမ တို့က အဲဒီမှာရှိတဲ့ ကလေးတွေကို အထောက်အပံ့သွားပေးတာ ဖြစ်တယ် " ဟု ရက္ခအလင်းတန်း အဖွဲ့ဝင် တစ်ဦးက ပြောသည်။

တောင်ကွင်းရွာနှင့် ဘ၀သစ် (၁) ကျေးရွာမှ ကလေး ၁၃၅ ဦးအတွက် အ၀တ်အထည်များ ထောက်ပံ့ခဲ့ပြီး ကလေး ၁၅၀ အတွက် ပညာရေးထောက်ပံ့ငွေအဖြစ် ကျပ်ငွေ ၃၂၀၀၀၀ ကို လှူဒါန်းခဲ့ကြသည်။

ဒေသခံ ရခိုင်လူငယ်များက ရွှေဂတ်စ်လှုပ်ရှားမှု တီရှပ်များကို ၀တ်ကာ အခမ်းအနား သို့ တက်ရောက်ခဲ့ပြီး အဖွဲ့၏ နာယက ဖြစ်သူ ဒေါ်မာမာကျော်ဇောက ရခိုင်လူမျိုးများ ဆုံးရှုံးခံနေရသည့် အခွင့်အရေးများကို ရခိုင်အမျိုးသား အားလုံး ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း အဆိုပါ အဖွဲ့ဝင်က ပြောသည်။

images
"ဗမာပြည်ဘက်မှာ နေရပေမဲ့ ရခိုင်ပြည်က ကိုယ့်သွီးချင်းတွေနဲ့ ပူးပေါင်းပြီး မိမိတို့ရခိုင်အရေးကို တတ်နိုင်သလောက် လုပ်ဆောင်သွားမှာပါ" ဟု ကျောင်းထိုင် ဆရာတော် အရှင်ကောဝိဒက နိရဉ္စရာသို့ မိန့်ကြားသည်။

ဧရာဝတီတိုင်း အမာမြို့နယ်ခွဲ အတွင်း ဘ၀သစ်(၁)၊ ဘ၀သစ်(၂)၊ ဘ၀သစ်(၃)၊ အောင်တေဇ၊ ယက်ဖရံ၊ မြင်းကဆိပ်၊ ဆိတ်မ နှင့် တေပြင်ဆိပ်ကျေးရွာအပါအ၀င် ရခိုင်ကျေးရွာ စုစုပေါင် ၁၅ ရွာရှိပြီး အိမ်ခြေ ၆၀၀ ကျော် ခန့်ရှိကြောင်း သိရသည်။

၎င်းကျေးရွာများကို မဆလ အစိုးရ ဦးနေ၀င်းလက်ထက်က တောရိုင်းများကို ခုတ်ထွင် ရှင်းလင်းပြီး ကျေးရွာများ တည်ဆောက်ပေးခဲ့သည်။

အဆိုပါ ကျေးရွာများရှိ ရခိုင်များမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ အ၀ကျွန်းမှ အဆက်အနွယ်များဖြစ်ပြီး ၁၉၆၂ ခုနှစ်ခန့်က စတင်အခြေချ နေထိုင်ခဲ့သူများ ဖြစ်ကြောင်း သိရှိရသည်။


--------------------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။