အားလုံးအိုကေ

ခိုင်သိန်း
---------
ရခိုင်ပြည်နယ် အတွင်း တာဝန်ကျနေသော စစ်တပ် အရာရှိများ၊ သစ်တော အရာရှိများသည် ကျေးလက် တောရွာနေ ရခိုင် ဒေသခံများကိုသာ ဒုက္ခပေးနေသည် မဟုတ်ဘဲ ဒိုင်းနက် လူမျိုးများကိုလည်း ဒုက္ခ ပေးနေကြောင်း ဒိုင်းနက် အမျိုးသား ဦးကြာအောင်က ပြောသည်။


buthidaung
" ဆရာတို့က သတင်းရေးရင် ကျွန်တော်တို့ ဒိုင်းနက်လူမျိုးတွေ ဒုက္ခတွေ့နေရတဲ့ အကြောင်း တစ်ခါမှ မရေးဘူး။ ရခိုင်တွေသာ ဒုက္ခတွေ့နေတာ မဟုတ်ဘဲ ကျွန်တော်တို့ ဒိုင်းနက်တွေလည်း ဒုက္ခတွေ့နေတယ်။ နေရာတိုင်းမှာ လုပ်ကိုင်စားသောက်လို့ မရဘူး။ ချောင်းဆင်းရင်လည်း ပိုက်ဆံကောက်တယ်။ တောတောင် ထဲကို သွားရင်လည်း ပိုက်ဆံကောက်တယ်။ အခု ဒိုင်းနက်တွေ နေစရာ မရှိတော့ဘူး" ဟု ဦးကြာအောင်က ပြောသည်။

ဒိုင်းနက် လူမျိုးမှာ ရခိုင်မျိုးနွယ်စု လူမျိုးထဲမှ လူမျိုး တစ်မျိုးဖြစ်ပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်ကာ ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသများတွင် အများဆုံးနေထိုင်ကြသည်။

" အခု ကျွန်တော်တို့ကို တောင်ဘဇားမှာ အခြေစိုက်ထားတဲ့ ခမရ ၅၆၄ တပ်ရင်းက တပ်ရင်းမှူး ကျော်စွာနဲ့ တောအုပ် ခင်မောင်ထွန်းတို့က သူတို့ လက်မှတ် မပါရင် တောထဲကို ထင်းရှာ၊ ဟင်းရှာခွင့် မပြုဘူး။ တောထဲကို သွားချင်ရင် တပ်ရင်းမှူး ကျော်စွာဆီက လက်မှတ်တစ်စောင်ကို ကျပ်ငွေ ၁၀၀၀၀၊ တောအုပ် ခင်မောင်ထွန်းဆီက လက်မှတ်တစ်ခုကို ကျပ်ငွေ ၈၀၀၀ စီနဲ့ ၀ယ်ရတယ်။ အဲဒီငွေကို ပေးလိုက်ရင် သူတို့ လက်မှတ်နဲ့ တောထဲ တောင်ထဲကို တနှစ်သွားလို့ရတယ်" ဟု ဦးကြာအောင်က ပြောသည်။

တောင်ဘဇားမှာ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းတွင် တည်ရှိသော ကျေးရွာကြီး တစ်ရွာ ဖြစ်ပြီး ယခု ဒုက္ခတွေ့နေကြရသော ဒိုင်းနက် ကျေးရွာများမှာ တောင်ဘဇားရွာ၊ ကျွန်း ဦးရွာ၊ ဂုတ်ပီရွာနှင့် ပန်းကုန်းမကျေးရွာတို့ ဖြစ်ကြောင်း သိရသည်။

" တောထဲတောင်ထဲကို သစ်ဝါး သွားခုတ်သူတွေဆီက သက်သက် ကောက်တာ မဟုတ်ဘူးဆရာ။ ဘယ်သူဘဲ သွားသွား အဲဒီ လက်မှတ် (၂) စောင်ပါရတယ်။ မပါရင် သူတို့က သူပုန်၊ ဓါးပြ အဲသလို စွပ်စွဲပြီး ဖမ်းတယ်။ လူတိုင်းက အဲသလို စွပ်စွဲတာ မခံနိုင်ဘူး။ အဲသလိုသာ စွပ်စွဲ အဖမ်းခံ ရလို့ကတော့ ပိုက်ဆံလည်း တစ်သိန်းနှစ်သိန်းကုန်မယ်။ လူကိုလည်း အမျိုးမျိုး ညှဉ်းဆဲမယ်။ ဒါကြောင့် ဒီလက်မှတ် (၂) စောင်က ကျွန်တော်တို့ ဒေသမှာ မှတ်ပုံတင်ထက် တန်ဖိုးရှိတယ်" ဟု သူက ဆက်ပြောသည်။

တောတောင်ထဲသို့ သွားရောက်ပြီး ၀ါးခုတ်၊ သစ်ခုတ်သူများမှာ တပ်ရင်းမှူးနှင့် သစ်တောအုပ် လက်မှတ်များကို ၀ယ်ယူနိုင်သော်လည်း တနပ်စာ ဟင်းရှာ၊ မျှစ်ခူးသွားသူများမှာ မ၀ယ်ယူနိုင်သဖြင့် အခက်အခဲကြုံတွေ့နေကြရသည်ဟု ဆိုသည်။

၎င်းပြင် တောင်ဘဇား အခြေစိုက် ခမရ ၅၆၄ တပ်ရင်းသည် အနီးအနား ကျေးရွာများမှ မြေပဲများ ကိုလည်း ဈေးနှိမ် ၀ယ်ယူနေကြောင်း၊ တဧကမှ ၈ ပိဿာ မရောင်း မနေရ စစ်တပ်က အဓမ္မ ၀ယ်ယူ နေကြောင်း သူက ပြောသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။