"စားပြီးနားမလည် လုပ်မနိန်ကေ့" ၂၀၁၂- ရခိုင် သင်္ကြန် သံချပ်ခွေ ဘင်္ဂလာဒေခ်ျ့တွင် ၀ယ်ယူသူများ

ထွန်းထွန်း
----------
ယခုနှစ် သင်္ကြန်အတွက် ထွက်လာသော "စားပြီးနားမလည် လုပ်မနိန်ကေ့" ရခိုင် သင်္ကြန် သံချပ်ခွေမှာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတွင် ၀ယ်ယူ အားပေးသူ များပြားနေကြောင်း သိရှိရသည်။


thringram
မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နယ်စပ်မြို့ ကော့စ်ဘဇားရှိ Rakhine Market မှ အဆိုပါအခွေကို ဖြန့်ဝေ ရောင်းချနေ သူ ဆိုင်ပိုင်ရှင် ကိုရွှေလှိုင်က ယခုလိုပြောသည်။

"ရခိုင်ရိုးရာ သံချပ်ခွေဖြစ်တဲ့ အတွက် ၀ယ်ယူ အားပေးသူများပါတယ်။ အထူးသဖြင့် စစ်တကောင်း တောင်တန်း ဒေသကလူ တွေ များပါတယ်။ မြူးမြူးကြွကြွ သင်္ကြန်သံချပ်ဆိုတော့ လူတွေက နှစ်သက် သဘောကျကြပါတယ်။"

ရောင်းချမှု ပိုင်းနှင့် ပတ်သက်ပြီး သူက "ဒီခွေကို ကျနော်တော်တို့ အစတုန်းက မူရင်းတခွေကို တာကာ ၁၅၀ နဲ့ရောင်းကြည့်တယ်။ သိပ်အားပေးတာ မတွေ့ဘူး။ နောက်ပိုင်းမှာ ကော်ပီလုပ်ပြီးတော့ တခွေကို တာကာ ၅၀ နဲ့ရောင်းတော့ တော်တော် အရာင်းကောင်းလာ ပါတယ်" ဟုပြောသည်။

မြန်မာလို " စားပီးရင် နားမလည်သလို လုပ်မနေပါနဲ" ဟု အဓိပ္ပါယ်ရသော "စားပြီးနားမလည် လုပ်မနိန်ကေ့" သံချပ်ခွေကို ဂီတစာဆို ကိုဦးကျော်လှမှ စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။

သံချပ်ခွေတွင် မြန်မာနိုင်ငံ မည့်သည့် နေရာတွင်မှာ ကျင့်သုံးခြင်း မရှိသော အများပြည်သူ များ လုပ်ကိုင် စားသောက်နေသော ငါးဖမ်းကွက်များကို အစိုးရမှ ချမ်းသာသူ စီးပွားရေး သမားများကို လေလံ ပေးပြီး ဌားရမ်းနေသဖြင့် မိဘ ဘိုးဘွားလက်ထက်ကတည်းက ချောင်းနှင့် မြစ်ကို ဆင်းပြီး လုပ်ကိုင်စားသောက်နေသော ရခိုင်ပြည်သူများ ဒုက္ခရောက်နေကြပုံ၊ ၊ စစ်တွေ-ရန်ကုန်ကားလမ်းတွင် ရခိုင်ပြည်နယ် အဘက်ခြမ်းတွင် ကားလမ်းများ ပျက်နေသဖြင့် ခရီးသွားပြည်သူများ ဒုက္ခရောက်နေကြရပုံနှင့် ရခိုင်ပြည်သူများ ဆင်းရဲလွန်းအားကြီးနေသဖြင့် အတိ ဒုက္ခရောက်နေကြပုံများကို ရေးသား သီကုံး ဖွဲ့ဆိုထားသည်။

သံချပ်ခွေတွင် တေးဆိုအဖြစ် ကိုသန်းဆွေ၊ ၀ိုင်းချေ၊ မောင်မျိုးထွန်း၊ မျိုးမြတ်အောင်တို့ဖြစ်ပြီး တေးဂီတအဖြစ် စိန်ဘရားသားအဖွဲ့၊ ဂီတမှူးအဖြစ် စိန်အောင်ဝင်း၊ စန္ဒားယား စိန်မြတ်ထွန်းသိန်း၊ ငွေနှဲ ဇေယျာကျော်သောင်း တို့နှင့် တေးဖြတ် ကောင်းခန့်လွင်တို့ ပါဝင်ပြီး စီစဉ်ထုတ်လုပ် ထားခြင်းဖြစ်သည်။

ကော့စ်ဘဇားမြို့ ငါးဈေးတန်းမှ ကိုလှမောင်က " ရခိုင်သင်္ကြန် သံချပ်ခွေကို အားပေးရတဲ့ အကြောင်းက ဒီလိုရှိပါ တယ်။ သင်္ကြန်မှာ ရခိုင်ပြည်နယ်မှာ ဘယ်လိုဘယ်ပုံ ပျော်ကြတယ်ဆိုတာကို ဒီက လူမျိုးခြား သူငယ်ချင်းတွေနဲ့ ဒီမှာရှိနေကြတဲ့ ဘင်္ဂလာက ရ ခိုင်တွေကို ပြချင်ပါတယ်။ ဒီလို အခွေတွေကို ၀ယ်ပြီးသင်္ကြန်မှာ နားထောင်ခြင်းအားဖြင့် ကုလားစိတ်တွေ ပျောက် လာပြီး မိမိ ရခိုင်လူမျိုးတို့ရဲ့ အမျိုးဘာသာ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ စိတ်ကူးတွေ ရောက်လာမယ်။ ဒီရည်ရွယ်ချက်နဲ့ ကျွန်တော်က အားပေးတာဖြစ်ပါတယ်" ဟုပြောသည်။

ဘင်္ဂလားဒေ့ခ်ျရှိ ရခိုင် လူမျိုးများနှင် စစ်တကောင်း တောင်တန်းနယ်ရှိ ဒေသခံ ရခိုင်မျိုးနွယ်စုဝင် ဗုဒ္ဓဘာသာဝင်များမှာ ရခိုင်ပြည်မှ တင်သွင်းလာသော တရားခွေ၊ သီခြင်းခွေ၊ ရုပ်ရှင်ဇာတ်ကားခွေ များကို ယခင်နှစ်များထက် ၀ယ်ယူသူများလာ ကြောင်းသိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် တခြားမြို့နယ်များတွင်လည်း "စားပြီးနားမလည် လုပ်မနိန်ကေ့" တခွေကို ကျပ်ငွေ ၁၅၀၀ နှုန်းဖြင့်ဖြန့်ဝေရောင်းချ လျှက်ရှိနေ ကြောင်းသိရသည်။


------------------------------------------------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။