မြန်မာတိုင်းမ်
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော MPRL E&P Pte Ltd သည် မြန်မာ နိုင်ငံ၏ ရခိုင်ကမ်းလွန်ရှိ ကမ်းလွန်လုပ် ကွက် အမှတ်အေ-၆၌ အစမ်းတွင်း အမှတ် Pyi Thar -1 STအား တူးဖော် ရာတွင် အနက်ပေ ၄,၂၇၀ ခန့်တွင် ပေ ၁၈၀ ခန့်ထူသော သဲကြော၏ အတွင်း အပေါ်ပိုင်းအထူ ပေ ၂၀ နှင့် အခြားသော သဲကြော အချို့တွင် သဘာဝဓာတ်ငွေ့ များ ခိုအောင်းနေသည်ကို တွေ့ရှိရကြောင်း MPRL E&P Pte Ltd မှ သတင်းထုတ်ပြန်ထားသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ခိုအောင်း သည့် သဲကြောနှင့်စပ်လျဉ်းသည့်အချက် အလက်များကို သိရှိနိုင်သော တိုင်းတာချက်များအရ သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည်ကို အခိုင်အမာ အတည်ပြုနိုင်ခြင်းဖြစ်ကြောင်း ဖော်ပြ ထားသည်။
ယင်းသဘာဝဓာတ်ငွေ့ တွေ့ရှိခြင်း သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရောင်းချရန် ဆောက်လုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် ရွှေသဘာဝဓာတ်ငွေ့မြေ၏ တောင်ဘက် ကီလိုမီတာ ၂၅၀ ခန့်တွင် ဒုတိယ မြောက် သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိ ခြင်းဖြစ်ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ဂျူးလိယက်
အတွဲ ၂၉ ၊ အမှတ် ၅၆၂ (၂၃ - ၂၉ ၊ ၃၊ ၂၀၁၂)

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။