ဘင်္ဂလာဒေ့ခ်ျ နိုင်ငံမှ သက်တော် ၀ါတော် အကြီးဆုံး အထင်ကရ သက်အမျိုးသား ဆရာတော်ကြီး ပျံလွန်တော်မူ

မောင်အေး
-----------
ဘင်္ဂလာဒေ့ခ်ျ နိုင်ငံတွင် အကျော်ကြားဆုံးနှင့် ဘာသာ ပေါင်းစုံက လေးစားကြည်ညိုဆုံး ဘိုနို ဘန္တေဟု လူသိများသော သက် ဆရာတော်ကြီးမှာ ယမန်နေ့က လူကြီးရောဂါဖြင့် ပျံလွန်တော်မူ သွားခဲ့သည်။

Respected-Venerable-Bana-passed
ဆရာတော်ကြီးအား သီတင်းသုံးရာ ရင်ဂါမတီ (သက်ထောင်)မှ လွန်ခဲ့သော သောကြာနေ့က ဒက္ကားမြို့သို့ ရဟတ်ယာဉ်ဖြင့် ဆေးကုသရန် ယူဆောင်လာပြီး ဆေးရုံတွင် ၃ ရက်အကြာ ယမန်နေ့ (ဇန္န၀ါရီလ ၃၀ ရက်နေ့) ညနေ ၄ နာရီ ခန့်တွင် ပျံလွန်တော် မူသွားခဲ့သည်။

ဆရာတော် ပျံလွန်တော် မူချိန်တွင် သက်တော် ၉၃ နှစ်ရှိပြီး ဖြစ်ကြောင်း သိရသည်။

ဆရာတော် သက်တော်ထင်ရှား ရှိစဉ်အခါ ဘင်္ဂလာဒေခ်ျ့ နိုင်ငံရှိ ဗုဒ္ဓဘာသာ သံအမတ်များ က သွားရောက် ဖူးမျှော် ကန်တော့လေ့ရှိပြီး ထိုအထဲတွင် ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ မြန်မာ သံအမတ်များလည်း ပါဝင်သည်။

ဆရာတော်ကြီး ယခုကဲ့သို့ ပျံလွန်တော်မူသွာသည့် အတွက် ဘင်္ဂလာဒေခ်ျ့နိုင်ငံ သာသနာတော် အတွက် အစားထိုးမရသော ဆုံးရှုံးမှု တစ်ရပ်ဖြစ် ကြောင်း ရင်ဂါမတီ ခရိုင်တွင် သီတင်းသုံးနေသော ဆရာတော် ဦးဥတ္တမက ယခုကဲ့သို့ ပြောသည်။

" ဆရာတော်ကြီး ပျံလွန်သွားတာဟာ တော်တော့ကို တန်ဖိုးကြီးပါတယ်။ ဆရာတော်ကို တနိုင်ငံ လုံးက လေးစားကြညိုတဲ့ ဆရာတော်ကြီး ဖြစ်ပါတယ်။ ဆရာတော်ကြီး ပျံလွန်တော်မူ တယ်ဆိုတဲ့ သတင်းကို ကြားကြရတော့ ဒီမှာလူတွေက အားလုံး စိတ်မကောင်းကြဘူး။ တချို့ဆိုငိုကြတယ်။ ဒီလို ဆရာတော်ကြီးတပါး ပြန်ရဖို့ဆိုတာ မလွယ်တော့ဘူး။"

ဆရာတော်ကြီး သီတင်းသုံးရာ ကျောင်းတော်တွင် နေ့စဉ် ရာချီသော ဗုဒ္ဓဘာသာဝင်များက ဆရာတော်ကြီးအား လာရောက် ဖူးမျှော်ကြပြီး ၁၉၇၃ ခုနှစ်ကတည်းက စပြီး ဆရာတော်ကြီးသည် ရင်ဂါမီတီခရိုင် တိန်တိလကျောင်းတွင် သီတင်း သုံးပြီး စစ်တကောင်း တောင်တန်း ဒေသတွင် ဗုဒ္ဓသာသာကို ကျယ်ပြန့်အောင် သာသနာပြုခဲ့သည်။ ဆရာတော်ကြီးသည် တစ်ချိန်က လူများနှင့် အဆက်အသွယ် မလုပ်ဘဲ တောထဲတွင် လအတန်ကြာအောင် တစ်ဦးတည်း တရားကျင့်မူကြောင့် ဘိုနို ဘန္တေ (တောရ ဆောက်တည်သော ဘုန်းကြီး) ဟု အမည်တွင်ခြင်း ဖြစ်ကြောင်း သိရသည်။

၁၉၇၄ ခုနှစ်တွင် ငယ်ဆရာ သီတင်းသုံးရာ သက်မင်း ကိုးကွယ် သည့်ကျောင်းသို့ပြောင်းရွေ့ပြီး ပျံလွန်တော်မူသည့်အချိန်ထိ သီတင်း သုံးခဲ့ကြောင်း သိရှိရသည်။

" အဲဒီဆရာတော်တွင် ၀ိပဿနာ ထိုင်ခဲ့တဲ့ အတွက် အကြား အမြင် စွမ်းအားတွေရှိတယ်လို့လည်း သိရပါတယ် ။ လူအများကိုလည်း မေတ္တာထားတယ်။ စကား အနည်းပြောရင် ကုသိုလ်ဖြစ်တယ်။ အများပြောရင် အကုသိုလ်ဖြစ်တယ်လို့ ပြောဟောတာတွေ ရှိတယ်။ သတ္တ၀ါတွေ ကို မေတ္တာထား ကျန်းမာ ချမ်းသာ လိမ့်မယ်လို့ အမြဲပြောခဲ့ပါတယ် " ဟု ဦးဥတ္တမက ပြောသည်။

ဆရာတော်ကြီး၏ ၉၃ နှစ်မြောက် မွေးနေ့ကို ဇန်န၀ါရီလ ၈ ရက်နေ့က ကျင်းပ ခဲ့ကြောင်း သိရသည်။

ဆရာတော်ကြီး၏ ဈာပနအား နိုင်ငံတော်အဆင့် ပြုလုပ်မည် ဖြစ်ကြောင်းနှင့် ဗုဒ္ဓဘာသာ ဓလေ့ထုံးစံနှင့် အညီ အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ဆရာတော်ကြီးကို ၁၉၂၀ ဇန္န၀ါရီလ ၈ ရက်နေ့တွင် ရင်ဂါမီတီ ခရိုင် မော်ရာဂေါနာ (ရန်ချောင်းဖျား၊ ဒေါင်းပဒါ) ကျေးရွာတွင် သက်အမျိုးသားဖြစ်ကြသည့် ခမည်းတော် ဦး ဟာရူမိုဟန်းနှင်မယ်တော် ဘီပူရ်တီ တို့မှ မွေးဖွားခဲ့သည်။ ငယ်အမည်မှာ ရော်ခြိန္ဒ စာကမာ (သက်) ဖြစ်ပြီး သာမန် မိသားစု တစ်စုမှ မွေးဖွားလာကြောင်း သိရသည်။

၁၉၄၉ ခုနှစ်တွင် နန္ဒ ရဟန်း အမည်ဖြင့် ရဟန်းဘောင်သို့ ၀င်ရောက်ပြီး ၁၉၆၅ ခုနှစ် သက်ဘုရင် ကိုကွယ်သည့် ဆရာတော်ကြီးထံတွင် ဗုဒ္ဓဘာသာ တရားတော်များကို လေ့လာဆည်းပူးခဲ့သည်။

--------.: နိရဉ္စရာ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။