ရန်ကုန်လေဆိပ် လုံခြုံရေးအဆင့် မြှင့်ထား

Mizzima News

ရန်ကုန် (မဇ္ဈိမ) ။         ။ မြန်မာ့လေကြောင်း (Myanma Airway) ပိုင် လေယာဉ်များကို ဗုံးခွဲတိုက်ခိုက်နိုင်ကြောင်း သတင်းရရှိထား၍ ရန်ကုန် မင်္ဂလာဒုံလေဆိပ် လုံခြုံရေးကို ဖေဖော်ဝါရီလ ၃ ရက် သောကြာနေ့မှ စ၍ လုံခြုံရေးအဆင့် ၁ သို့ တိုးမြှင့် သတ်မှတ်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ ရောက်ရှိလာသည့် မြန်မာ့လေကြောင်းပိုင် လေယာဉ်များကို ဗုံးခွဲ တိုက်ခိုက်မည် ဟူသော ခြိမ်းခြောက်စာကြောင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအောက်ရှိ
လေကြောင်း ထိန်းသိမ်းရေးဌာန (DCA- Department of Civil Aviation) က မင်္ဂလာဒုံလေဆိပ်ကို လုံခြုံရေး အဆင့် တိုးမြှင့်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ သောကြာနေ့က MAI လေယာဉ်တွေကို ဗုံးခွဲတိုက်ခိုက်ဖို့ ရှိတယ်ဆိုပြီး DCA က  လေဆိပ်လုံခြုံရေး အဆင့် ၁ တိုးမြင့်ထားတယ်။ သူတို့ဝန်ထမ်းတွေကို လုံခြုံရေး သတိရှိဖို့အတွက် ညွှန်ကြားထားတယ်” ဟု ရန်ကုန်လေဆိပ်မှ အဆင့်မြင့် အရာရှိတဦးက ပြောသည်။
myanmaairway
မြန်မာ့လေကြောင်း (Myanma Airway) ပိုင် လေယာဉ်များကို ဗုံးခွဲတိုက်ခိုက်နိုင်ကြောင်း သတင်းရရှိထား၍ ရန်ကုန်မင်္ဂလာဒုံလေဆိပ် လုံခြုံရေးအဆင့် ၁ သို့ တိုးမြှင့် သတ်မှတ်ထားကြောင်း သိရ (ဓါတ်ပုံ မဇ္ဈိမ)

မွတ်ဆလင် အမျိုးသားတဦးက ဗုံးခွဲတိုက်ခိုက်မည်ဟု သတင်းရရှိထားသဖြင့် လုံခြုံရေး အထူးသတိပြုရန် လိုကြောင်း ရန်ကုန်ုလေဆိပ်ရှိ MCS (Myanmar Cargo Services) ဂိုဒေါင်များတွင် သတိပေးစာများ ကပ်ထားကြောင်း မျက်မြင် သက်သေများက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ယင်းသို့ သတိပေးချက် ထုတ်ပြန်ထားသော်လည်း သာမန် ခရီးသွားလာသူများကမူ ရန်ကုန်လေဆိပ်အတွင်း ထူးခြားလုံခြုံရေး အစီအစဉ်များ မတွေ့ရကြောင်း ပြောသည်။

ရန်ကုန်မင်္ဂလာဒုံလေဆိပ် လုံခြုံရေးတာဝန်ယူထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနက်မှ တပ်မတော်(လေ) နှင့် စရဖ (လေ) စသည့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များကို မတ်လ ၁ ရက်နေ့ နောက်ဆုံးထား ရုတ်သိမ်းမည်ဖြစ်ပြီး
ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ လုံခြုံရေး တပ်ဖွဲ့များနှင့် DCA တို့ကသာ တာဝန်ယူသွားမည် ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ပိုင်းက ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကို ရန်ကုန် မင်္ဂလာဒုံလေဆိပ်သို့ လာရောက် ပြီး DCA ၊ စီအိုင်ဒီ၊ ရဲသတင်းတပ်ဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး စသည့် တာဝန်သူများနှင့် တွေ့ဆုံပြီး
ဖေဖော်ဝါရီ လလယ်ပိုင်းမှစ၍ လုံခြုံရေးတာဝန်များ လွှဲပြောင်းရယူရန် ညှိနှိုင်းခဲ့ကြောင်း သိရသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။