ရခိုင်ပြည်နယ် သံတွဲမြို့မဈေးကြီး မီးလောင်


မောင်အေး
----------
ရခိုင်ပြည်နယ် သံတွဲမြို့ မြို့မဈေးကြီးမှာ ယနေ့နံနက်ပိုင်းက မီးစတင်လောင်ကျွမ်းခဲ့သည့် အတွက်ဈေးတခုလုံး လောင်ကျွမ်းသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ဈေးကြီး မီးလောင်ကျွမ်းမှုနှင့် ပတ်သတ်ပြီးသံတွဲ မြို့ခံတဦးက ယခုကဲ့သို့ပြောသည်။

"ဘယ်က စလောင်တယ်ဆိုတာ အတိကျပြောလို့မရသေးဘူး။ စပြီးလာင်တာက ဒီနေ့ မနက် ၅ နာရီကျော်လောက်က စလောင်တယ်။ ငါးဈေးတန်း အပြင်ဘက်က စပြီးလောင်တာလို့ သိရတယ်။"

မီးအရှိန်မှာအလွန်ပြင်းသည့်အတွက် မီးသတ်ဌာနမှ မီးသတ်ကား သုံးစီးဖြင့် လာရောက်ငြိမ်း သတ်ခဲ့သော်လည်း နံနက် ၇ နာရီနီးပါးအထိ မီးမငြိမ်းသေးကြောင်း သူကပြောသည်။

ယနေ့နံနက် ၇ နာရီကျော်လာသည့်တိုင်အောင် မီးမငြိမ်းနိုင်သေးသည့်အတွက် တခြားလူနေအိမ် များကို ကူးလာမည်ကို စိုးရိမ်နေကြကြောင်းလည်း အဆိုပါ မြို့ခံမှ ဆက်ပြောသည်။

" ရွှေဆိုင်တွေ၊ အ၀တ်အထည်ဆိုင်တွေ အကုန်လုံးပါသွားတယ်။ ဈေးတခုလုံး ပါသွားတယ်။ အခု နေပူချိန်ကလည်း ပြင်းလာတဲ့အတွက် လူနေအိမ်တွေကို ကူးစက်မှာကို စိုးရိမ်နေရတယ်။"

မီးလောင်မှုကြောင့် ဆုံးရှုံးမှုပမာဏကို အခုလောလောဆယ် မခန့်မှန်းသေးသော်လည်း ဈေးတခုလုံး မီးလောင်သွားသည့်အတွက် တန်ဖိုးအားဖြင့် အမြောက်အများ ဆုံးရှုံးနိုင်ကြောင်း သူက ပြောသည်။



------------------
.: နိရဉ္စရာ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။