ယနေ့ နံနက် တာမွေကြီး (ခ)ရပ်ကွက်မီးလောင်မှူ


တာမွေကြီး (ခ)ရပ်ကွက် တွင် မီးငြိမ်းသတ်နေစဉ်
တာမွေမြို့နယ် တာမွေကြီး (ခ)ရပ်ကွက် တွင် ယနေ့နံနက် ၉နာရီခန့် ကမီးလောင်ကျွမ်းမှူတစ်ခုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၅ လုံးခန့်ပျက်စီးဆုံးရှူံးခဲ့သည်

မီးလောင်မှူဖြစ်ပွားသည့် နေရာသို့တာမွေ၊ မင်္ဂလာတောင်ညွန့် ရန်ကင်းစသည့်
မြို့နယ်များမှမီးသတ်တပ်ဖွဲ့များလာရောက်ငြိမ်းသတ်လျက်ရှိသည်
မီးသတ်အင်အား ၅၀ ခန့်နှင့် ကား အစီးရေ ၂၀ ခန့်လာရောက်ငြိမ်းသတ်ခဲ့ကြ
ပြီး ၁ နာရီနီးပါမျှ အကြာတွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်သည့်နေရာအနီး
တစ်ဝိုက်တွင် တိုက်တာ အများအပြားရှိသော်လဲ လောင်ကျွမ်းသည့် ဧ၇ိယာတစ်
ဝိုက်မှာ ပြုပြင်ထိန်းသိမ်းခြင်းမရှိသည့် ပျဉ်ထောင်အိမ်များဖြစ်ပြီး
နောက်ဖေးလမ်းကြားများတွင်ရှိနေခြင်းကြောင့်လမ်းမကြီးပေါ်မှ
သာငြိမ်းသတ်ခဲ့ရသည်။

စတင်လောင်ကျွမ်းမှူနှင့် ပျက်စီးဆုံးရှူံးမှူအခြေအနေအသေးစိတ်ကို မသိရှိရသေးပဲ
လက်ရှိတွင် ယင်းနေရာတစ်ဝိုက်ရာ မီးသတ်တပ်ဖွဲ့မှစောင့်ကြည့်လျက်ရှိသည်။
အဆိုပါနေရာမှာ တာမွေပလာဇာ နှင့် ရွှေဗဟိုရုပ်ရှင်ရုံအနောက်ဘက်ခြမ်းတွင်ရှိပြီး ယင်းအိမ်ခြေမျာလောင်ကျွမ်းမှူကြောင့် အနီးတစ်ဝိုက်ရှိတိုက်နံရံများမီးစွဲလောင်ခဲ့သည်။
7Day News Journal
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။