အဲယား ကမ္ဘောဇ သံတွဲတွင် ပြေးလမ်းချော်


မောင်အေး
----------
ယနေ့နံနက်ပိုင်းက သံတွဲလေဆိပ်တွင် အဲယား ကမ္ဘောဇ လေကြောင်း လိုင်းပိုင် လေယာဉ်တစီး ပြေးလမ်းချော်ကာ လမ်းဘေးထိုးကျသွားသဖြင့် လေယာဉ် တောင်ပံ တဖက် ကျိုးသွား ကြောင်း သတင်း ရရှိသည်။

Air bagan
လေယာဉ် မတော်တဆမူကို သိရှိရန် အဲယား ကမ္ဘောဇ ရုံးသို့ ဆက်သွယ်ရာ ဖုံးလိုင်း မရှင်း သဖြင့် ဆက်သွယ်၍ မရရှိခဲ့ပါ။

ဆက်လက်ပြီး မေးမြန်းရာ သံတွဲမြို့မှ ဆိုင်သည်အမျိုးသမီးတဦးက ယခုကဲ့သို့ပြောသည်။

"လေယဉ်ပျက်တာ မဟုတ်ပါဘူး။ လေယာဉ်ဆင်းတဲ့အခါ ဘီးကျိုးကျပြီး လမ်းလျှော်သွားတာလို့ကြားတယ်။ ခရီးသည်တွေတော့ ထိခိုက် ဒဏ်ရာ ရရှိတာတွေ မရှိပါဘူး" ဟု ပြောသည်။

လေယာဉ်သည် ရန်ကုန်မှ သံတွဲသို့အလာ လေယာဉ်ကွင်းသို့ အဆင်းတွင် ယခုကဲ့သို့ မတော်တဆ ဖြစ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



-------------------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။