အမေရိကန်တွင် ကားတိုက်၍ ရခိုင် ၃ဦး ပြင်းထန်စွာ ဒဏ်ရာရ

ထွန်းထွန်း
---------
အမေရိကန်နိုင်ငံတွင် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သော ကားတိုက်မူ တစ်ခုတွင် ရခိုင်အမျိုးသား (၃) ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပြီး ဆေးရုံတင်ထားရကြောင်း သတင်း ရရှိသည်။

ကားတိုက်ခံရသူ (၃) ဦးမှာ ကျောက်တော်မြို့နယ် ကျနင်းကန်ကျေးရွာမှ ကိုသိန်းအေးကျော်(၃၉)နှစ်၊ ရ သေ့တောင်မြို့နယ်မှ မြသန်း (၃၄)နှစ်နှင့် အမ်းမှ အောင်ဇော်(၂၈)နှစ်တို့ ဖြစ်ကြသည်။

သူတို့၏ မိတ်ဆွေ တစ်ဦးဖြစ်သူ ကိုခိုင်လှက ကားမတော်တဆ ဖြစ်မူကို ယခုလို နိရဉ္စရာသို့ ပြောသည်။

"ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က မနက် ၅နာရီမှာ သူတို့ (၃) ဦးက အလုပ်ကို ကားနဲ့ သွားကြတယ်။ ဟိုက်ဝေး လမ်းမကြီးအတိုင်း ကားကိုအရှိန်နဲ့ မောင်းလာတဲ့ အချိန်မှာ အမေရိကန်နိုင်ငံသား ကားတစ်စီးက ရုတ်တရက် ရှေ့က ထိုးပြီး ဖြတ်ကျော်တော့ သူတို့ စီးလာတဲ့ကားကို အချိန်မှီ ဘရိတ်ကို မထိမ်းနိုင်ဘဲ ဖြတ်သွားတဲ့ကားကို ၀င်တိုက်မိတာဖြစ်ပါ တယ်။"

ကားတိုက်မူတွင် အသက် ၇၀ အရွယ်ရှိ အမေရိကန်နိုင်ငံသား အဖိုးကြီးမှာ ၎င်းနေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု သိရသည်။

ကားတိုက်မူမှာ ရခိုင်အမျိုးသားများ အလုပ် လုပ်နေသော အမေရိကန်နိုင်ငံ Iowa State - Des Moines မြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကျောရိုးကို ထိခိုက်သွားသော ကိုသိန်းအေးကျော်နှင့် ညာဘက် မေရိုးကျိုးသွားသော ကိုမြသန်တို့မှာ ဖေဖေါ်ဝါရီလ ၂၄ရက်နေ့က ပြန်သတိရလာခဲ့သော်လည်း ကို အောင်ဇော်က အရေးပေါ် Emergency အခန်းတွင် သတိမရဘဲ ရှိနေသေးကြောင်း သိရသည်။

သူတို့ သုံးဦးထဲမှ ကိုသိန်းအေးကျော်မှာ ဆေးရုံမှ ဆင်းနိုင်ခဲ့ပြီဟု သတင်း ထပ်မံရရှိပါသည်။



---------------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။