ပိုက်လိုင်းကြောင့် လယ်မြေဆုံးရှုံးသူ လယ်သမား ၄၉ ဦး လျော်ကြေး အပြည့်မရ၍ စာရေးတိုင်ကြား

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ လယ်သမား ၄၉ ဦးသည် ဂတ်စ်နှင့်ရေနံပိုက်လိုင်းကြောင့် ဆုံးရှုံးသွားသော သူတို့ လယ်မြေများအတွက် လျော်ကြေးငွေ တ၀က်ကိုသာ ရရှိပြီး ကျန် တ၀က်ကို (၅) လကျော်ကြာလာသည့်တိုင် မရရှိသဖြင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများကို စာရေး တိုင်ကြားလိုက်သည်ဟု သတင်း ရရှိသည်။


Arakan-Shwe-Gas-Pipeline
" တိုင်ကြားတဲ့ လယ်သမား ၄၉ ဦးက သဖန်းခါး၊ သပြုတောင်၊ ပျားဒေး၊ ကြတ္တိန်၊ ရွှေမော်စတဲ့ ကျေးရွာတွေက ဖြစ်ပါတယ်။ သူတို့က စာရေးပြီး မြို့နယ် အုပ်ချုပ်ရေးမှူးဆီကို တိုင်ကြားပါတယ်။ မိတ္တူကိုတော့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဥက္ကဌ၊ ပြည်နယ် အုပ်ချုပ်ရေးမှူးတို့ကို ပေးပို့ပါတယ်။ နိုင်ငံရေးပါတီ တစ်ခု ဖြစ်တဲ့ ရတပပါတီကိုလည်း မိတ္တူပေးပါတယ်" ဟု လယ်သမား တစ်ဦးက ပြောသည်။

ပိုက်လိုင်းကြောင့် လယ်မြေ ဆုံးရှုံးသူများကို လျော်ကြေးငွေ ထုတ်ပေးနေသော အဖွဲ့သည် လွန်ခဲ့သော သီတင်းကျွတ် လဆန်း ၁၄ ရက်နေ့က လျော်ကြေးငွေ ပထမ အသုတ်အား ထုတ်ပေးခဲ့ပြီး ကျန်ငွေများကို ၁၅ ရက်အတွင်း ထုတ်ပေးမည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။

" သူတို့က ကြတ်တိန်ကျေးရွာ အုပ်စုကိုရောက်တဲ့ အခါ ငွေတ၀က်ကို ပထမ အသုတ်အနေနဲ့ ထုတ်ပေးပြီး ဒုတိယ အသုတ်ကို နောက်ထပ် ၁၅ ရက်အတွင်း ထုတ်ပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒါပေမယ့် ၅ လ နီးပါး ရောက်လာပေမယ့် ငွေတ၀က်ကို မထုတ်ပေးသေးဘူး။ ဒါကြောင့် သက်ဆိုင်ရာကို စာရေးတိုင်ကြားရတာ ဖြစ်ပါတယ်"ဟု သူက ဆက်ပြောသည်။

မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ ရေးသားပေးပို့သော တိုင်ကြားစာတွင် ပါဝင်သော အကြောင်းအရာများကိုလည်း သူက ယခုလို ဖတ်ပြသည်။

စာထဲမှာ ရေးထားတဲ့ အကြောင်းအရာက ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်းဖြတ်သွားတဲ့ လယ်မြေများ အတွက် မပေးသေးတဲ့ လျော်ကြေးငွေများကို ရရှိနိုင်ရေးအတွက် အကူအညီတောင်းခံခြင်း ဆိုပြီးတော့ ပါပါတယ်။ စာကို ဖတ်ပြရရင်...............

၁။ ကျွန်တော်တို့ ကျောက်ဖြူမြို့နယ်။ ကြတ်တိန်ကျေးရွာအုပ်စု ကြတ်တိန်ကျေးရွာနေ တောင်သူလယ်သမား များ ဖြစ်ကြသည်။

၂။ ကျွန်တော်တို့ လုပ်ကိုင်စားသောက်နေကြသော လယ်မြေများမှာ ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သွား ရာ လမ်းကြောင်းတွင် ပါဝင်သည့်အတွက် လယ်မြေများ ဆုံးရှုံးသွားပါသည်။

၃။ ဆုံးရှုံးသွားသော လယ်မြေများအတွက် သက်ဆိုင်ရာများက လယ်မြေပိုင်ရှင်များအတွက် လျော်ကြေးငွေကို ၁၃၇၃ ခု သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့က တ၀က်မျှသာ ထုတ်ပေးပြီး ကျန်ငွေများကို မရရှိသေးပါ။ ကျန်ရှိ သော ငွေများအား ၁၅ ရက်အတွင်း လာရောက်ပေးမည်ဟု နှုတ်ကတိဖြင့် ပြောဆိုခဲ့သော်လည်း ယနေ့ထက် တိုင် လာရောက်ပေးဆောင်ခြင်း မရှိသေးပါ။

၎။ တောင်သူလယ်သမားများမှာ လယ်ယာမြေများ မြောက်များစွာဆုံးရှုံးခဲ့ရသဖြင့် လယ်မဲ့ယာမဲ့ လယ်သမားများ မြောက်များစွာ ပေါ်ပေါက်ခဲ့ရပါသည်။ စပါး မှည့်နေသည့် အချိန်တွင် မြေထိုး စက်ကြီများဖြင့် ဖြို၍ ယူသွား သည်အတွက် သီးနှံများ အကြီးအကျယ် ဆုံးရှုံးခဲ့ရပါသည်။

၅။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများ ရရှိရန်ငွေများကို ထုတ်ပေးပါရန်နှင့် သက်ဆိုင်ရာ လျော်ကြေး ကုမ္ပဏီနှင့် ညှိနှိင်း ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည် ဆိုပြီးတော့ ပါပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးကို လိပ်မူတပ်ထားပါတယ်။

မိတ္တူကို ၀န်ကြီးချုပ် ရခိုင်ပြည်နယ် အစိုးရ၊ လွတ်တော်ဥက္ကဌ ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်၊ ပြည်နယ်အုပ် ချုပ်ရေးမှူး ဦးစီးဌာန၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဌာန၊ အမှတ် ၁ ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆိုပြီးတော့ ပေးပို့ပါတယ်ဟု အဆိုပါ လယ်သမားက ပြောသည်။

-----------------
  နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။