၂၂၇ - နှစ်မြောက် ရခိုင့်အချူပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ် မလေးရှားတွင်ကျင်းပ

ခိုင်မောင်ဦး (မလေး)
--------------------
၂၀၁၁ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ကျရောက်သော ၂၂၇ နှစ်မြောက်ရခိုင့်အချုပ်အခြာ အာဏာ ကျဆုံးခြင်း အောင်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်အမျိုးသားများက ကျင်းပခဲ့ကြသည်။


malaysia Rakhine
အခမ်းအနားကို မလေးရှားနိုင်ငံ ပူချူန်း tesco အနီးရှိ ရခိုင် ကလေးငယ်ကျောင်းတွင် နေ့လည် ၁၂ နာရီမှ ၆ နာရီအထိ ပြုလုပ်ခဲ့သည်။

အထိမ်းအမှတ် အခမ်းအနား လုပ်ရခြင်းနှင့်ပတ်သက်ပြီး ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်သည့် ကိုခိုင်ဇာနီက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

" ရခိုင်ပြည် အချုပ်အခြာ အာဏာ ကျဆုံးသွားတာ အခုဆိုရင် ၂၂၇ နှစ်ရှိသွားပါပြီ။ ဒါတွေကို မေ့ပျောက် မသွားရအောင် နိုးဆော်တဲ့အနေတဲ့ ကျင်းပရတာ ဖြစ်သလို အခြားတဖက်မှာလည်း ရခိုင်လူမျိုးတွေ ဘာဖြစ်နေကြသလဲ၊ ရခိုင်လူမျိုးတွေ ဒီအတိုင်းဘဲ ဆက်သွားကြမလား၊ ဒါတွေကို မလေးရှား ရောက်ရှိနေကြတဲ့ ရခိုင်သူ ရခိုင်သားတွေ နားလည်သဘော ပေါက်လာအောင် ရည်ရွယ်ချက်နဲ့ ကျင်းပရတာ ဖြစ်ပါတယ်။"

အခမ်းအနားကို တက်ရောက်လာသူ လူငယ်တဦးကလည်း ယခုကဲ့သို့ ရခိုင်နှင့်ဆိုင်သော အခမ်းအနားများကို တက် ရောက်နားထောင်ခြင်းဖြင့် သူ့အနေနဲ့ မိမိတို့ ရခိုင်အကြောင်းကို ပိုပြီး နားလည်လာသည်ဟု ပြောသည်။

" ကျွန်တော်တို့ ငယ်စဉ်က "မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား" ဆိုပြီး သင်ခဲ့ရလို့ မိမိတို့ ရခိုင် အ ကြောင်းကို မသိခဲ့ရပါဘူး။ အခု မလေးရှားကို ရောက်မှ အဖွဲ့စည်းတွေက လူကြီးတွေရဲ့သြ၀ါဒစကားတွေ၊ ဆွေးဆွေး မှုတွေကို နားထောင်လာရတဲ့အချိန် ပိုပြီး ကျွန်တော်တို့ ရခိုင်အကြောင်းကို မှန်မှန်ကန်ကန် သိရှိလာကြရတယ်။"

အခမ်းအနားကို ရခိုင့် အောင်လံတော်ကို အလေးပြုခြင်း၊ ရခိုင်နိုင်ငံတော်အတွက် အသက်ပေးဆပ်သွားသည့် ရခိုင့် အာဇာနည် သူရဲကောင်းများကို ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ဖယောင်းတိုင်မီးများ စီတန်း ထွန်းညှိကာ ၂ မိနစ်ခန့် ဆုတောင်းခဲ့ကြသည်။

ဆုတောင်းအပြီးတွင် ရခိုင်အချုပ်အခြာ အာဏာ ကျဆုံးရခြင်းနှင့် ပတ်သက်ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက် များကို တက်ရောက်လာသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူများက ဖြေကြားခဲ့ကြသည်ဟု သိရသည်။

အခမ်းအနားသို့ တက်ရောက်လာသူ ရခိုင်အမျိုးသမီး၊ အမျိုးသား ၉၀ ခန့်က "ဗမာကိုလိုနီစနစ် ပျက်သုဉ်းရေး-- ငါတို့အရေး၊ ရခိုင့်လူထု လွတ်မြောက်ရေး-- ငါတို့အရေး၊ ဗမာ နယ်ချဲ့ဝါဒ-- ကျဆုံးပါစေ" ဟု ကြွေးကြော်ကြပြီး အခမ်းအနားကို အောင်မြင်စွာ အဆုံးသတ်ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်သည် ၁၇၈၄ ခုနှစ် ဒီဇင်္ဘာ ၃၁ ရက်နေ့ မတိုင်မှီထိ ကိုယ့်မင်း ကိုယ့်ချင်းနှင့် လွတ်လပ်သော ဘုရင့် နိုင်ငံတော် တစ်ခုဖြစ်ပြီး ဗမာ ဘုရင် ဘိုးတော်မောင်ဝိုင်း၏ ကျူးကျော် ၀င်ရောက်သိမ်းပိုက်မူကြောင့် ၁၇၈၄ ခုနှစ် ဒီဇင်္ဘာ ၃၁ ရက်နေ့တွင် အချုပ်အချာ အာဏာ ကျဆုံးခဲ့ရသည်။ ရခိုင်ပြည် အချုပ်အချာ အာဏာကျဆုံးချိန်မှ စပြီး အုပ်ချုပ်သူ အဆက်ဆက်၏ ဖိနှိပ် ချယ်လှယ် သွေးခွဲ အုပ်မူများကြောင့် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့၏ အခြေအနေမှာ တိုင်းပြည် ပျောက်သည်သာမက ယခုအခါ လူမျိုးပါ ပျောက်မည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရှိရသည်။


---------------
 နိရဉ္စရာ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။