စစ်သား အဖြစ် စုဆောင်းခံရသူ အသက် ၁၄ နှစ်ကျောင်းသား မိဖများလက်သို့ ပြန်လွဲပြောင်း

ပြည်ပ မီဒီယာ သတင်းဌာန တစ်ခုမှ သတင်းထုတ်လွှင့် အပြီး စစ်သား အဖြစ် စုဆောင်းခံခဲ့ရသည့် ကျောင်းသား တစ်ဦးအား သက်ဆိုင်ရာမှ မိဖများလက်သို့ ပြန်လည် လွဲပြောင်းပေးလိုက်သည်ဟု သတင်း ရရှိသည်။

အဆိုပါ စစ်သား စုဆောင်ရေးကို ရောက်ရှိပြီးမှ မိဖထံသို့ လွဲပြောင်း ပေးအပ်ခြင်း ခံရသူမှာ အသက် ၁၄ နှစ်ခန့်သာ ရှိသေးသော ခုနှစ်တန်းကျောင်းသား မောင်ရဲငြိမ်း ဖြစ်သည်။

" သူ့သတင်းကို ဘီဘီစီ မြန်မာပိုင်းက နိုဝင်္ဘာ ၁၇ ရက်နေ့က ထုတ်လွှင့်အပြီး ၂ ရက်အကြာမှာ စစ်သား စုဆောင်းရေးကနေ ဘူးသီးတောင်ကို ပြန်ခေါ်လာပြီး ကလေးကို မိဖတွေလက်ထဲကို ပြန်လည် လွဲပြောင်း ပေးအပ်လိုက်ပါတယ်" ဟု မိသားစုနှင့် ရင်းနှီးသူ ရဟန်းတော် တစ်ပါးက ဖုံးမှ တဆင့် ပြောသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သြရမ ရွာတွင် နေထိုင်သူ မောင်ရဲငြိမ်းအား လွန်ခဲ့သောနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က ဘူးသီးတောင် အခြေစိုက် ခြေမြန် တပ်ရင်း ၂၃၄က တပ်ကြပ် စိုးအောင်နဲ့ တပ်သား မောင်ပြား (မြိုအမျိုးသား) တို့က ပညာ သင်ပေးမည်ဟု ဆိုပြီး လိမ်လည် လှည့်ဖျား ခေါ်ယူသွားကာ စစ်တွေ စုဆောင်းရေးကို ပို့ခဲ့သည်။

မိဘဖြစ်သူများက အောက်တိုဘာလ ၃၁ ရက်နေ့က တပ်ရင်းထိ လိုက်လာပြီး ကလေးကို ပြန်တောင်းသော်လည်း ပညာ သင်ပေးမည်ဟု ဆိုကာ စုဆောင်းသွားသူများက လှည်ဖျားထား သဖြင့် ပြန်လည် ခေါ်ယူ၍ မရရှိခဲ့ကြောင်း သိရသည်။

၎င်းနောက်ပိုင်းတွင် အဆိုပါ သတင်းကို ဘီဘီစီ (မြန်မာပိုင်း)က ထုတ်လွှင့်ခဲ့သည်။

" ဘီဘီစီ က ထုတ်လွှင်တော့ အကုန်လုံး သိကုန်တော့ ခလေးကို ထားလို့ မရတော့ဘူးလေ။ ဒါကြောင့် သူ့ကို ပြန်ပို့တယ်။ ဒီကလေး စစ်သား စုဆောင်းတဲ့ သတင်းကိုဘဲ ပြည်တွင်း ထုတ်ဝေတဲ့ ရတပ တိုးတက်ရေး သတင်းလွှာမှာလည်း ဖေါ်ပြတယ်လေ။ ကလေးစစ်သား မစုဆောင်းပါဘူးလို့ အထက်အာဏာပိုင်တွေက ကျေညာထားတဲ့ ကြားထဲက ကလေးစစ်သား စုဆောင်းတော့ စစ်တပ်က အရာရှိတွေ အဆူ ခံရတယ် ထင်ပါတယ်။ ချက်ချင်း ပြန်လွဲပြောင်းပေးလိုက်ပါတယ်" ဟု ဦးဇင်းက ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြည်တွင်းတွင် ထုတ်ဝေသော နိုဝင်္ဘာလ ၂၀ ရက်နေ့ထုတ် အတွဲ(၁) အမှတ် ၁၁ တိုးတက်ရေး သတင်းလွှာတွင်လည်း ဘူးသီးတောင် မြို့နယ် သြရမကျေးရွာနေ ဦးအင်္ဂါအောင်နှင့် ဒေါ်ပလေမြောင်တို့၏ သား အသက် ၁၃ နှစ် ၃လသာရှိသေးသော မောင်ရဲငြိမ်းအား စစ်သား အဖြစ် စုဆောင်းသွားခဲ့သည်ဟု ဆိုကာ အဆိုပါ သတင်းကို ဖေါ်ပြခဲ့သည်ဟု ဦးဇင်းက သည်။

ယခုကဲ့သို့ မောင်ရဲငြိမ်းအား မိဖများလက်သို့ စစ်တပ် တာဝန်ရှိသူများက ပြန်လည် ပို့ဆောင်ပေးခဲ့သဖြင့် အကျိုးဆောင် ကူညီသူများနှင့် သတင်းဌာနများကို မိဖ ဖြစ်သူများက အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။



------------------
 နိရဉ္စရာ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။