မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှတစ်ဆင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောင်းချမည့် ရခိုင်ကမ်းလွန် ဒေသရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို ရခိုင်ပြည်နယ်အတွက် ခွဲဝေသုံးစွဲခွင့် ရရှိ

Eleven Media Group


7152a
ကျောက်ဖြူမြို့အနီးမှ ရေနံပိုက်လိုင်းများ ဆက်ရန် ပြင်ဆင်ထားပုံ
မြန်မာ-တရုတ်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောင်းချမည့် ရခိုင်ကမ်းလွန်ဒေသရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို ရခိုင်ပြည်နယ်အတွက် ခွဲဝေသုံးစွဲခွင့် ရရှိရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း စီစဉ်ဆောင်ရွက်ခဲ့ရာ သဘောတူညီမှုအချို့ကို ရရှိခဲ့ပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထိုသို့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို ရခိုင်ပြည်နယ်ရှိ ပြည်သူများအသုံးပြုနိုင်ရန် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ကိုရီးယားနိုင်ငံ HDaewoo International Corporation ဆိုင်ရာ အစုရှယ်ယာဝင်များနှင့် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခင်က ရခိုင်ကမ်းလွန်ဒေသ လုပ်ကွက် အေ-၁နှင့်အေ-၃တွင် အကောင်အထည်ဖော်လျက်ရှိသော ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှထွက် ရှိလာသည့် ဘဘာဝဓာတ်ငွေ့များကို မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြင့် ရခိုင်ပြည်နယ်၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်သန်းသွယ်တန်းကာ မြန်မာ- တရုတ်နယ်စပ်မူဆယ်မှတစ်ဆင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ရောင်းချ နိုင်ရန် ပြည်ပပို့ သဘာဝဓာတ်ငွေ့ အရောင်းအ၀ယ် စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။

စီမံကိန်းမှထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များအနက် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်တွင်းသုံး စွဲရေးအတွက် ရယူသုံးစွဲခွင့်ရှိရာ ကနဦးဆွေးနွေးညှိနှိုင်းမှုအရ မြန်မာနိုင်ငံ ၏ စက်ရုံ၊ အလုပ်ရုံများတည်ရှိရာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ မကွေးတိုင်းဒေသကြီး ရေနံချောင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ဘဲလင်းတို့၌ သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်မည့်လိုင်းခွဲများဖြင့် ထုတ် ယူသုံးစွဲသွားရန် သဘောတူညီထားကြောင်း သိရှိရသည်။

“ရွှေစီမံကိန်းကနေ သဘာဝ ဓာတ်ငွေ့အနည်းငယ်တော့ စပြီးထွက်နေပါပြီ။ မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက်လိုင်းက မပြီးသေးတဲ့အတွက်  ပြည်ပကိုတော့ တင်ပို့တာမရှိသေးပါဘူး။ ဒေသခံအများ ပြည်သူတွေရဲ့ ဆန္ဒတွေအရ သက်ဆိုင်ရာ အဖွဲ့အစည်း တွေနဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ဆွေးနွေးပြီး သဘောတူညီချက် ရရှိခဲ့တာပဲဖြစ်ပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ထပ်မံထွက်ရှိလာမည့် ကမ်းလွန်ဓာတ်ငွေ့မြေစီမံကိန်းသစ်နှစ်ခုမှ သဘာဝဓာတ်ငွေ့ များကိုပြည်ပသို့ ရောင်းချခြင်းထက် ပြည်တွင်းသုံးစွဲရန် အတွက်သာ တိုးမြှင့်ရယူသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
7152
ပြည်တွင်းသုံးအတွက် တစ်နေ့လျှင် ကုဗပေသန်း ၁၆၀အထိတိုးမြှင့် ရယူဖြန့်ဝေရေးအတွက် ၂၀၁၃ ခုနှစ် တွင်ထွက်ရှိလာမည့် ကမ်းလွန် ဓာတ်ငွေ့မြေစီမံကိန်းသစ်နှစ်ခုမှ သဘာဝ ဓာတ်ငွေ့များကို ပြည်တွင်း၌သာ ပိုမိုသုံးမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုပြင် ၂၀၁၆ ခုနှစ်တွင် ထပ်မံ တိုးမြှင့်ရရှိလာမည့် လုပ်ကွက် M-၃ အောင်သိင်္ခစီမံကိန်းမှ ဓာတ်ငွေ့များ ကို ပြည်တွင်း၌ အဆင်ပြေစွာ ဖြန့်ဝေနိုင်ရန်အတွက်လည်း လက်ရှိပြည်တွင်း ပိုက်လိုင်းစနစ်များကို Master Plan ရေးဆွဲကာ ပြုပြင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံးအတွက် ပိုမိုဖြန့်ဝေပေးမည်ဖြစ်ရာ သဘာဝဓာတ်ငွေ့များ ပို့လွှတ်ရာတွင် အသုံးပြုသည့် ရိုးရိုးသံပိုက်များအစား PE Coated ခေါ် ပလတ်စတစ်ဖုံး သံမဏိပိုက်များ အစားထိုးလဲလှယ်ခြင်း၊ အသစ်ခင်းကျင်းခြင်းတို့ကို နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၂၆ သန်းခန့်နှင့် မြန်မာငွေကျပ် ၁၇ ဘီလျံခန့်ကျခံ၍ နှစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။