မောင်ရမ္မာ
-----------
ရန်ကုန်မြို့ ကျောက်မြောင်းရှိ Scholar English Language Centre မှ ကျောင်းသူကျောင်းသားများ ဦးဆောင်ပြီး “အထဲလား အပြင်လား”ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲတခုကို ယနေ့ ( ဒီဇင်္ဘာ ၁၈ ရက်နေ့)တွင် ပြုလုပ်ခဲ့သည်။
ဦးဆောင်ပါဝင်သူ ရခိုင်ကျောင်းသားတဦးက ဟောပြောပွဲနှင့် ပတ်သက်ပြီး နိရဉ္စရာသို့ ယခုကဲ့သို့ ပြောပြသည်။
“Scholar English Language Centre မှာ ပြုလုပ်တာဖြစ်ပါတယ်။ ဟောပြောပွဲမှာ ရခိုင်ဘာသာ၊ ရခိုင်စကားနဲ့ ပြောပါတယ်။ အဓိက “ အထဲလား အပြင်လား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရခိုင်သားကြီးလှမြင့်နဲ့ ဆရာဦးနေသွေးဦးက ဟောပြောခဲ့ကြပါတယ်။ စီစဉ်ပေးတာကတော့ Scholar English Language Centre က စီစဉ်ပေးပါတယ်။”
ဟောပြောပွဲတွင် ဆရာနေသွေးဦးနှင့် ရခိုင်သားကြီး ဦးလှမြင့်တို့က သမိုင်းဆိုင်ရာကိစ္စရပ်များနှင့် လူငယ်များ၏ အခန်းကဏ္ဍများကို ဟောပြောခဲ့သည်။
ဟောပြောပွဲတွင် အဓိက ပါဝင်ဟောပြောခဲ့သည့် ရခိုင်သားကြီး ဦးလှမြင့်က သူဟောပြောခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ယခုကဲ့သို့ နိရဉ္စရာသို့ ပြောသည်။
“ ကျွန်တော်ကတော့ ရခိုင်သမိုင်းဆိုင်ရာကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောတာပါ။ အဓိက ပြောခဲ့တာကတော့ ရခိုင်လူငယ်တွေ ရခိုင် ပြည်နဲ့ ရခိုင်လူမျိုးအတွက် လူမှုရေးလုပ်ငန်းတွေမှာ ကိုယ်စွမ်းဆောင်နိုင်တဲ့ နေရာက ပါဝင်ကြဖို့ကို ပြောခဲ့ပါတယ်။ ပြောခဲ့တာကတော့ “အထဲလား အပြင်လား”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့တာ ဖြစ်ပါတယ်။”
ယခုကဲ့သို့ သမိုင်းဆိုင်ရာ ကိစ္စရပ်များကို ဟောပြောခဲ့ခြင်းခြင်းဖြင့် ရခိုင်လူငယ်များအနေဖြင့် အနာဂတ်တွင် ရခိုင်ပြည်သူ များအတွက် ပါဝင်ကူညီ လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း သူက ယခုကဲ့သို့ ပြောသည်။
“ ရခိုင်သမိုင်းကို သိရင်၊ ကိုယ့်အကြောင်းကို ကိုယ်သိရင် အနာဂတ်မှာ ဦးဆောင်လူငယ်တွေ ပေါ်ပေါက်ဖို့၊ ကိုယ်တို့ သိ ချင်တာတွေကို နားလည် သဘော ပေါက်လာလို့ရင် မိမိတို့ ရခိုင်ပြည်နယ်၊ ရခိုင်လူမျိုးအတွက် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ကျန်းမာရေး စတာတဲ့ ကဏ္ဍတွေမှာ တဖက်တလမ်းက ပါဝင် ကူညီ လုပ်ဆောင် ပေးလိုတဲ့ အသိစိတ်ဓါတ်တွေ ရလာနိုင်ကြ လိမ့်မယ် လို့ မျှော်လင့်ပြီး ဟောပြောခဲ့ပါတယ်” ဟု ပြောသည်။
ဟောပြောပွဲကို Scholar ကျောင်းတက်နေကြသော ရခိုင်ကျောင်းသား/သူများအပါအ၀င် စိတ်ပါဝင်စားသော ကျောင်း သူ/ကျောင်းသား ၄၀ ကျော် တက်ရောက် နားထောင်ခဲ့ကြသည်ဟု သိရသည်။
ဟောပြောပွဲကို အမှတ်-(၈၄)ဘီ၊ ၆လွှာ၊ ကျောက်မြောင်းလမ်း၊ မြို့သစ် (၁)လမ်းထိပ်ရှိ Scholar English Language Centre ခန်းမှတွင် နံနက် ၉းနာရီတွင် စတင်ခဲ့ပြီး မွန်းတည့် ၁၂နာရီအချိန်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်ဟု သိရသည်။

------------------------
နိရဉ္စရာ
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။