သစ္စာမြဲလှ မယ်ရူပ

ရှေးလွန်လေပြီးသောအခါ တိုင်းပြည်တစ်ပြည်၌ ဘုရင်တစ်ပါး ထီးနန်းစိုးစံခဲ့လေ၏။ ထိုမင်း၏ တောင်ညာစံ မိဖုရားမှ သမီးတော်တစ်ပါး ဖြစ်ထွန်းခဲ့လေသည်။ထိုသမီးငယ်သည် မွေးစကပင် ရုပ်ရည်လှပတင့်တယ် ချစ်စဖွယ်ရှိသဖြင့် မယ်ရူပဟူ၍ အမည်မှည့်ခေါ်ခဲ့ကြလေသည်။

မေရူပသည် ငယ်စဉ်ကပင် ရိုးသားဖြောင့်မတ်သောစိတ်ရှိကာ တည်ကြည်သော က္ကနြေ္ဒအမူအရာ ကို လည်း ဆေင်လေသည်။ကြီးပြင်းလာသောအခါ တတ်သိအပ်သော ပညာများကို တက္ကသိုလ်ဆရာကြီးထံ ၌ သင်ယူ ခဲ့လေသည်။ ၄င်းနှင့်အတူဆင်းရဲသားတစ်ဦးလည်း ပညာသင်ရန်ရောက်ရှိ နှင့်လေ၏။ ထိုဆင်းရဲ သား သူ ငယ်မှာ မောင်သစ္စာဟူ၍ အမည်ရှိလေသည်။ ၄င်းတို့နှစ်ယောက် အတူတကွ ပညာသင်ကြား ဘက် ဖြစ်ခဲ့ ကြရလေသည်။

တစ်နေ့သ၌ မယ်ရူပသည် စာရေးကူးနေစဉ် ကလောင်တံသည် လက်ထဲမှ လွတ်ကာ အောက်သို့ ကျသွားခဲ့ လေရာကောက်ယူရန်ငုံ့ကြည့်မိသောအခါ မောင်သစ္စာကို တွေ့မြင်ရလေ၏။

မယ်ရူပက“အမောင်၊ ကျွန်မကလောင်တံကို ခဏကမ်းခဲ့ပါလော့” ဟု မောင်သစ္စာ ကမေးလေ၏။
“ကလောင်တံကောက်ပေးခ ငါ့ကိုအဘယ်အရာပေးမည်နည်း” ဟု မောင်သစ္စာကမေးလေ၏။

ထိုအခါမယ်ရူပက ပြောသည်မှာ...
“ကျွန်မသည်ဘုရင်မင်း၏သမီးတစ်ယောက်ဖြစ်သည်ကား မှန်ပါသည်။ သို့ရာတွင် ယခုအခါ ကိုယ်ပိုင် ပစ္စည်း ဟူ၍တစ်စုံတစ်ခုမျှမရှိပါ။ အမောင်အား ပေးစရာဆို၍ ကတိသစ္စတရားသာ လျှင် လက်ဆောင်မွန် ရှိပါသည်။ အချိန်တန်အရွယ်ရောက်လျှင်အမောင်အားပန်းဦးကို ပန်ဆင်ပါအံ့” ဟုကတိဝတ်ခံစကား သုံးကြိမ်ပေးလိုက် လေ၏။

ထို့ကြောင့် သူမ၏နှုတ်ကတိစကားအရ ကောက်ယူ၍ ကောင်းစွာပေးလေ၏။
ဆရာကြီးထံ ပညာသင်ကြးလာခဲ့ကြလေရာ မကြာမီ ပညာသင်ကြားတတ်မြောက်လာခဲ့ကြလေသည်။ ထို့ ကြောင့်မယ်ရူပသည် မောင်သစ္စာကို နှုတ်ဆက်လျက်  ဆရာကြီးထံမှပြန်ခဲ့သည်။မောင်သစ္စာကား မပြန် သေးဘဲ နောက်ကျကျန်ရစ်နေခဲ့လေသည်။ မင်းသမီးပြန်သွားသောအခါ မောင်သစ္စာသည် တွေးတော မှု တစ်ခု ဖြစ်လာခဲ့ရလေသည်။

မယ်ရူပသည် ဘုရင်မင်း၏သမီးတော်တစ်ဦးဖြစ်သည်။ ငါမူကား သူဆင်းရဲသားသာတည်း။ ငါ့ကို ကတိ ၀န်ခံခဲ့ခြင်းကား တည်လတ်ရာအံ့လော။ ငါနှင့်သူ ဘုန်းကံချင်းတူလှသည်မဟုတ်။ မင်းသမီးကို အဘယ်သို့ ငါ ရနိုင်အံ့နည်း။ သူမကို မရခြင်းအတူ စောင့်လျက်နေ၍ ထူးအံ့လော။အဘယ်အကျိုးရှိရာအံ့နည်း။ ယင်းသို့ အကြံဖြစ်ကာ စိတ်ပျက်လာခဲ့ရလေ၏။

ထို့နောက်မျှော်လင့်ချက် ပြတ်ကင်းလျက် “ရသေ့ရဟန်းပြု၍ နေသည်ကကောင်းမည်” ဟုဆုံးဖြတ် လိုက် လေ၏။ မကြာမီ မောင်သစ္စာသည် မိမိအကြံအစည်အတိုင်း ရသေ့ရဟန်းပြုခဲ့လေ၏။ ငြိမ်းချမ်းရာ ကိုရှာ လျက် တစ်ယောက်တည်းထွက်ခွာသွားလာ လှည့်ပတ်နေခဲ့လေသည်။

မယ်ရူပသည် ကောင်းမွန်စွာ မိဘရပ်ထံ ရောက်ရှိခဲ့လေ၏။ ထိုနောက်များမကြာမီ မယ်ရူပ၏ သတင်းသည် ကျော်ကြားလာခဲ့လေသည်။ “မယ်ရူပသည် ရုပ်ဆင်းအင်္ဂါလှပတင့်တယ်ပေသည်။ ဖြောင့်မတ် တည်ကြည် သော စိတ်နှလုံးရှိသည်။ မြဲခိုင်သောသစ္စာရှိချေသည်။နူးညံ့သိမ်မွေ့လိမ္မာသည်။အသိ ပ ညာနှင့်ပြည့်စုံ သည်။ ပညာတတ်မြောက်သည်။ ချစ်နှစ်သက်စရာပြောဆိုတတ်သည်။  နှုတ်ချိုသောစကားလည်းရှိသည်။ ကိုယ် ကျင့်တရားစောင့်စည်းလေ့ရှိသည်” ဟူသော ကောင်းသတင်းများထွက်လေသည်။ပန်းရနံ့ကဲ့သို့ထုံသင်း ကြိုင် လှိုင်လေသည်။ ထို့ကြောင့်အရပ်ရပ်သို့ပျံ့နှံ့၍ လူတိုင်းသိရှိခဲ့ပေ၏။

ထိုသို့ကျော်ကြားလေသဖြင့် အတိုင်းတိုင်းအပြည်ပြည်ကလည်း ချီးမွမ်းလာခဲ့ကြလေ၏။တိုင်းနိုင်ငံအသီး သီးမှ မင်းညီမင်းသားများသည် လိုလားမှုဖြစ်ခဲ့ရလေသည်။ ထို့ကြောင့်မေရူပနှင့်လက်ထပ်ထိမ်းမြားရန် ဘုရင်မင်း ထံ တောင်းခံခဲ့ကြလေ၏။ဘုရင်မင်းလည်းတောင်းခံ သူများလေသဖြင့် အခက်ကြုံခဲ့ ရလေ၏။ “မည်သူ့ကို လက်ခံ၍ မည်သူနှင့်ပေးစားရမည်နည်း၊မည်သူ့ကိုကား ဖယ်ရှားရမည်နည်း” ဟုစဉ်းစားမရဖြစ် လာခဲ့ရလေ ၏။

ဘုရင်သည် သမီးတော်အတွက်အကြံအိုက်နေသည်ကို မေရူပသိမြင်လာခဲ့ရလေသည်။ ဖခင်၏ ပူပင်သော ကစိုးရိမ်နေခြင်းကို သနားမှုဖြစ်လာခဲ့လေ၏။ထို့ကြောင့်ဖခင်ကို စိတ်ချမ်းသာစေရန် မေရူပက ထုတ်ဖော် လာခဲ့ရလေသည်။

တစ်နေ့သ၌ မေရူပဖခင်ကိုလျှောက်တင်လေ၏။ 
“ခမည်းတော်မင်းမြတ် မကြောင့်ကြပါလင့်၊ စိတ်အေားချမ်းသာစွာ စံတော်မူပါ၊သမီးတော်၏ အိမ်ထောင်ရေး သည် ကင်းရှင်းပြီးဖြစ်ပါသည်။ တက္ကသိုလ်ပြန်တွင်ပညာသင်ကြားစဉ်ကပင် အိမ်ထောင် ဘက် ပြုခဲ့ပြီး ဖြစ်ပါ သည်။ သမီးတော်နှင့်ပညာအတူသင်ဘက် မောင်သစ္စာဆိုသူနှင့် ကတိသစ္စာထားရှိခဲ့ပါသည်။ မောင်သစ္စာမှ တစ်ပါး မည်သူနှင့်မှ လက်ထပ်မှုမပြုလိုပါ” ဟုပြောလေသော် ဘုရင်လည်း စိတ်သက်သာရာ ရရှိခဲ့လေ သည်။

ထိုသတင်းကို မေးစမ်းလာသမျှမင်းတို့ကို ပြန်ကြားလေ၏။ မင်းညီမင်းသားတိုင်ကိုလည်း အသိပေးကျေနပ် စေခဲ့လေသည်။ ထို့ကြောင့်မျှော်လင့်မှုမရှိဖြစ်ရကာနောက်ထပ်ဆက်သွယ်မှုများ တန့်ရပ် သွားခဲ့ကြ သည်။

ထိုအခါမှ မင်းသမီးသည် ဖခင်ထံ ခွင့်တောင်းလေ၏။အခွင့်ယူပြီးနောက် တက္ကသိုလ်ဆရာကြီးထံသို့ မောင် သစ္စာကို ရှာဖွေရန် သွားလေသည်။

မင်းသမီးမေရူပသည် ခရီးအတန်ပေါက်မြောက်ခဲ့လေ၏။ ထို့နောက် တောအုပ်တစ်ခုအနီး သို့ရောက်ခဲ့ရလေ သည်။ ထိုတွင်ခိုးသားဓါးပြတို့နှင့်ပက်ပင်းတွေ့ဆုံရင်ဆိုင်ခဲ့ရလေ၏။ မေရူပကိုမြင်လျှင်ဝတ်ဆင်လာသော အ ဆင် တန်ဆာများကို လိုလားတပ်မက်နှစ်သက်ခဲ့ကြလေ၏။ ထို့ကြောင့်မေရူပ ကို “မပြေးနှင့်ရပ်လော့” ဟုဆို ကြကာ တားမြစ်ကြလေ၏။မေရူပလည်း တစ်ခွန်းသော စကားဖြင့်ပင် ရင်ဆိုင်လေသည်။ ထိုအခါ ခိုးသူကြီး က အံ့သြလျက်...

“နှမ သင်သည် ကြောက်ရွံ့ခြင်းကင်းဘိသည်။ မတုန်မလှုပ်ရဲရင့်လှချေသည်။ တစ်ကိုယ်တစ်ကာယတည်း အားကိုးမဲ့သွားရဲသည်။ မည်သည့်အရေးကိစ္စရှိသနည်း။ သင်ကားငါတို့၏လက်ထဲကျရောက်ခဲ့လေပြီ။ အ သက်ဆုံးရှုံးခံလိုသလော၊မိမိဌာနကို ကောင်းစွာပြန်သွားလိုချင်သလော ရွေးရန်သာရှိတော့သည်။ အသက် မသေလိုပါက ပါလာသမျှဘယက် ဒွါဒရာ တန်ဆာများကိုပေးရစ်ခဲ့လော့” ဟုခြိမ်းခြောက်ပြော ဆိုတောင်း လေ၏။

မေရူပလည်း မကြောက်မရွံ့တုန်လှုပ်ခြင်းမရှိဘဲပြန်ပြောလေသည်ကား....
“အမောင်တို့ မိမိမှာ ဖခင်၏သောကကိုပျောက်စေရန်ခရီးထွက်ခွာလာရပါသည်။တက္ကသိုလ်ပြည် ဆရာကြီး ထံသွားရောက်ပါမည်။ အတူပညာသင်ဖက်နှင့်သစ္စာပန္နက်ထားရှိခဲ့ဖူးပါသည်။ ထိုသစ္စာကိုအဖောက်ဖျက်လို သဖြင့် ကတိအတိုင်းအတွေ့ခံလိုပါသည်။ သေရခြင်းထက် ကတိပျက် ခံရမည် ကိုသာကြောက် လှပါ သည်။ တောင်းပန်ပါရစေ။ ဆရာကြီးထံမှ သစ္စာထားခဲ့သူကို ရှာဖွေမေးမြန်း စုံစမ်း လိုပါသည်။ ထို ကပြန် ရောက်သောအခါ မိမိ၏အသက်ခန္ဓာကိုအပ်နှင်းပါအံ့။သဘောရှိစွာယူငင် အသုံးပြုနိုင်ပါသည်” ဟု ဆိုလေ သော် ခိုးသူကြီးလည်း စဉ်းစားမှုပြုရလေ၏။

ထို့နောက်“ဤစကားသည် တကယ်မှန်၏လော၊မှန်ချေက သစ္စာပြု၍သွားလေတော့”ဟုဆိုလေ၏။ မေရူပ လည်းသစ္စာပြုလေသဖြင့်လွှတ်လိုက်လေသည်။ ထိုကတစ်ဖန်ခရီးဆက်ခဲ့ရာ တောတန်းတစ်ခုအနီးသို့ရောက် ခဲ့လေသည်။ ထိုတွင်ဘီလူးကြီးတစ်ကောင်နှင့် တွေ့လေရာဆီးတားခြင်းခံရလေ၏။မကြောက်မလန့်ဘဲ တန့် ရပ်ခဲ့လေသည်။ဘီလူးက“ငါ့အစာဖြစ်ရချေအံ့၊အစာမစားရသည်မှာ သုံးရက် တိုင်လေပြီ”ဟုခြိမ်းခြောက်ပြော ဆိုလေ၏။ သို့သော် မေရူကသည် ခိုးသူတို့အားပြောဆိုခဲ့သည့်အတိုင်း ပြောပြလေ၏။ ထိုအခါ ဘီလူးကြီးက လည်း သွားခွင့်ပေးလိုက်လေသည်။

ခရီးစဉ်အတိုင်းသွားပြန်သော်ဆရာကြီးထံရောက်ရှိလေ၏။ဆရာကြီးအားပညာသင်ဖက် ဖြစ်ခဲ့သူ မောင်သစ္စာ အားမေးလေ၏။“မောင်သစ္စာကား ယခုရသေ့ရဟန်းဘ၀ရောက်ရှိခဲ့လေပြီ။ အဘယ်လို့ငှာသိချင်ရာ သနည်း” ဟုဆရာကြီးက ပြောလေသည်။

ပညာသင်ကြားစဉ်က ကတိသစ္စာထားရှိခဲ့ဖူးကြောင်း၊ထိုကိစ္စနှင့် တွေ့လိုလှပါကြောင်းဖြင့် မေရူပလည်း  ပြန် ပြောခဲ့သည်။ ထို့ကြောင့် ဆရာကြီးသည် မောင်သစ္စာကို ရသေ့ပြုနေရာမှ ခေါ်ယူ၍ပေးလေ၏။

ရောက်လာသော် ၄င်းတို့နှစ်ဦးသည် တွေ့ဆုံခဲ့ကြလေသည်။ အချင်းချင်း လာရောက်ခြင်းကိစ္စ ကို မေး မြန်း ပြောဆိုကြလေ၏။“ကတိအတိုင်း တည်လှသည်၊သစ္စာမဖောက်ဖျက်လို၍ အသက်စွန့်ကာ လာခဲ့ သည်။တော အထပ်ထပ်၊တောင်အတန်တန်ကို ကျော်ဖြတ်လာခဲ့သည်။ သင့်အား ငါအလွန်အံ့သြ သမှုပြုပါ၏။ ထိုထက် သစ္စာကတိကို ငါအလွန်ချီးကျူးပါ၏။ သင့်လိုမိန်းမမြတ်ကားရှားပါးလှပေတကား” ဟုလည်းရသေ့မောင်သစ္စာ က ၀မ်းသာအားရစွာ ပြောလေ၏။

ထိုနောက်“ဤနေရာသို့ သာမညစွမ်းရည်ဖြင့် မရောက်နိုင်ပါ၊ လာရောက်ခဲ့ခြင်းကိုလည်းကျေးဇူးတင်ပါသည်။ မိမိမူကား သင်နှင့်ခွဲခွာသွားပြီးစပင် အထင်လွဲမှားကာ စိတ်လျှော့လိုက်ပေပြီ၊ဃရာဝါသအိမ်ထောင်မှုကို ငါမ လိုရာကား ရသေ့ပြုခဲ့ပြီးချေပြီ။ငြိမ်းချမ်းရာကိုသာ ငါရှာဖွေတော့အံ့။နှမလိုရာသို့သာသွားလေလော့” ဟုခွင့်ပြု လေ၏။

ထိုအခါမေရူပသည်စိတ်လက်ချကာ ပြန်လာလေ၏။လမ်းခရီးတွင်ကတိပြုခဲ့သမျှတို့ကိုလည်းမသွေမလွဲ တွေ့ ဆုံခဲ့လေ၏။

ဘီလူးကြီးက“သင်သည်အသက်ဘေးမှ လွတ်မြောက်ခဲ့လေပြီ၊သို့သော်လည်း ငါ၏အထံသို့တစ်ဖန်လာ၍ မိမိ ကိုယ်ကို အပ်နှံရဲသည်ကား သစ္စာတရားပင်တည်း။ သစ္စာကတိမြဲလှသူသင့်အား ငါမည်သို့စားဝံ့ရဲအံ့ နည်း။ စားမိမှားချေက မီးတောက်လောင်ကျွမ်းရာ၏။ မိုးကြိုးလောင်မီးသော်လည်း ကျချေရာ၏။ ၀ရဇိန် လက်နက် ဦးခေါင်းထက်ကို နှစ်စိတ်ခွဲမူလည်းခွဲရာ၏။ အသင်လူသားကိုငါကားမစားဝံ့ပါ။ သင်လိုရာခရီးကိုသာ အောင် မြင်ချောမောစွာ ပြန်သွားပါလေတော့”ဟုခွင့်ပြုလိုက်လေ၏။ ထို့ပြင်ရွှေ၊ငွေ၊ရတနာများကိုလည်းလက်ဆောင် ပေးလိုက်လေ၏။

ထိုကပြန်လေသော် ခိုးသားတို့ထံရောက်ကြောင်း ပြောပြလေ၏။
“မိမိခန္ဓာကိုလည်းကောင်း၊ ဘယက်ဒွါရာကို လည်းကောင်း၊ အလိုရှိသလိုအသုံးပြုနိုင်ပါသည်”ဟုပြောဆို အပ် နှင်းလေ၏။

“သေဘေးမှ လွတ်သူဖြစ်လျက်ပြန်လာခြင်းကား အံ့ဖွယ်ရှိပေစွ၊ သင်အားမကြောက်မရွံ့တတ်သော တရား သည်သစ္စာပင်တကား၊ သင့်ကို ငါတို့မည်သို့ပြုမူနိုင်ရာအံ့နည်း။သင့်ကို ပြုမူမိမှားက ငါတို့တွင်တစ်စုံတစ်ခု သောဘေးအန္တရာယ်သည်ကျရောက်မည် မလွတ်တည်း။ထို့ကြောင့်သင့်အား ငါတို့ခွင့်ပြုပါ၏။ ချမ်းသာ စွာပြန်သွားပါလော့” ဟုလွှတ်လိုက်လေ၏။ ဘီလူးကြီးတို့အတူ ခိုးသားတို့လည်း လက်ဆောင်ပေး လိုက်ကြ လေ၏။

မေရူပသည်အသက်ချမ်းသာစွာပြန်လာခဲ့လေ၏။ ရွှေငွေလက်ဆောင်များကိုလည်းရရှိလာခဲ့လေ၏။ ရောက် လေသော် ထိုရလာသမျှတို့ကို မိဘတို့အား အပ်နှံခဲ့လေ၏။ မိမိမူကား အိမ်ထောင်မပြုရတော့ဘဲ ရသေ့မ လုပ်ခဲ့လေ၏။ မောင်သစ္စာအတူ ငြိမ်းချမ်းရာကို ရှာဖွေခဲ့လေသတည်း။

အရှင်စက္ကိန္ဒ(ရခိုင်တံခွန်ပုံပြင်များ )
............
Credit: Arakan Folks
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။