အိမ်နီးချင်း နိုင်ငံ (၂) ခုမှ ဘ၀တူ ညီအစ်မ ခေါင်းဆောင်နှစ်ဦး ဆုံတွေ့ခွင့်ရအုံးမည် မဟုတ်


မောင်အေး
------------
" ကျွန်မနဲ့ ဒေါ်အောင်ဆန်းစုကြည်က အိမ်နီးချင်းနိုင်ငံ နှစ်ခုမှ ဘ၀တူ ညီအစ်မ နှစ်ဦးပါ" ဟု တချိန်က ပြောဆိုခဲ့ဖူးသူ ဘင်္ဂလာဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည် သူမ၏ မြန်မာပြည် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် မဟုတ်ကြောင်း သိရသည်။

 Aung-San-Suu-Kyi-&-sheikh-hasina
ရှိတ်ဟာဆီးနာသည် သူမ၏ (၃) ရက်တာ မြန်မာပြည် အလည်အပတ် ခရီးစဉ်ကို ယခုလ (၅) ရက်နေ့တွင် စတင်မည် ဖြစ်သည်။

ယခုကဲ့သို့ သူ၏ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိကြောင်းကို ယမန်နေ့က သထောက်များကို ဘင်္ဂလာတာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုသည်ဟု ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းစာများက ရေးသားဖေါ်ပြသည်။

" ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ခရီးစဉ် အတွင်း တွေ့ဆုံလိမ့်မည်ဟု အများ မျှော်လင့် ခဲ့သော်လည်း ယမန်နေ့က ထွက်ပေါ်လာသော သတင်းများအရ တွေ့ဆုံမည် မဟုတ်ကြောင်း၊ တွေ့ဆုံမည့်သူများနှင့် စာရင်းကို ထုတ်ပြန်ရာတွင် ဒေါ်အောင်ဆန်းစုကြည် နာမည် ပါဝင်ခြင်း မရှိကြောင်း" သတင်းစာများက ဖေါ်ပြသည်။

သို့သော်လည်း ဘင်္ဂလာဒေခ်ျ့ အစိုးရဘက်မှ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံခွင့် ရရန် တောင်းထားခြင်း ရှိမရှိ သတင်းစာတွင် ဖေါ်ပြရေးသားခြင်း မရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ လွတ်လပ်ရေးကို ယူပေးခဲ့သော လွတ်လပ်ရေး ဗိသုကာ အမျိုးသား ခေါင်းဆောင် တစ်ဦးဖြစ်သလို ရှိတ်ဟာဆီးနာ၏ ဖခင် ရှိတ်မူဂျီဘူရာဟာမန်သည်လည်း ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေးကို ယူပေးခဲ့သော အမျိုးသား ခေါင်းဆောင် ဖြစ်သည်။

ဗိုလ်ချုပ် အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မသမာသူများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသလို ရှိမူဂျီရာဟာမန်သည်လည်း ၁၉၇၅ ခုနှစ် သြဂတ်စ်လ ၁၅ ရက်နေ့တွင် မသမာသူ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှိတ်ဟာဆီးနာတို့၏ ဖခင်နှစ်ဦးစလုံးမှာ အိမ်နီးချင်းနိုင်ငံ (၂) ခုမှ လွတ်လပ်ရေး ဖခင်များ ဖြစ်ကြပြီး နှစ်ဦးစလုံးမှာလည်း လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသဖြင့် လွန်ခဲ့သောနှစ် အနည်းငယ်က ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေစဉ် ရှိတ်ဟာဆီးနာက "ကျွန်မနဲ့ ဒေါ်အောင်ဆန်းစုကြည်က အိမ်နီးချင်းနိုင်ငံ နှစ်ခုမှ ဘ၀တူ ညီအစ်မ နှစ်ဦးပါ" ဟု ထုတ်ဖေါ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယခင်က ဒေါ်အောင်ဆန်းစုကြည်မှာ အကျယ်ချုပ်ဖြင့် ရှိနေခဲ့သော်လည်း ယခုအခါ သူမမှာ လွတ်မြောက်လာသည်သာမက လက်ရှိ ဦးသိန်းစိန် ဦီးဆောင်သော အစိုးရနှင့်လည်း နားလည်မူ တည်ဆောက်ကာ မြန်မာနိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်လာပြီ ဖြစ်သဖြင့် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေးကို ဘင်္ဂလာ ပြည်သူများက မျှော်လင့်နေကြကြောင်း သတင်းစာများက ရေးသားဖေါ်ပြသည်။


---------------
နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။