ရခိုင်ပြည်နယ်နေ့ အခမ်းအနား ကျောက်ဖြူတွင် စတင် ကျင်းပပြီ

မောင်ရမ္မာ
----------
၃၇ နှစ် ပြည့်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကို ကျောက်ဖြူမြို့တွင် ဒီဇင်္ဘာလ ၁၃ ရက်နေ့မှ စတင် ကျင်းပနေပြီ ဖြစ်သည်။


Arakan-state-day ယခုနှစ် ရခိုင်ပြည်နယ်နေ့ကို ကျောက်ဖြူတွင် ကျင်းပနေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်နေ့ အခမ်းအနား ပွဲတော်ကို ဒီဇင်္ဘာ ၁၃ ရက်မှ ၁၅ ရက်နေ့ထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲတော် ကျင်းပရေး ကော်မီတီ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ပြည်နယ်နေ့ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ဦးဆောင်ပါဝင်သူ တဦးဖြစ်သူ ကိုဗလက ယခုကဲ့သို့ နိရဉ္စရာသို့ ပြောသည်။

" ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ခါ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ဖို့နဲ့ အမျိုးဂုဏ် ဇာတိဂုဏ်ကို လူကြီးလူငယ် အားလုံး ပိုမိုသိရှိလာစေဖို့ရယ်။ နောက်တစ်ခုက အမျိုးသားရေး စိတ်ဓါတ် ရှင်သန်စေဖို့နဲ့ ချစ်ခင်ရင်းနှီးစွာ စည်းစည်းလုံးလုံး ရှိဖို့။ အဲဒီရည်ရွယ်ချက် သုံးခုပါ။"

Arakan-state-day ယခုနှစ် ရခိုင်ပြည်နယ်နေ့ကို ကျောက်ဖြူတွင် ကျင်းပနေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်နေ့ ပွဲတော်တွင် ပါဝင်သည့် အစီအစဉ်ကိုလည်း သူက ယခုကဲ့သို့ ဆက်ပြောသည်။

" ကျွန်တော်တို့ မနေ့ညက စတင်ပြီး ဖြေဖျော်ရေး ဂီတ ပွဲတော်ကို စတင် ပြုလုပ်ပါတယ်။ နောက်ပြီးတော့ ရထားဆွဲပါတယ်။ ဒီနေ့ဆိုရင် ရခိုင်ရိုးရာ ကျင်ပွဲကို စတင်မှာ ဖြစ်ပါတယ်။ ကလေးတွေ အတွက်လည်း ပြေးခုန်ပစ် အားကစားပွဲတွေနဲ့ ပျော်ပွဲ ရွှင်ပွဲတွေ လုပ်သွားမှာ ဖြစ်ပါတယ်။ ဒီဇင်္ဘာ ၁၅ ရခိုင်ပြည်နယ်နေ့မှာဆိုရင် မာရသွန် ပြိုင်ပွဲတွေလည်း ရှိပါတယ်။ လူငယ် လူကြီး စုစုပေါင်း ၁၀၀ ခန့် ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။"

ဂီတ ပဒေသာ ဖြေဖျော်ပွဲတွင် နာမည်ကြီး ရခိုင်အဆိုတော်များ ဖြစ်သည့် ဦးမောင်သိန်း၊ စိမ်းမို့မို့၊ ထက်အောင်ကျော် အပါအ၀င် တက် သစ်စ အဆိုတော်များ အများအပြား ပါဝင် သီဆိုကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ကျောက်ဖြူမြို့တွင် လူငယ်များ စုပေါင်းပြီး ကျင်းကြခြင်းမှာ ယခု အကြိမ်နှင့် ဆိုလျှင် ၆ ကြိမ်မြောက်ဖြစ်သည်။ ယခုနှစ်ပွဲတော်ကို ကျောက်ဖြူ နာရီစင်ကွင်းတွင် ကျင်းပ ပြုလုပ်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်နေ့ကို ယခုနှစ်တွင် မြို့တိုင်း ရွာတိုင်းတွင် ကျင်းပမည် ကြမည် ဖြစ်သည်။ အဓိကအားဖြင့် အမျိုးသား အသိစိတ်ဓါတ် ရှင်သန်နိုးထရေးကို ရည်ရွယ်၍ ပြုလုပ်ကြမည် ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်တွင်လည်း RNDP နှင့် USDP က ပူးပေါင်းပြီး ရခိုင်ပြည်နယ်နေ့ကို ခန်းနား ကြီးကျယ်စွာ ကျင်းပကြမည် ဖြစ်ကြောင်း မောင်တောက ပေးပို့သော သတင်းတွင် ဖေါ်ပြသည်။

ဒီဇင်္ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့ အဖြစ် ၁၉၇၄ ဖွဲ့စည်းပုံဖြင့် ဦးနေ၀င်း ဦးဆောင်သော မဆလ အစိုးရက အသိအမှတ် ပြုခဲ့သည်။


-------
 နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။