ကျောက်ဖြူမြို့နယ် ဘောရဘာကျေးရွာအနီးမှ ရွှံ့မီးတောင်ပေါက်ကွဲ


7107b
ချော်ရည်များ ပွက်ထနေသည်ကို တွေ့မြင်ရစဉ်


နိုဝင်ဘာလ ၂၆ ရက်နေ့နံနက် ၇ နာရီတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဘောရဘာကျေးရွာနှင့် တစ်မိုင်ခန့်အကွာတွင် ရှိသော ရွှံ့မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးတောင်ပေါက်ကွဲမှုကို ဘောရဘာကျေးရွာမှ လယ်သမားတစ်ဦး က “ရွှံ့မီးတောင် မနက် ၇ နာရီမှာ စပြီး ပေါက်ကွဲတာ ညနေ ၅ နာရီ အချိန်လောက်မှ ငြိမ်သက်သွားခဲ့တယ်။ ပေါက်ကွဲမှုက နှစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး မနက် ၇ နာရီခန့်မှာ ပထမတစ်ကြိမ် ပေါက်ကွဲတဲ့အခါ ချော်ရည်တွေက အမြင့်ပေ ၂၀  ခန့် လောက် ပန်းထွက်သွားတယ်။ ဒုတိယတစ်ကြိမ်က မွန်းလွဲ ၂ နာရီ ခန့်မှာဖြစ်ပေါ်ခဲ့ပြီး ချော်ရည်တွေ အမြင့် ၁၀ ပေခန့်ထိ မြင့်တက်ခဲ့ တယ်”ဟု အဆိုပါ လယ်သမားက ပြောကြားသည်။

“ချော်ရည်တွေတဗွက်ဗွက်နဲ့ ထွက်နေတာကြောင့် တောင်ကုန်းပေါ်မှာ ခြောက်ဧကခန့်လောက် ချော်ရည်တွေ ပြန့်ကျဲသွားတယ်။ ချော်ရည်တွေဟာ အဲဒီနေရာမှာ အရင်တုန်းက မီးတောင်ပေါက်ကွဲတဲ့အခါ  ချော်ရည်တွေ စီးဆင်းခဲ့တဲ့ လမ်းကြောင်းအတိုင်း တောင်ဘက်ကို လေးဖာလုံခန့် စီးဆင်းသွားခဲ့တယ်။

 မီးတောင်နားမှာ ရှိတဲ့ လယ်မားတွေ က စပါးရိတ်သိမ်းမယ့် အချိန်နဲ့ နီးကပ်နေတာကြောင့် ချော်ရည်တွေ စီးဆင်းလာမှာကို စိုးရိမ်နေကြတယ်”ဟု  ဘောရဘာကျေးရွာမှ အခြားလယ်သမားတစ်ဦးက ပြောပါ သည်။
7107a ဘောရဘာ ကျေးရွာအနီးရှိ ရွှံ့မီးတောင်မှ ချော်ရည်များ စီးဆင်းလာပုံ


အဆိုပါ ရွှံ့မီးတောင်မှာ ၁၉၉၀ ပြည့်နှစ် တစ်ကြိမ်ပေါက်ကွဲခဲ့ပြီး လယ်ဧက ၂၀ ကျော်ပျက်စီးခဲ့ပြီး  ၂၀၀၀ ပြည့်နှစ်တွင်လည်း တစ်ကြိမ် ပေါက်ကွဲခဲ့ကြောင်း သိရှိရပါသည်။ ယင်းရွှံ့မီးတောင်မှာ ၁၀ နှစ် တစ်ကြိမ်စီ ပေါက်ကွဲလေ့ရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နယ်တွင် နေရာအနှံ့မီးတောင် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး စိုင်ခြုံးကျေးရွာ အနီး နဂါးတောင်မှာ ၁၉၉၆ ခုနှစ်က မီးတောင်ပေါက်ကွဲခဲ့ရာ ချော်ရည်များ ပန်းထွက်လာကာ လယ်မြေ ဧက ၄၀ ကျော် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

7107

၂၀၀၈ ခုနှစ် ဇန်န၀ါရီလတွင်လည်း ၎င်းမီးတောင်မှာမိနစ် ၂၀ ကြာ ပေါက်ကွဲခဲ့ရာ ရွှံ့မီးတောင်မှ ရွှံ့ရည်၊ ချော်ရည်များပေ ၁၀၀ ခန့်မြင့်တက်ခဲ့ပြီး မီးတောက်မီးလျှံများမှာ ပေ ၄၀၀ ခန့်မြင့်တက် ခဲ့ကြောင်း၊ မီးတောင် ပေါက်ကွဲမှုကြောင့် လယ်နှစ်ဧကချော်ရည် ဖုံးလွှမ်းသွားခဲ့ကြောင်း သိရသည်။

“မီးတောင် ပေါက်ကွဲခြင်းကြောင့် ချော်ရည်ပူများ စီးဆင်းလာနိုင်သလို လေထုကိုလည်း အဆိပ်ငွေ့တွေပျံ့ နှံ့စေနိုင်ကြောင်း၊ များပြားလှသော ချော်ရည်ပူများကြောင့် အနီးတစ်ဝိုက် ပတ်ဝန်းကျင်ရှိ နေအိမ်၊ လယ်ယာ မြေများအပြင် သတ္တ၀ါများ၏ အသက်ပေါင်းများစွာကိုပါ ခြိမ်းခြောက်နိုင် စွမ်းရှိသော သဘာဝအန္တရာယ် တစ်မျိုးပင် ဖြစ်ကြောင်း သိရှိရပါသည်။
..............
Sources: Eleven Media Group
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။