အသက် ၁၄ နှစ် ခုနှစ်တန်းကျောင်းသား စစ်သားအဖြစ် စုဆောင်းခံရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ အသက် ၁၄ နှစ် ခုနှစ်တန်းကျောင်းသား တစ်ဦးအား ပညာ သင်ကြားပေးမည်ဟု လိမ်လည် လှည့်ဖျားကာ စစ်တပ်မှ တပ်သားသစ် အဖြစ် စုဆောင်း သွားကြောင်း မိဖများနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

burmese-army-camp-Arakan-state လက်နက်ကိုင် ပတိပက္ခ မရှိသော ရခိုင်ပြည်နယ်တွင် စစ်တပ် တပ်ရင်း ၅၀ ကျော် အခြေစိုက်ထားသည်။ ( ဓါတ်ပုံ- နိရဉ္စရာ)
စစ်သားသစ် အဖြစ် စုဆောင်းခံရသူ လူငယ်မှာ မောင်ရဲငြိမ်း ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် သြရမ ကျေးရွာမှ ဖြစ်ကြောင်း သိရသည်။

" အဲဒီ ကလေးကို အောက်တိုဘာလ ၂၇ ရက်နေ့က ဘူးသီးတောင် အခြေစိုက် ခြေမြန် တပ်ရင်း ၂၃၄က တပ်ကြပ် စိုးအောင်နဲ့ တပ်သား မောင်ပြားတို့က ခေါ်ဆောင်သွားပါတယ်။ ပညာ သင်ပေးမယ်ဆိုပြီး လိမ်လည် လှည့်ဖျား ခေါ်ယူသွားပြီး စစ်တွေ စုဆောင်းရေးကို ပို့လိုက်ပါတယ်" ဟု အမည်မဖေါ်လိုသူ မောင်ရဲငြိမ်း မိဖများနှင့် နီးစပ်သူက ပြောသည်။

မောင်ရဲငြိမ်းမှာ သြရမ တွဲဘက်အလကတွင် စာသင်နေသော မြိုကလေးငယ် ဖြစ်ကြောင်း သိရသည်။ သူ၏ ဖခင်မှာ မြိုအမျိုးသား ဦး ဦးအောင်သာအောင်နှင့် မိခင်မှာ ဒေါ်ပုလဲမောင်တို့ ဖြစ်သည်။

" မိဘတွေက အောက်တိုဘာလ ၃၁ ရက်နေ့မှာ တပ်ရင်းထိ လိုက်လာပြီး ကလေးကို ပြန်တောင်းတယ်။ ဒါပေမယ့် ကလေးကို ပညာ သင်ပေးမယ်ဆိုပြီး လှည်ဖျားထားတဲ့ အတွက် ခေါ်လို့ မရခဲ့ဘူး။ ဒါကြောင့် မိဘတွေကို နေရပ်ကို ပြန်သွားခဲ့ရတယ်" ဟု သူက ဆက်ပြောသည်။

မောင်ရဲငြိမ်းမှာ အသက် ၁၄ နှစ်သာ ရှိသေးကြောင်းနှင့် သြရမ တွဲဘက် အလကမှ ဖြစ်ကြောင်းကို အဆိုပါ ကျောင်းမှ ကျောင်းဆရာ တစ်ဦးကလည်း အတည်ပြု ပြောကြားသည်။

" သူကျောင်းမတက်တာ ကြာလာတဲ့ အတွက် စုံစမ်းကြည့်တော့ စစ်တပ်က ခေါ်သွားတယ်လို့ ကြားရပါတယ်။ မောင်ရဲငြိမ်းက သြရမရွာမှာ ဖွင့်လှစ်ထားတဲ့ အမှတ် (၃) အခြေခံ ပညာ အလယ်တန်း တွဲဘက် ပညာသင်ကျောင်းက ဖြစ်ပါတယ်။ ကျောင်းဝင်နံပတ် ၁၂၂ ဖြစ်ပါတယ်" ဟု ပြောသည်။

ယခုအခါ မောင်ရဲငြိမ်းအား ဘူးသီးတောင်မှ စစ်တွေ စုဆောင်းရေးသို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

" အခု အဲဒီကလေးကို စစ်တွေ စုဆောင်းရေးကို ပို့လိုက်ပါပြီ။ မိဘတွေက ကျွန်တော်တို့ ပါတီရုံးကို လာတိုင်တယ်လေ။ သူတို့က ကလေးကို ပြန်လိုချင်ကြောင်း ပြောတယ်။ ကျွန်တော်တို့ သွားစုံစမ်းတော့ ကလေးက ဘူးသီးတောင်မှာ မရှိတော့ဘူး" ဟု ဘူးသီးတောင်မြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာ အစိုးရမှ ကလေး စစ်သား စုဆောင်းမူ မြန်မာနိုင်ငံတွင် မရှိတော့ကြောင်း ပြောဆိုနေသော်လည်း ရခိုင်ပြည်နယ်တွင် ကလေးစစ်သားများ စုဆောင်းမူ ရှိနေသေးကြောင်း သတင်းများ ရရှိသည်။

စကခ (၉) ကျောက်တော် တပ်နယ်တွင် အသက် မပြည့်သူ ကလေးငယ် အများအပြားကို စုဆောင်းထားပြီး သူတို့အား ပြင်ပနှင့် ဆက်သွယ်မူကို ဖြတ်တောက်ထားသည် ဆိုသော သတင်းများလည်း ပြင်ပတွင် ထွက်ပေါ်နေကြောင်း သိရသည်။

ယခု နှစ်ပိုင်း အတွင်း မြန်မာ စစ်တပ်ထဲသို့ ၀င်ရောက်သူ ရခိုင်လူငယ်များ အရေအတွက်မှာ အလွန် နည်းပါးသွားသဖြင့် ရခိုင် အခြေစိုက် စစ်တပ် တပ်ရင်းများ အနေဖြင့် အသက်မပြည့်သူ ကလေးငယ်များကို သာမက စာမတတ်သူ၊ စစ်သားတစ်ဦး ဖြစ်ရန်အတွက် အရပ်မပြည့်မှီသူ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း မပြည့်စုံသူများကိုပါ စည်းရုံး သိမ်းသွင်း စုဆောင်းနေကြောင်း သိရသည်။


----------
 နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။