၂၄ နာရီ လျှပ်စစ်မီး ရရှိရေး လူပ်ရှားသူ လူငယ် ၁၀ ကျော် ထိန်းသိမ်း စစ်ဆေးခံနေရ

ယမန်နေ့က ကျရောက်သော အမျိုးသားနေ့တွင် ရခိုင်က ထွက်သော သဘာဝဓါတ်ငွေ့ဖြင့် ရခိုင်ပြည်နယ် တ၀န်းလုံး ၂၄ နာရီ လျှပ်စစ် မီးရရှိရေး လူပ်ရှားသူ လူငယ် (၁၀) ကျော်ခန့်ကို ရဲက ထိန်းသိမ်းထားပြီး စစ်ဆေး မေးမြန်းမူများ ပြုလုပ် နေကြောင်း သတင်း ရရှိသည်။


Poster-Arakan
ဖမ်းဆီး ထိန်းသိမ်းခံရသူများထဲတွင် အမျိုးသားများသာမက အမျိုးသမီးများလည်း ပါဝင်ကြောင်း သိရသည်။

" မနေ့က ထိန်းသိမ်းခံရတဲ့ အထဲမှာ ဦးစံရွှေဦး (ခွေဗလူး)ရဲ့ သမီးနဲ့ သူရဲ့ မြေးဖြစ်သူ မ၀ါဝါခိုင်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ တခြား လူငယ် တစ်ဆယ်ကျော်လည်း ဖမ်းဆီးခံရပါတယ်။ ဘယ်သူတွေ ပါဝင်တယ်ဆိုတာ ကျနော်တို့ လိုက်စုံစမ်းနေပါတယ်" ဟု လူပ်ရှားရာတွင် ပါဝင်သူ လူငယ် တစ်ဦးက ပြောသည်။

လူပ်ရှားသူများထဲတွင် ပါဝင်သူ မခိုင်ခိုင်ကိုလည်း ရဲက ခေါ်ယူ စစ်ဆေးခဲ့ပြီနောက်ပိုင်း ပြန်လည် လွှတ်ပေးလိုက်သည်ဟု သူမနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

" စစ်တွေ ရွှေပြားရပ်ကွက်က ဆရာမ ဒေါ်ခိုင်ခိုင်ကိုလည်း ရဲက ခေါ်ယူသွားပါတယ်။ နေ့လည် ၁၂ နာရီမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ သူမရဲ့ အိမ်အနီး တ၀ိုက်မှာလည်း အရပ်ဝတ် ရဲ (၆)ယောက်ကို ချထားပြီး အနီးကပ် စောင့်ကြည့်နေတာကို တွေ့ရတယ်။ အဓိက မေးမြန်းတာကတော့ ၂၄ နာရီ ရခိုင်တပြည်နယ်လုံး လျှပ်စစ်မီး ရရှိရေး လူပ်ရှားမူနဲ့ ဆက်စပ်ပြီး မေးမြန်းတယ်လို့ သိရပါတယ်" ဟု ပြောသည်။

၎င်းပြင် ဦးဆောင် လူပ်ရှားရာတွင် ပါဝင်သူ လူငယ် တချို့၏ တည်းခိုနေရာ ဟိုတည်များကို ၀င်ရောက် ရှာဖွေပြီး ၂၄ နာရီ မီးပေးပါဟု ရေးသားထားသော စာတန်းများပါ တီရှပ် အကျီင်္များနှင့် Laptop ကွန်ပျူတာများကိုလည်း ရဲက သိမ်းယူသွားကြောင်း သိရသည်။

" အင်္ကျီ အလုံးပေါင်း ၈၀ ကျော်လောက်ကို သိမ်းယူသွာတယ်။ ဒါ့အပြင် ပိုစတာ စာရွက်တွေနဲ့ ကွန်ပျူတာ (၂) လုံးကို သိမ်းသွားတယ်။ ဦးဆောင် လူပ်ရှားသူတွေတော့ လွှတ်သွားတယ်လို့ သိရပါတယ်။ အခု သူတို့ ဘယ်ရောက်နေတယ်ဆိုတာတော့ မသိရသေးဘူး" ဟု ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းကိုလည်း စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ယခုလို ပြောသည်။

" ၂၀ ကျော်တော့ မဟုတ်ပါဘူး။ ၁၀ ကျော်လောက် ထိန်းသိမ်းခံရတယ်လို့ သိရပါတယ်။ ဘယ်သူ ဘယ်ဝါတွေ ပါသွားတယ်ဆိုတာတော့ မသိရသေးဘူး။ ဦးစံရွေဦး သမီး တစ်ဦး ပါသွားတာတော့ သိရတယ်။ သူတို့ကို ရဲစခန်းတွေမှာ ခွဲပြီး စစ်ဆေးနေတယ်လို့ သိရတယ်။ စစ်ဆေးဖို့ အတွက် ထိန်းသိမ်းထားတဲ့ သဘောပါ။ ကောင်းကောင်းမွန်မွန် ထားတယ်လို့လည်း သိရပါတယ်။ စစ်ဆေးပြီးရင် ပြန်လွှတ် ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်" ဟု ပြောသည်။

ရခိုင်က ထွက်သော သဘာဝဓါတ်ငွြေ့ဖင့် ၂၄ နာရီ ရခိုင်တပြည်နယ်လုံး လျှပ်စစ်မီး ရရှိရေး လူပ်ရှားမူကို စက်တင်္ဘာလ ၂၇ ရက်နေ့က ပြည်သူ့ လွှတ်တော်မှာ စွမ်းအင်ကြီး ၀န်ကြီး ဦးသန်းဌေးက တရုတ်နှင့် ချုပ်ဆိုထားတဲ့ စာချုပ်ကို ချိုးဖေါက်ပြီး ရခိုင်က ထွက်သော ဂတ်စ်ကို ရခိုင်ပြည်နယ် လျှပ်စစ်မီး ရရှိရေး အတွက် သုံးစွဲမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး နောက်ပိုင်းမှာ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ရခိုင်ကထွက်သော ဂတ်စ်နှင့် ၂၄ နာရီ မီးရရှိရေး လူပ်ရှားမူကို ရခိုင် ပြည်နယ်တစ်ခုလုံးတွင် လူပ်ရှားသူများက ကျယ်ကျယ်ပြန့်ပြန့် လူပ်ရှားနေကြပြီး အောက်တိုဘာလ နောက်ဆုံး အပတ်ကလည်း ရသေ့တောင်မြို့တွင် လူငယ်များက တီရှပ် အကျီများ ၀တ်ကာ လူပ်ရှားခဲ့သဖြင့် ရဲအဖွဲ့က ခေါ်ယူ သတိပေးခဲ့ရသည်။

အလားတူ လူပ်ရှားမူကို စစ်တွေ၊ ကျောက်ဖြူနှင့် တောင်ကုတ် မြို့နယ်များတွင်လည်း ပြုလုပ်နေကြောင်း သိရသည်။

လွန်ခဲ့သော စစ်တွေ တန်ဆောင်တိုင် ပွဲတော်တွင်လည်း ၂၄ နာရီ မီးပေးပါဆိုသော ပိုစတာ စာရွက်များကို စစ်တွေမြို့ နေရာ အနှံ့အပြားတွင် ကပ်ပြီး လူပ်ရှားခဲ့ကြသည်။

ရခိုင်ပြည်နယ်မှာ သဘာဝ ဓါတ်ငွေ့တွေ အလျှံအပယ် တွေ့ရှိထားတဲ့ ဒေသတစ်ခု ဖြစ်သော်လည်း ကိုယ့်ပြည်နယ်က သဘာဝ ဓါတ်ငွေ့ကို ကိုယ်ပြည်နယ်တွင် သုံးစွဲခွင့် မရဘဲ အစိုးရမှ တရုတ်ကို ရောင်းစားထား၍ “ ဖေါင်စီးရင်း ရေငတ်နေသူများ” ပမာ ဖြစ်နေကြရသဖြင့် လက်ရှိ အစိုးရ လုပ်ရပ်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားများက မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။

သဘာဝ ဓါတ်ငွေ့ အပြင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သော မြစ်ချောင်းအင်းအိုင်တွေ ပေါများသော ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အား အနည်းဆုံးသုံးစွဲရသော ပြည်နယ် တစ်ခု ဖြစ်ပြီး မီတာခ တယူနစ်ကိုလည်း အခြေခံ သတ်မှတ်ထားသော ၁၀ ယူနစ်ထက် ပိုလျှင် ကျပ် ၄၀၀ ကနေ ၆၀၀ထိ ပေးသွင်းနေကြရသည်။ ရန်ကုန် အပါအ၀င် ဗမာပြည်မှ တိုင်းဒေသကြီးများတွင်မူ လျှပ်စစ်မီး တယူနစ်ကို ၂၈ ကျပ်သာ ပေးဆောင်ရသည်။

ယခုကဲ့သို့ အခြေအနေများကြောင့် ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရခိုင်ကထွက်သော ဂတ်စ်ဖြင့် ရခိုင်တပြည်နယ်လုံး ၂၄ နာရီ မီးလင်းရေးကို တပြည်နယ်လုံး အတိုင်းအတာဖြင့် လူပ်ရှားများက အင်တိုက်အားတိုက် လူပ်ရှား ဆောင်ရွက် နေကြခြင်း ဖြစ်ကြောင်း သိရသည်။


----------
 နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။