စစ်တွေ တက္ကသိုလ် ကျောင်းသူ ကားတိုက်ခံရ၍ ဆေးရုံတင်ထားရ

ထွန်းထွန်း
----------
ရခိုင်ပြည်နယ် စစ်တွေမြို့ တက္ကသိုလ်မှ ကျောင်းသူတဦး ကားတိုက်ခံရသဖြင့် စစ်တွေ ပြည်သူ့ ဆေးရုံ ကြီးတွင် အတွင်းလူနာ အဖြစ် တင်ထားရကြောင်း သတင်း ရရှိသည်။

ကားတိုက်ခံရသော ကျောင်းသူမှာ အသက် ၂၄ နှစ်ရှိ မခင်ယုနွယ်ဖြစ်ပြီး စစ်တွေတက္ကသိုလ်တွင် တတိယနှစ် သမိုင်း အဓိကဖြင့် ကျောင်းတက်နေသူ ဖြစ်သည်။ သူမသည် ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာ ဇာတိဖြစ်ကြောင်း သူမနှင့် ရင်းနှီးသူ တခြား ကျောင်းသူ တစ်ဦးက ပြောသည်။

"နိုင်ဝင်္ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲက မီးစက်ကြီး အနီးမှာ အတိုက်ခံရတာ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ စာမေးပွဲက အပြန် သုံးဘီးဆိုင်ကယ်က အဆင်းမှာ ဘတ်စ်ကားတစီးက ရုတ်တရက် ၀င်တိုက်သွားတာ ဖြစ်ပါတယ်။ ချက်ချင်းဆေး ရုံကို ယူသွားတာဖြစ်ပါတယ်" ဟု သူမက ပြောသည်။

မခင်ယုနွယ်မှာ ဒဏ်ရာပြင်းထန် သဖြင့် ယခု အခါ စစ်တွေပြည်သူ့ဆေးရုံကြီး၌ ခွဲစိတ်ခန်းတွင် ဆေးကုသမှု ခံယူနေသည်ဟု သူမက ဆက်ပြောသည်။

" ဒဏ်ရာက တော်တော် ပြင်ပြင်းထန်ထန် ရသွားပါတယ်။ နံရိုးတွေ ကျိုးသွားတယ်။ ခေါင်းမှာလည်း ဒဏ်ရာရတယ်။ ခန္ဓာ အနှံ့မှာ ဒဏ်ရာရသွားခဲ့ပါတယ်။ ခု မိန်းမခွဲစိတ်ခန်းထဲမှာ နှာခေါင်းမှာ Oxygen ပိုက်သွင်းသွင်းထား ပါ တယ်။ လက်နှစ်ဘက်ကလည်း အဆက်မပြတ်ဆေးသွင်းနေရပါတယ်။ သတိတော့ ရနေပါပြီ" ဟုပြောသည်။

အခင်းဖြစ်ပွားခဲ့သည်နှင့် ချက်ချင်း ကားဒရိုင်ဘာနှင့် စပါယ်ယာ ၂ ဦးမှာ ထွက်ပြေး လွတ်မြောက် သွားသည်ဟု သိရသည်။

သူမ အခြေအနေမှာ အနည်းငယ် တိုးတက် ကောင်းမွန်လာသော်လည်း သူမ၏ သူငယ်ချင်းများနှင့် ဆွေမျိုးများက သူမအတွက် စိုးရိမ်နေကြကြောင်း သူမ သူငယ်ချင်းက ပြောပြသွားသည်။


----------
 နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။