စစ်တွေ ဖမ်းဆီး ထိန်းသိမ်းခံထားရသော မောင်ထွန်းတင်(ခ) ၀ိုင်းချေအား စက်တင်္ဘာလ ၄ ရက်နေ့က စစ်တွေ မြို့နယ် တရားရုံးမှ တရားသေ လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။
စစ်တွေမြို့နယ် တရားရုံး၌ အဂ်ါနေ့က ရုံးတင် စစ်ဆေးရာ မြို့နယ် တရားသူကြီး ဒေါ်မေ၀င်းမြင့်က ပြစ်မူ တစုံတရာ မရှိသဖြင့် တရားသေ လွှတ်ပေးလိုက်ကြောင်း သူ၏ မိတ်ဆွေ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
" ဒေါ်မေ၀င်းမြင့်က လမ်းမတော်တောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောရွေကို စတင် စစ်ဆေးတော့ တရားခံ ဖြစ်တဲ့ မောင်ထွန်းတင်ဟာ စက်တင်္ဘာလ ၉ ရက်နေ့ သံဃာတွေ လမ်းလျှောက်ခဲ့စဉ်က တက်ကြွစွာ ပါဝင်ခဲ့ပြီး မိမိအနေနဲ့ တရားခံဟာ စက်တင်္ဘာလ ၂၇ ရက်နေ့ ရွှေဝါရောင် (၄)နှစ်ပြည့်နေ့ သံဃာတွေ လမ်းလျှောက်ရန် စီစဉ်တဲ့ အခါမှာလည်း တက်ကြွစွာ ပါဝင်မယ်ဆိုပြီး သတင်းရရှိထားတယ်လို့ လုပ်ကြံ ထွက်ဆိုခဲ့ပါတယ်။"
သို့သော်လည်း အမှတ် (၂) ရဲစခန်းမှူးကို စစ်ဆေးသော အခါ ရပ်ကွက် အုပ်ချုပ်ရေးမှူး ထွက်ဆိုချက်ဖြင့် ပြောင်းပြန် ထွက်ဆိုခဲ့ကြောင်း သူက ဆက်ပြောသည်။
" တရားသူကြီရဲ့ မေးမြန်းချက်ကို အမှတ်(၂) စခန်းမှုး ထွက်ဆိုတဲ့ အခါ တရားခံ မောင်ထွန်းတင်ဟာ ကုလ ရက္ခိတ မြတ်ဒါန အမည်ရှိတဲ့ ဘာသာရေးအသင်းမှာ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင် နေသူဖြစ်ပြီး အကျင့် စာရိတ္တ ကောင်းမွန်သူဖြစ်ကြောင်းနဲ့ လူမှုရေးလုပ်းငန်းများတွင်တက်ကြွစွာပါဝင်လုပ်ဆောင်နေသူ ဖြစ်တယ် လို့ ထွက်ဆိုပါတယ်" ဟု သူက ဆက်ပြောသည်။
မောင်ထွန်းတင်အား တရားသူကြီးမှ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးစောရွှေနှင့် ယခင်ကတစုံတရာ ပြသာနာ ရှိခဲ့ဖူးသလားဟု တရားသူကြီးက မေးမြန်းခဲ့ကြောင်း၊ မောင်ထွန်းတင်မှ တိုင်းမှုး ဗိုလ်ချုပ်သောင်းအေး လက်ထက် ထန်းပင်ရင်းကန် တူးဖေါ်ရန် ငွေကျပ် သုံးသိန်း ပေးအပ်ခဲ့စဉ်က ယခု အုပ်ချုပ်ရေးမှုးက ကန်တူးဖေါ်ရေး ကော်မတီ ဥက္ကဌ ဖြစ်ပြီး မောင်ထွန်းတင်က မိမိမှာ အတွင်းရေးမှုးဖြစ်ကြောင်း၊ ထိုငွေထဲမှ ဦးစောရွှေသည် ငွေ တစ်သိန်းခွဲခန့်သာ အသုံးပြုခဲ့ပြီး ကျန်ငွေ တစ်သိန်းခွဲကို ကိုယ်ကျိုး အဖြစ် အသုံးပြုခဲ့သော ဖြစ်ရပ်ကိုမောင်ထွန်းတင်မှ ဝေဖန်ထောက်ပြခဲ့ သော ဖြစ်စဉ်ရှိခဲ့သောကြောင်း ယခုကဲ့သို့ တရားရုံးတွင် အကာ အကွယ်မဲ့ လုပ်ကြံ ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။
အဆိုပါ ထွက်ဆိုချက်များကို ကြားနာပြီးနောက် ပြစ်မှု ကင်းရှင်းကြောင်း တရားသူကြီးက ဆုံးဖြတ်ပေးခဲ့ပြီး ညနေ ၃ နာရီ ခန့်တွင် မြို့နယ်တရားရုံးမှ တရားသေ လွှတ်ပေးလိုက်သည်။
http://www.narinjara.com/detailsbur.asp?id=3523

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။