UNSCO ၏ ကမ္ဘာအမွေအနှစ် မြို့ဟောင်းများ စာရင်းထဲမှ ရှေးအကျဆုံး ဓည၀တီမြို့ဟောင်းကို အစိုးရက ဖယ်ထုတ်ထား

မြန်မာ အစိုးရမှ မြန်မာနိုင်ငံမှ မြို့ဟောင်းများ ဖြစ်ကြသည့် ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာ မြို့ဟောင်များကို UNSCO ကမ္ဘာအမွေအနှစ် စာရင်းထဲတွင် ထည့်သွင်းရန် တောင်းဆိုထားသော်လည်း ထိုထက် ရှေးကျသော ဓည၀တီ မြို့တော်ဟောင်းကို အဆိုပါ စာရင်းထဲမှ အစိုးရမှ ပယ်ထုတ်ထားသည်။


dhanyawaddy-palace-gate ဓည၀တီမြို့တော်ဟောင်းနှင့် မဟာမုနိ ဘုရားအ၀င်ဝPhoto by Nyiwin"Blog
မြန်မာ ယဉ်ကျေးမူ အမွေအနှစ်များကို ကမ္ဘာ့ အမွေအနှစ်စာရင်း (World Heritage List) တွင် မြန်မာ အစိုးရမှ ထည့်သွင်းပြီး ကမ္ဘာ့အဆင့်၊ နိုင်ငံတကာ အဆင့် ကာကွယ်ထိန်းသိမ်းရေး အတွက် UNSCO အဖွဲ့နှင့် ပူပေါင်းဆောင်ရွက်လျက် ရှိနေရာတွင် ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာမြို့ဟောင်း (၃)မြို့ကို ကမ္ဘာ့အမွေအနှစ် စောင့်ရှောက်မူ စာရင်းတွင် ထည့်သွင်းထားကြောင်းဖြင့် ပြန်ကြားရေးနှင့် ယဉ်ကျေးမူ ၀န်ကြီး ဦးကျော်ဆန်းမှ စက်တင်္ဘာလ ၂၀ ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့် ယဉ်ကျေးမူ ၀န်ကြီး ဦးကျော်ဆန်းမှ ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာမြို့ဟောင်း (၃) မြို့ကို ကမ္ဘာ အမွေအနှစ် စာရင်းတွင် ပါဝင်အောင် ဆောင်ရွက်ရာတွင် နောက်ဆုံး အဆင့် ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ UNESO က ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများ ပြီးစီးပါက ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာမြို့ဟောင်း (၃) မြို့သည် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်လာတော့မည် ဖြစ်ပါကြောင်း ပြောကြားသည်။

သို့သော်လည်း ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာမြို့ဟောင်း (၃) မြို့ထက် ရှေးကျသော ရခိုင် ဓည၀တီ မြို့ဟောင်းကို မြန်မာ အစိုးရမှ ကမ္ဘာ အမွေအနှစ် စာရင်းထဲတွင် မထည့်ဘဲ ပယ်ထုတ်ထားသည်ကို တွေ့ရသည်။

သို့အတွက် ရခိုင်ရှိ ဓည၀တီ မြို့ဟောင်းနှင့် ကမ္ဘာ အမွေအနှစ် စာရင်းတွင် ထည့်သွင်းရန် မြန်မာ အစိုးရမှ အဆိုပြု တင်သွင်းသော ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာမြို့ဟောင်း (၃) မြို့ တို့တွင် မည်သည့်မြို့များက မြန်မာနိုင်ငံတွင် ရှေးကျပါသလဲဟု ရခိုင်ယဉ်ကျေးမူ ပြတိုက်မှူး(ဟောင်း) လည်းဖြစ် ယဉ်ကျေးမူနှင့် ရှေးဟောင်း သုတေန ဌာန အငြိမ်းစား လက်ထောက် ညွှန်ကြားရေးမှူးလည်း ဖြစ်သူ ဦးကျော်ထွန်းအောင်ကို နိရဉ္စရာမှ မေးမြန်းရာ သူက ယခုလို ပြောသည်။

" ရခိုင် ဓည၀တီဆိုတာကာ တတိယ ဓည၀တီဆိုတာ နောက်ဆုံးဓည၀တီပါ။ အဲဒီနောက်ဆုံး ဓည၀တီက ဘီစီ ၆ ရာစုကနေ အေဒီ ၄ ရာစုထိ ရှိတယ်။ ဗမာပြည်က ဗိဿနိုးတို့ဟန်လင်းတို့ဆိုတာက အေဒီ ၁ ရာစုလောက်ကနေ ၉ ရာစုလောက်ထိ ဖြစ်မယ်။ ဗိဿနိုးတို့ ဟန်လင်းတို့နဲ့နှိုင်းရင် ရခိုင်က ဓည၀တီက ရှေး ကျပါတယ်" ဟု ပြောသည်။

ထိုသို့ ဓည၀တီမှာ မြန်မာနိုင်ငံတွင် ရှေးအကျဆုံး မြို့တော်ဟောင်း တစ်ခု ဖြစ်ပါလျှက် မည်သည့်အတွက် ကြောင့် ရှေးဟောင်း အမွေအနှစ် စာရင်းထဲတွင် မထည့်ဘဲ မြန်မာ အစိုးရမှ ပယ်ထုတ်ထားရပါသလဲဟု မေးမြန်းရာ ဆရာက ယခုလို ဆက်ပြောသည်။
vesali ဝေသာလီ တူးဖေါ်မူ မြင်ကွင်း (၂၀၀၅)Photo by Nyiwin"Blog
" ဒါကတော့ သူတို့နေရာမှာ သူတို့ ယဉ်ကျေးမူ အမွေအနှစ်ကို သူတို့ လုပ်တာဖြစ်တယ်။ ရခိုင်မှာ ရှိတဲ့ အမွေနှစ်တွေက ရခိုင်တွေမှာ တာဝန်ရှိမှာပါ။ သူတို့မှာရှိတဲ့ အမွေနှစ်တွေကို ကမ္ဘာ ယဉ်ကျေးမူမှာ ထည့်တာသူတို့ တာဝန်ကို သူတို့ထမ်းဆောင်တာဖြစ်မယ်။ ကျွန်တော်တို့ ရခိုင် တွေကလည်း ကျွန်တော် တို့မှာရှိ တဲ့ ရခိုင်အမွေအနှစ်တွေကို ကမ္ဘာ့ယဉ်ကျေးမူ အမွေအနှစ် ထဲမှာ ပါဝင်အောင် ရခိုင်သားတွေက ကြိုးစားရမှာပါ" ဟု ပြောကြားသည်။

ဓည၀တီ မြို့တော်ဟောင်းနှင့် ပတ်သက်ပြီး မေးမြန်းရာ ဆရာက ယခုလို ရှင်းပြ ပြောဆိုသည်။

"ဟိုတုန်းကတော့ ဓည၀တီကို သမိုင်းဆရာတွေက ဒဏ္ဍာရီ တခုလို့ဘဲ ယူဆကြတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဓည၀တီ နန်းတော်ရာကို တူးဖော်တဲ့ အခါမှာ ဓည၀တီမြို့ရဲ့ နန်းတော် မြို့ရိုးတွေ အုဋ်ဖောင် ဒေးရှင်းတွေ၊ နောက်တခါ မြို့ဝင် ပေါက်တွေ ပေါ်လာတယ်။ နောက်တခါ အဲဒီ ဓည၀တီခေတ်က သုံးခဲ့တဲ့ အိုးခြမ်းကွဲတွေကို တွေ့တဲ့အခါ ဓည၀တီဟာ ရခိုင်မှာ တကယ့် တကယ် ထွန်းကားခဲ့တယ် ဆိုတာမျိုးကို ကျွန်တော်တို့ သက်သေထူလို့ရပါတယ်။ အဲဒီတော့ ဓည၀တီဟာ ကျွန်တော်တို့ရခိုင်သမိုင်းမှာ နောက်ဆုံး တတိယ ဓည၀တီဆိုတာ ဘီစီ ၆ ရာစုက အေဒီ ၄ ရာစုအထိ ထွန်းကားခဲ့ပါတယ်။ ကျွန်တော်တို့ ဓည၀တီဟာ ဗိဿနိုးတို့ ဟန်လင်းတို့နဲ့သွားယဉ်ရင် ဗိဿနိုးတို့ ဟန်လင်းတို့ဟာ BC ခေတ်ကို မရောက်နေတဲ့ အတွက် ဓည၀တီက တော်တော့်ကို ရှေ့ကျပါတယ်။ နောက်တခုက တူးဖော် ရရှိတဲ့ ဓည၀တီ မြို့ဟောင်းက အ၀န်းအ၀န်းပုံစံ ရှိ ပါတယ်။ နောက်ပိုင်းတည်တဲ့ မြို့တွေကျတော့ လေ့ထောင့် ပုံသဏ္ဍာန်မျိုး တွေ့ပါတယ်။ နောက်တခါ မြို့တံခါးတွေကျတော့လည်း နောက်ပိုင်းမြို့တံခါးတွေဟာ တံခါးလက်တံတွေမပါဘဲ ရှေ့ခေတ်က မြို့ဟောင်းတွေကျတော့ တံခါး လက်တံတွေကို အရှည်ကြီးလုပ်ထားတာကို တွေ့ရပါတယ်။ အဲဒါကို ထောက်ထားပြီး ကျွန်တော်တို့ တူးဖော်ထားတဲ့ ဓည၀တီမြို့ဟာ တကယ့်တကယ် သမိုင်းအရ တော်တော့ကို ရှေ့ကျတဲ့ မြို့တော်ဟောင်း လို့ ပြောရမှာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

မြန်မာနိုင်ငံ၏ ရှေးကျသော မြို့တော်ဟောင်းများ အထဲတွင် ရခိုင်ရှိ ဓည၀တီနှင့် ဝေသာလီ မြို့ဟောင်း (၂) မြို့ ပါဝင်နေသော်လည်း UNSCO ၏ ကမ္ဘာ့ အမွေအနှစ် စာရင်းထဲတွင် ထည့်ရန် မတင်ပြဘဲ ပစ်ပယ်ထားခြင်းမှာ မြန်မာ အစိုးရ၏ မိမိယဉ်ကျေးမူမှ ယဉ်ကျေးမူ ။ ပြည်ထောင်စု အတွင်းရှိ တခြား လူမျိုးများ၏ ယဉ်ကျေးမူကိုမူ အသိအမှတ်မပြု မလေးစား တန်ဖိုး မထားသည်ကို ဖေါ်ပြရာ ရောက်နေသည်ဟု မြောက်ဦးမြို့မှ တခြား ရခိုင်အမျိုးသား ကျောင်းဆရာ တစ်ဦးက ထောက်ပြပြောဆိုသည်။ 



http://www.narinjara.com/detailsbur.asp?id=3495
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။