RNDP မှ ဆရာဦးဥတ္တမ စာစောင်များ ဖြန့်ဝေမူ နှောင့်ယှက်ဟန့်တားမူ မရှိ

RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဆရာတော်ဦးဥတ္တမ လက်ဆင့်ကမ်း စာစောင်များကို စစ်တွေ အပါအ၀င် ရခိုင်တပြည်နယ်လုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေရာ အာဏာပိုင်များက တစုံတရာ နှောင့်ယှက် ဟန့်တားမူ ပြုလုပ်ခြင်း မရှိကြောင်း သိရသည်။

rndp-pamflat ရတပ ပါတီမှ ထုတ်ဝေသော ဦးဥတ္တမ အမှတ်တရ စာစောင်
စစ်တွေမှ လူငယ် တစ်ဦးက " ဆရာတော် ဦးဥတ္တမ စာစောင်တွေ ရပါတယ်။ ရခိုင်ပါတီက ဖြန့်ဝေတာ ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်လို့ ဖြန့်နေကြပါတယ်။ အခု အချိန်ထိတော့ ဘာမှ ပြဿနာ မရှိပါဘူး" ဟု ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ထုတ်ဝေသော ဆရာတော် ဦးဥတ္တမ စာစောင် အဖုံးတွင် မြန်မာ့ လွတ်လပ်ရေး မီးရှူးတန်ဆောင် ကျေးဇူးရှင် ဆရာတော် အသျှင် ဦးဥတ္တမ ( ၁၈၈၉- ၁၉၃၉) စာသားဖြင့် ရေးသားထားပြီး ဆရာတော်ပြောဆိုခဲ့သော " နောက်ဆုံး မှာ ဇာအရာမဆို မှန်ကန်ရေ တရားရေ အောင်နိုင်စမြဲရာ" ကို ရေးသား ဖေါ်ပြထားသည်။


Saradaw-Ottama စစ်တွေတွင် ဆရာတော်နေ့ အခမ်းအနားအတွက် ပြင်ဆင် နေစဉ် 
၎င်းပြင် ဆရာတော် ဦးဥတ္တမ၏ သမိုင်းဝင် ဓါတ်ပုံများ၊ အဆိုအမိန့်များကိုလည်း စာစောင်တွင် ဝေေ၀ ဆာဆာ ဖေါ်ပြထားကြောင်း သိရသည်။

အဆိုပါ စာစောင်အား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အောက်မေ့သတိရ ဂုဏ်ပြုသည့် အနေဖြင့် ထုတ်ဝေခြင်းဖြစ်ကြောင်း ဖေါ်ပြထားသည်။

ပုဏ္ဍားကျွန်းမှ လူငယ် တစ်ဦးကလည်း " ကျွန်တော်တို့ဆီမှာ ဆရာတော် အတွက် ရတပ ပါတီက ထုတ်ဝေတဲ့ စာစောင်အပြင် ဆရာတော် ဦးဥတ္တမ တီရှပ်တွေလည်း ရပါတယ်။ လူတွေက တက်တက်ကြွကြွနဲ့ အခမ်းအနားကို တက်ဖို့ စိတ်ထက်သန်နေကြပါတယ်" ဟု ပြောသည်။

အဆိုပါ ရတပ ပါတီမှ ထုတ်ဝေသော ဆရာတော် ဦးဥတ္တမ စာစောင်အား စစ်တွေတွင် သာမက နယ်မြို့များတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေကြသည်ဟု သိရသည်။

ယခင်က ဆရာတော် ဦးဥတ္တမနေ့နှင့် ပတ်သက်ပြီး လူုပ်ရှားမူများကို အာဏာပိုင်များက တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့သည်။ 



http://www.narinjara.com/detailsbur.asp?id=3461
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။