ရခိုင်ပြည်နယ် အစိုးရ မြန်မာယဉ်ကျေးမူ အဆိုအက ပြိုင်ပွဲ လုပ်၍ ဆရာတော် ဦးဥတ္တမနေ့အား အာရုံပြောင်း

ရခိုင်ပြည်သူများ အထူး လေးစားကြည်ညိုသော ကျေးဇူးရှင် အာရှနေ၀န်း မြန်မာ့ လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့အပေါ် ပြည်သူများ စိတ်ဝင်စားမူ မရှိစေရန် ရခိုင် ပြည်နယ် အစိုးရက မြန်မာ့ ယဉ်ကျေးမူ အဆိုအက ပြိုင်ပွဲများဖြင့် အာရုံပြောင်းအောင် ပြုလုပ်နေသည်ဟု စစ်တွေမြို့ခံ လူကြီးများက ပြောသည်။


sokaray-ti စစ်တွေ ဦးဥတ္တမ ပန်းခြံရှေ့ စိုက်ထူထားသော ပိုစတာ (ဓါတ်ပုံ - နိရဉ္စရာ)
ဒေသခံ လူကြီး တစ်ဦးက သူ့အမြင်ကို ယခုလို ပြောသည်။

" ရခိုင်ပြည်နယ် အစိုးရလည်း သိပ်မထူးပါဘူး။ ဦးဥတ္တမ ပန်းခြံမှာ ဆရာတော် ဦးဥတ္တမနေ့ ရောက်ရင် ပြည်သူတွေက လွှမ်းသူ့ပန်းခွေချတာတို့၊ ဆီးမီးပူဇော်တာတို့ လုပ်မယ်ဆိုတာကိုသိတော့ အဲဒီအရေးကြီးတဲ့နေ့ နီးကပ်လာတဲ့ အခါမှာ မြန်မာ့ ယဉ်ကျေးမူ ဆိုကရေးတီးပြိုင်ပွဲ ပြုလုပ်ပြီး လူထုကို အာရုံပြောင်းအောင် လုပ်နေတာကို တွေ့ရပါတယ်" ဟု ပြောသည်။

အဆိုပါ အဆိုအက ပြိုင်ပွဲကို စစ်တွေ ဦးဥတ္တမ ပန်းခြံရှိ ဦးဥတ္တမ ခန်းမတွင် စက်တင်္ဘာလ ၇ ရက်နေ့မှ စတင်ပြီး ၁၁ ရက်နေ့ထိ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

တခြား နိုင်ငံရေးကို စိတ်ဝင်စားသူ လူငယ် တစ်ဦးကလည်း " အခုလို လုပ်တာက တိုက်ဆိုင်မူ မဟုတ်ပါ။ ဒါကို တမင် သက်သက် သူတို့ လုပ်တာပါ။ ဆရာတော် ဦးဥတ္တမနေ့မှာ လူတွေက ဆရာတော်ဦးဥတ္တမ ပန်းခြံကို သွားပြီး ဂါရ၀ ပြုကြမယ်။ ပန်းခွေတွေ ချကြမယ်။ ဒါကို သိနေတော့ အဆိုအက ပြိုင်ပွဲတွေ ရှိနေတဲ့ အတွက် ပန်းခြံထဲမှာ အခမ်းအနား ပြုလုပ်ခွင့် မပြုဘူးဆိုပြီး အကြောင်းပြ တားဆီး လိုတဲ့ အတွက် ဆရာတော် ဦးဥတ္တမနေ့နဲ့ ကပ်ပြီး အဆိုအက ပြိုင်ပွဲကို ပြုလုပ်နေတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားတွင် ဆရာတော် ရုပ်ထုရှေ့သို့ သွားရောက်ပြီး ဂါရ၀ပြုရန် အခွင့်တောင်းထားသည်ကို ယခုအချိန်ထိ ပြည်နယ် အစိုးရမှ ခွင့်မပြုသေးကြောင်း သိရသည်။

၎င်းပြင် အဆိုအက ပြိုင်ပွဲများကို ဦးဥတ္တမ ခန်းမတွင် ပြုလုပ်နေသဖြင့် အဆိုပါ ခန်းမတွင် ဆရာတော် ဦးဥတ္တမ အကြောင်း ဟောပြောပွဲကို ပြုလုပ်ရန် အခွင့်အရေး မရရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အာဏာပိုင်များက ဆရာတော် ရုပ်ထုရှေ့တွင် ပန်းခွေချ ဂုဏ်ပြုရန် ခွင့်ပြုချက် မပေးသော်လည်း စစ်တွေမြို့ပေါ်မှ သံယာ့ အဖွဲ့အစည်းများ၊ ကျောင်သားများ၊ အလုပ်သမားများနှင့် မြို့သူ မြို့သားများ ဆရာတော် ရုပ်ထုထိ ချီတက်ကာ ပန်းခွေချ ဂုဏ်ပြု ကြမည်ဟု သိရသည်။ 



http://www.narinjara.com/detailsbur.asp?id=3462
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။