စားကျက်မြေ သိမ်းပြီး လယ်နှင့် ပုဇွန်ကန် ဖေါ်ထုတ်မူ အရေးယူရန် မင်းပြား အမတ် လွှတ်တော်တင်

ယမန်နေ့က ကျင်းပသော ပြည်သူ့ လွှတ်တော်တွင် RNDP ပါတီ မင်းပြားမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်စိန်သာက နွားစားကျက်မြေများကို သိမ်းပြီး လယ်မြေနှင့် ပုဇွန်ကန် ဖေါ်ထုတ်နေမူ အရေး ကိစ္စကို တင်ပြဆွေးနွေးခဲ့သည်ဟု သတင်း ရရှိသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ဦးအောင်စိန်သာ၏ မေးမြန်းချက်နှင့် ပတ်သက်ပြီး ယခုလို ပြောသည်။


Pasture-in-Arakan နွားစားကျက်မြေများကို ရခိုင်တွင် ရွာဘုံ အဖြစ် ထားလေ့ရှိသည်။ ယခုအခါ စစ်တပ်က သိမ်း၍ စားကျက်မြေများ မကျန်တော့ပါ။( ဓါတ်ပုံ- နိရဉ္စရာ)
" ဦးအောင်စိန်သာက စိုက်ပျိုးရေး ကဏ္ဍမှာ ကျွဲနွားတွေ စားကျက်မြေတွေ တောင်သူ လယ်သမားတွေ အတွက် အရေးကြီးတယ်။ အခု အဲဒီ စားကျက်မြေတွေကို မြန်မာနိုင်ငံ တ၀န်းလုံးမှာ စီးပွားရေး သမားတွေက ဒေသခံဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး လယ်ယာမြေတွေ၊ ပုဇွန် မွေးမြူရေး ကန်တွေ ဖေါ်ထုတ်နေကြတယ်။ ဒါကို နိုင်ငံတော် အနေနဲ့ သိပါသလား။ အဲသလို လုပ်နေတာကို ဘယ်လို အရေးယူ ဆောင်ရွက်ပေးမလဲဆိုတာကို မေးမြန်းခဲ့ပါတယ်" ဟု ပြောသည်။

၎င်းပြင် ဦးအောင်စိန်သာက ရခိုင်ပြည်နယ် အတွင်းရှိ စားကျက်မြေ ဧရိယာနှင့် လက်ရှိ စားကျက်မြေများကို သိမ်းယူပြီး လယ်မြေ ဖေါ်ထုတ်မူနှင့် ပုဇွန်ကန် ဖေါ်ထုတ်နေမူ ဧရိယာများကို သိလိုကြောင်း မေးမြန်းခဲ့သည်ဟု သိရသည်။

ဦးအောင်စိန်သာ၏ မေးမြန်းတင်ပြမူ အပေါ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လိုင်မှ ယခုလို ပြန်လည် ဖြေကြားခဲ့သည်ဟု သူက ပြောသည်။

" ၀န်ကြီး ဦးမြင့်လိုင်က သူတို့အနေနဲ့ သိထားပါတယ်လို့ ပြောပါတယ်။ နောင် တချိန်ချိန်မှာ ဒီကိစ္စ အပေါ် အသေအချာ စိစစ်ပြီး အရေးယူဆောင်ရွက်ပေးသွားမယ်လို့ ပြောဆိုသွားပါတယ်" ဟု ပြောသည်။

အဆိုပါ ဦးအောင်စိန်သာ၏ မေးခွန်းအပေါ် ပြည်ထဲရေးဝန်ကြီး ဦးကိုကိုမှ ဖြေကြားရမည် ဖြစ်သော်လည်း ပြည်ထဲရေး ၀န်ကြီး မရောက်သဖြင့် ဦးမြင့်လိုင်မှ သူ့ကိုယ်စား ဖြေကြားသွားခြင်း ဖြစ်ကြောင်း ဦးဖေသန်းက ဆက်ပြောသည်။

" စားကျက်မြေက ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်မှာ ရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထဲရေး ၀န်ကြီး ဦးကိုကို မရောက်တော့ ဦးမြင့်လိုင်က ကိုယ်စား ဖြေကြားသွားတာ ဖြစ်ပါတယ်။"

ရခိုင်ပြည်နယ်တွင် နွားစားကျက်မြေ အများအပြားကို သိမ်းယူထားသည်မှာ စစ်တပ် တပ်ရင်းများ ဖြစ်ပြီး စစ်တပ်မှ သိမ်းယူထားသော စားကျက်မြေများကို စစ်တပ်ပိုင် လယ်မြေ အဖြစ် ဖေါ်ထုတ်ကာ အများအပြားကို ရခိုင်လယ်သမားများကို သီးစားချထားပြီး ကျန်မြေများကို ဒေသခံ စီးပွားရေး သမားများသို့ ရောင်းချထားကြောင်း သိရသည်။

အများစု စားကျက်မြေများမှာ ရွာသားများ ဘုံပိုင်ဆိုင်သော မြေဖြစ်ပြီး မြေစာရင်းဌာနတွင် ပိုင်ဆိုင်မူ စာရင်း ဖေါက်ထား၍ မရှိသဖြင့် စစ်တပ်က အလွယ်တကူ သိမ်းယူကာ လယ်မြေများ၊ ပုဇွန်ကန်များ ဖေါ်ထုတ်ထားကြောင်း သိရသည်။ 


http://www.narinjara.com/detailsbur.asp?id=3441
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။